Monday, February 27, 2012

ကပ်ပါးကောင်တစ်မျိုးကြောင့် တွံတေးမြို့ ရှိငါးကန်အချို့တွင် ငါးများသေဆုံးခဲ့၊ ထိုငါးများအား စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆို

ကောင်းမြတ်ဖြိုး
by Myit Makha Mediagroup on 22 Feb, 2012

၁၉ . .၂၀၁၂ တနင်္ဂနွေ နေ့တွင် တွံတေးမြို့ ရှိငါးကန်အချို့တွင် ငါးများသေဆုံးခဲရာ 

ငါးရောဂါရှာဖွေရေးအဖွဲ့နှင့် ရေအရည်အသွေးစစ်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး၊ အဆိုပါ  

ငါးများသေဆုံးမှုမှာ ကူးစက်ရောဂါကြောင့်မဟုတ်ပဲ ကပ်ပါး
 

ကောင်တစ်မျိုးကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှပြောသည်။
 
ရာသီဥတုအပြောင်းအလဲကြောင့် ငါးတွေ ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ကပ်ပါးကောင်တွေရဲ

တွယ်ကပ်မှုကြောင့် ငါးတော်တော်များများ သေကြတာပါဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်မှ  

ဦးဝင်းကြိုင်ကပြောသည်။
 
အဆိုပါ ငါးရောဂါရှာဖွေရေးနှင့် ရေအရည်အသွေးစစ်အဖွဲ့ များမှ ငါးအသေကန်များအား  

စစ်ဆေးခဲ့ရာတွင်ကူစက်ရောဂါနှင့် ရေအရည်အသွေးညံ့ဖျင်း မှုများကြောင့်မဟုတ်ပဲ  

ဒက်တိုင်လိုဂူးရက်စ်(Dactylogyrus) ခေါ်
 
ကပ်ပါးကောင်တစ်မျိုးကြောင့်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။
 
အဆိုပါကပ်ပါးကောင်များပျံ့ နှံ့နေသော ငါးအသေကန် အတွင်းမှ ရေများကို ပြင်ပသို့စွန့်ပစ်ပြီးနောက်  

အခြားငါးကန်များမှ ထိုစွန့်ပစ်ထားသောရေများကို ဇီဝလုံခြုံရေးမလုပ်ပဲ  

မိမိကန်အတွင်းဖြည့်မိလျှင်မိမိကန်အတွင်းမှ
 
 ငါးများတွင်လည်းကပ်ပါးကောင်တွယ်ကပ်နိုင်ပြီး ငါးများအသက်ရှုကျပ်ခြင်း ၊အစာ 

စားသော်လည်းတဖြည်းဖြည်းပိန်လာခြင်းများ ဖြစ်ကာ သေဆုံးနိုင်ကြောင်းအဆိုပါငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။
 
ထိုငါးအသေများအား ငါးပိကောင် လုပ်ရာတွင် အတွင်းမှကလီစာများအား ရေထုအတွင်းသို့လွှင့်ပစ်ခြင်း  

ကပ်ပါးရှိသော ငါးအပုပ်များအား ရေထုအတွင်းသို့လွှင့်ပစ်ခြင်းများ စသည်တို့သည်လည်း ကပ်ပါးကောင်များ
 
ပျံ့ နှံ့နိုင်သည်။ ထို့ကြောင့် ကပ်ပါးကောင်တွယ်ကပ်နေသော ငါးအပုတ်များ နှင့်  

ငါးကလီစာများအား မြေကြီးတွင်
 
သေချာမြှပ်၍ စွန့်ပစ်သင့်ကြောင်းကို အဆိုပါ ဦးဝင်းကြိုင်ထံမှသိရသည်။
 
၎င်းကပ်ပါးကောင်ကြောင့်သေဆုံးသော ငါးများအား လူများစားသုံးလျှင် ဘာမှမဖြစ်နိုင်ကြောင်း၊ ၎င်းကပ်ပါး
 
ကောင်မှာ ငါးများတွင်သာတွယ်ကပ်နိုင်ကြောင်းကို ဦးဝင်းကြိုင်က ပြောဆိုခဲ့သည်။
 
အဆိုပါ ကပ်ပါးဖြင့်သေဆုံးသောငါးများအားစားသုံးရန် သင့်မသင့် ကျန်းမာရေးပညာရှင်၊ 

ဆရာဝန်များအား မေးမြန်းရာတွင် မစားသုံးသင့်ကြောင်း ဖြေဆိုကြသည်။
 
အဲ့ဒီငါးတွေမစားရင်တော့ အကောင်းဆုံးပေါ့နော်  

ဘာဖြစ်နိုင်မယ်မှန်းမသိဘူးလေ၊ကပ်ပါးလို့ပြောပေမဲ့ဘယ်လိုကပ်ပါးမျိုးလည်းဆိုတာကို သေချာမစစ်ဆေးနိုင်ရင်တော့ 

မစားတာ အကောင်းဆုံးပါ ဟု ပန်းလှိုင်ဆေးရုံမှ
 
အထွေထွေရောဂါကု အထူးကု ဆရာဝန်တစ်ဦးမှပြောသည်။

No comments: