Tuesday, February 28, 2012

ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ


ချောင်းကြီးချောင်းအနီးတွင် ‘ရွှေမေမေကုမ္ပဏီ’မှ ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ
ကောင်းမြတ်ဖြိုး
by Myit Makha Mediagroup on 28 Feb, 2012

 မန္တလေးတိုင်းဒေသကြီး ၊သပိတ်ကျင်းမြို့ နယ်  

၊ချောင်းကြီးရွာရှိ ချောင်းကြီးချောင်းအနီးတွင်ရွှေမေမေကုမ္ပဏီမှရွှေတူးဖော်မှုလုပ်ငန်းကြောင့်  

မိုးတွင်အခါတွင် ချောင်းကြီးရွာ ရေလွှမ်းမည်ကိုရွာသူရွာသားများစိုးရိမ်ပူပန်နေ
 

ကြောင်း ဒေသခံများထံမှသိရသည်။
 
သူတို့ကပါမစ်မကျသေးဘဲ ချောင်းကြီးဘေးမှာ ဆယ်ရက်လောက်လာပြီး  

 စက်ကြီးတွေနဲ့ဟိုတူးဒီတူးလုပ်သွားတယ်။အဲ့ဒီကထွက်တဲ့ မြေစာတွေက ဘေးနားမှာပဲဆိုတော့ ချောင်းကြီးထဲကို 

မိုးတွင်းမှာ ပြန်ဝင်ပြီးဆည်ပိတ်သလို့ဖြစ်ပြီးတော့ကျွန်တော်တို့ရွာ ရေကြီးလာနိုင်တယ် 

ဟု ချောင်းကြီးဒေသခံဖြစ်သူ ကိုသန်းအေး ကပြော သည်။
 
အဆိုပါချောင်းကြီးကျေးရွာသည်၂၀၀၇ခုနှစ်တွင်Eternalကုမ္ပဏီမှ ချောင်းကြီးဘေးတွင် ရွှေတူးဖော်မှု 

လုပ်ငန်းလုပ်ကိုင်ခဲ့ဘူးကြောင်း၊ ရွှေတူးဖော်ခြင်းမှထွက်ရှိသော မြေစာများကြောင့် ချောင်းပိတ်ဆို့ကာ 

ဆည်ပိတ်သကဲ့သို့ဖြစ်သွားခဲ့ဖြစ်သွားခဲ့ပြီး ချောင်းကြီးရွာရှိ၅၆အိမ် ရေမြုပ်ကာ လူ  

ဦးသေဆုံးခဲ့ဖူးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
 
ကုမ္ပဏီတစ်ခုက ရွှေတူးတဲ့လုပ်ငန်းလုပ်ကိုင်ခဲ့တယ်။ ၂၀၀၇ လောက်က  

ဒီရွာမှာ ချောင်းပိတ်ပြီး ရေလွှမ်းသွားတယ် အိမ်တွေလဲမြုပ် လူတွေလဲသေခဲ့တယ်။ အဲဒါကြောင့် အဲကုမ္ပဏီကို  
 လုပ်ကွက် ပိတ်လိုက်တယ်ဟု ချောင်းကြီးရွာမှ ကိုအုန်းသန်း ကပြောသည်။
 
ယခုအခါတွင်ရွှေမေမေ ရွှေကုမ္ပဏီမှ ချောင်းကြီးရွာအနီးတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ဒေသခံပြောပြခဲ့သောကြောင့် ရွှေမေမေကုမ္ပဏီအား မေးမြန်းရာတွင် ဖြေဆိုခဲ့ခြင်းမရှိသောလည်း 

မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြေကြားပေးခဲ့သည်။
 
ကျွန်တော်တို့က ပါမစ်ကျရင်လုပ်မယ် ပါမစ်မကျရင် မလုပ်ဘူး   

စက်တွေနဲ့တူးတယ်ဆိုတာကလည်းအရင်Eternalကုမ္ပဏီကလုပ်သွားတာတွေကို ပြန်ရှင်းတဲ့သဘောပါ 

ဟု မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်မှပြော
 

သည်။
 
အဆိုပါ ရွှေတူးဖော်ခြင်းလုပ်ငန်းအား ရွှေမေမေ ကုမ္ပဏီမှ ကိုအောင်နှင့် 

သပိတ်ကျင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးဟန်တို့မှလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: