Saturday, February 25, 2012

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ရဲတပ်ဖွဲ့ ကဆောင်ရွက်ပေးနေ


 အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်() ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးတွင် လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးနှင့် ရဲစခန်းမှ တာဝန်ရှိသူများက မလိုလားအပ်သောအနှောက်အယှက်များ မရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဲဆွယ်ခွင့်မရှိသေး
´ဒေါ်စုက မဲဆွယ်ခရီးစဉ်တော်တော်များများသွားပြီးပြီ။ သူအနေနဲ့က ကော့မှူးမှာ တရာဝင်ကိုယ်စားလှယ်မဖြစ်သေးတော့ သူ့အနေနဲ့ မဲဆွယ်စည်းရုံးခွင့်မရှိသေးဘူး။ ပါတီကိုယ်စားပြုပဲ စည်းရုံးလို့ရတယ်။ စည်းရုံးရေးသွားတဲ့အခါ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်မြို့နယ်မှာ စုဝေးဟောပြောခွင့်ပေးဖို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကို ခွင့်တောင်းရတယ်။ ကော်မရှင်ရဲ့ အဓိကအလုပ်က နှစ်ခုရှိတယ်။ ခွင့်ပြုခြင်း၊ မပြုခြင်းနဲ့ ခွင့်ပြုလိုက်ပြီဆိုရင် လုံခြုံရေးပေါ့။ လုံခြုံရေးကိစ္စကိုလည်း ဆောင်ရွက်ပေးရပါတယ်´ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုက ပြောသည်။
အကြောင်းကြားပေး
သက်ဆိုင်ရာကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကို တရားဝင်ခွင့်ပြုပြီးလျှင် ခွင့်ပြုကြောင်းအကြောင်းကြားစာနှင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်အချိန်၊ ဘယ်နေရာ၌ ဟောပြောမည် စသည်တို့ကို သက်ဆိုင်ရာမြို့နယ်မှူး ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို မိတ္တူပေးပို့ရမည်။ မလိုလားအပ်သော အနှောက်အယှက်များ မရှိစေရေးအတွက် လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးရန် ညွှန်ကြးထားကြောင်း သိရသည်။
Favourite News Journal 

No comments: