![]() |
ယနေ့ သုံးခွမြို့ ကို ပါတီစည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်တွေ့ ရပုံ |
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့
စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်သည့်အခါ ခမ်းနားစွာကြိုဆိုရန်
အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က
စီစဉ်လျှက်ရှိကြသည်ဟု မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။
၎င်းက “ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ
မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်သလို အခုခွပ်ဒေါင်းရုပ်
နဲ့ကြိုဖို့ပြင်နေကြတယ်။
ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်” ဟုပြောသည်။
မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ
ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ
ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၎
ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊
မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ
မြို့သို့ဆက်လက်သွားရောက်မည်ဟု သိရှိရသည်။
YPI
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၄ ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ မြို့သို့ဆက်လက်သွားရောက်မည်ဟု သိရှိရသည်။
YPI
No comments:
Post a Comment