Monday, February 27, 2012

ချောင်းဦးမြို့၌ ကြက်ကောင်ရေ ၆၀ ကျော် ရုတ်တရက်သေဆုံး မုံရွာမောင်


မုံရွာ-ဖေဖော်ဝါရီ-၂၅  
          စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့၊ နေရှင်နယ် ရပ်ကွက်ရှိ ကြက်ခြံနှစ်ခြံမှ ကြက် ကောင်ရေ ၆၀ကျော် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောကြားသည်။
          ချောင်းဦးမြို့၊ နေရှင်နယ် ရပ်ကွက်ရှိ ကြက်ခြံပိုင်ရှင် ဦး လှဖုန်း ဟန်နှင့် ဦးခင်မောင်မြင့်တို့၏ ကြက်ခြံများမှ ကြက်ကောင်ရေ ၆၀ ကျော် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ရုတ်တရက်သေဆုံးသွားခဲ့ ကြောင်း၊ ဦးလှဖုန်းဟန်၏ ခြံမှသေ ဆုံးသည့်ကြက်ကောင်ရေအများဆုံး ဖြစ်ပြီး ဦးခင်မောင်မြင့်ခြံမှ တစ်ကောင် သာသေသည်ဟုကြားသိရကြောင်း ဒေသခံပြည်သူများကပြောကြား သည်။
          အဆိုပါကြက်များသည် ရောဂါတစ်ခုခုကြောင့် သေဆုံးခြင်း ဖြစ်သော်လည်း မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို သိရှိနိုင်ရန် ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ဖို့ အတွက် မန္တလေးမြို့သို့ ပို့ထား ကြောင်း ချောင်းဦးမြို့ရှိ ဒေသခံ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ တစ်ဦးက ပြောကြားသည်။
          “ကြက်ငှက်တုတ်ကွေး ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ အတွက် ဆေးစစ်ချက်အဖြေကို သိမှပြောလို့ရမယ်။ ညနေလောက် မှရမယ်ပြောတယ်” ဟု ချောင်းဦးမြို့ အုပ်ချူပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
          လက်ရှိတွင် သက်ဆိုင်ရာ မှ ချောင်းဦးဈေးအတွင်း၌ ဇိဝလုံခြုံ ရေးမြှင့်တင်မှုလုပ်ငန်းလုပ်ဆောင်ခြင်း အနေဖြင့် ဈေးများတွင် သတိပေး ပြောဆိုခြင်းများလိုက်လံဆောင်ရွက် လျက်ရှိကြောင်း၊ ထိုပြင် ဈေးများတွင် ထုံးမှုန့်ဖြူးပေခြင်း၊ ကြက်ခြံတစ်ခြံနှင့် တစ်ခြံ ကူးဆက်မှုမရှိစေရန်အတွက် ဆေးများလိုက်လံ ဖျန်းပေးခြင်းစသည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ချောင်ဦးမြို့နှင့် မုံရွာမြို့ဒေသ ခံများက ပြောကြားသည်။
          “ဒေသတွင်းနိုင်ငံတွေမှာ လဲကြက်ငှက်တုတ်ကွေးရောဂါတွေ ဖြစ်ပြီးသေတဲ့လူတွေရှိတော့ ဒေသခံ တွေကို တော်တော်စိုးရိမ်နေကြတယ်” ဟု ချောင်းဦးမြို့ဒေသခံတစ်ဦးက ပြောကြားသည်။
          မုံရွာခရိုင်အတွင်းရှိ မွေးမြူရေးဇုံ၌ ကြက်ကောင် ရေအကောင်း ခုနစ်သိန်းခန့်ရှိ ကြောင်း မုံရွာမြို့ရှိမွေးမြူရေးဦးစီးဌာန မှာ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
          ယခုအခါသေဆုံးသွား သည့် ကြက်များကို မြေမြှပ်ပျက်စီး လိုက်ပြီးဖြစ်ကြောင်း၊ ကြက်သေဆုံး မှုမှာ လွန်ခဲ့သည့်တစ်ပတ်ခန့် ကစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ခြံပိုင်ရှင်များမှ ကြိုးစား၍ကုသနေခြင်း ဖြစ်ကြောင်း၊ ယခုအခါ သေဆုံးသည့် ကောင်ရေများလာခြင်းကြောင့် သက်ဆိုင်ရာသို့အကြောင်းရားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံ များကဆိုသည်။
          “ ဒီလိုဖြစ်တာနဲ့ ဖြစ်တဲ့ ခြံနဲ့ တစ်မိုင်ပတ်လည်မှာရှိတဲ့ခြံတွေက ကြက်တွေကို သတ်ပစ်ရတယ်။ ပိုင်ရှင် တွေက ဆုံးရှုံးမှုများမှာကြောက်တော့ မပြောဘူး။ အဲ့တော့ သေတဲ့ကြက် တချို့ကို ပခုက္ကူမြို့နဲ့ မြင်းမှုမြို့ဘက် တွေမှာဈေးနည်းနည်း နဲ့သွားရောင်း ကြတယ်လို့ကြားတယ်” ဟု ချောင်းဦး မြို့ဒေသခံတစ်ဦးကဆိုသည်။
          ယခုအခါ မုံရွာမြို့ပေါ်ရှိ မြို့ပေါ်ရှိ ဈေးရှစ်ဈေးနှင့် ချောင်းဦးမြို့ ပေါ်ရှိဈေးများတွင်ကြက်သားမရောင်း ချရန် အသိပေးထားကြောင်း၊ ကြက်ခြံပိုင်ရှင်များမှ သေဆုံးသွားသော ကြက်ကောင်ရေမှာ ၆၀ ခန့်ရှိသည် ဟုဆိုသော်လည်း အမှန်တကယ်မှာ အကောင် ၄၀၀ အထိသေဆုံးသွားသည်ဟု သိရကြောင်း အခင်းဖြစ်ပွား ရာချောင်းဦးမြို့သို့သွားရောက်လေ့လာ ခဲ့သူ မုံရွာမြို့ဒေသခံတစ်ဦးက ပြောကြားသည်။
          “စီးပွားရေးဆုံးရှုံးတာက ပြသာနာမရှိဘူး။ သေမယ်ဆိုရင် ဒေသခံတွေပဲသေရတာ။ ဒါကိုဖြစ်တာ နဲ့သေချာလေအရေးယူဆောင်ရွက်ပေးသင့်တယ်” ဟု ၎င်းကဆက်လက်ပြောကြား သည်။
          မုံရွာခရိုင်အတွင်း ၂၀၀၄ ခုနှစ်ခန့်ကလည်း ကြက်ငှက်တုတ်ကွေး ရောဂါဖြစ်ပွားခဲ့ဖူးကြောင်း၊ ယင်းအချိန်၌ မုံရွာနှင့် ယင်းမပင်ရှိ ကြက်ခြံပိုင်ရှင်များသည် စီးပွားပျက်ကာ ရှုးသည့်အထိပင် ဖြစ်ပွားခဲ့ဖူးကြောင်း မုံရွာမြို့မှ ဒေသခံများကဆိုသည်။
  The Express Times

No comments: