Sunday, February 26, 2012

မြန်မာမှာ ဥဒါန်းတွင်မဲ့နေ့




၁၉ ရက် ၂ လ ၂၀၁၂ နေ့ပေါ့..

သာသနာကိုချစ်သူ၊ သာသနာပြုသူ

သာသနာတော်ကို ပြန့်ပွါးစေသူရဲ့ရလာဒ်

ကျောင်းတိုက်က ထွက်ရမယ်တဲ့…

သာသနာကို ဖျက်ဖို့ကြံကြတဲ့

ဒင်းတို့ရဲ့ ခြေလှမ်းအစ ဒို့တတွေ ငုံ့ခံကြရင်..

ဒို့ဗုဒ္ဓရဲ့သာသနာ ဒို့ရဲ့အမိမြေမှာ

မြန်မကြာ ခွဲခွါရတော့မှာမို့

အားလုံးသတိ အစဉ်အမြဲရှိဖို့

သာသနာအရေး ဒို့အရေး…..

သာသနာ့တာဝန် ဒို့တာဝန်….

သာသနာ့အလုပ် ဒို့အလုပ်….

သာသနာ့အန္တရာယ် ဒို့ကာကွယ်ဖို့

ဒို့တစ်တွေ စည်လုံးညီညွတ်စွာဖြင့်

တွန်းလှန် တိုက်ပွဲဝင်ကြပါစို့…….

မှတ်ချက်။       ။သာဓုပရိယတ္တိ စာသင်တိုက်၊ ဗုဒ္ဓတက္ကသိုလ်ကြီး၏ ပဓနနာယကဆရာတော် ဦးပညာသီဟ 

(ရွေည၀ါဆရာတော်)၁၉.၂.၂၀၁၂နေ့ ကျောင်းတိုက်က ထွက်ပေးရမည်ကို မချိတင်ကဲရေးစပ် 

သီကုံးထားခြင်း ဖြစ်ပါသည်။
        



ဘာသာနဲ့သာသနာကိုကာကွယ်ကြစို့

သာသနာကိုချစ်သူ
သာသနာပြုနေသူ
သာသနာကိုအရပ်မနား
ပြန့်ပွားအောင်ဆောင်ရွက်နေသူ
ဤသို့သောသူကို အမူရာပျက်
အနေခက်အောင်
တချက်လွှတ်အမိန့်တော်နဲ့
ကျောင်းတော်က
ရှောင်ထွက်ပေးရမယ်တဲ့။

ရင်နာစရာ မခံသာစရာ
အကြင်နာမဲ့ကင်း
မြှားအစင်းစင်းနဲ့
ရွှေည၀ါဆရာတော်ရင်တွင်းသို့
ပစ်ခွင်းကာရက်စက်လိုက်ချေပြီ။

ပရိတ်သံကို သရဲမိစ္ဆာတွေမခံနိုင်သလို
အမှန်တရားကို ကြံ့ဖွံ့ပြိတ္တာတွေမခံနိုင်
အမှန်ကိုင်ထားသူသည် သူတို့အတွက်ဓါး
အမှန်တရားထွန်းရင် သူတို့ကိုဓါးနဲ့မွှန်းသလို
တလွန်းလွန်းခံစား ဟန်ဆောင်ပင်မထားနိုင်
အမှန်တရားဟောကြားသူ မည်သူမဆို
သူတို့ရဲ့ရန်သူ ရန်သူကိုရန်မူဖို့ဝန်မလေး
ဘုရားပေးပေး ကျမ်းပေးပေး
မိစ္ဆလေးတွေက မကြောက်
သံဃာစင်မက ဘုရားစင်ပါမှောက်ပါစေ
သူတို့တတွေကကြောက်မယ့်သူမဟုတ်
ယုတ်မာတဲ့အသဲနှလုံးနဲ့
အမြဲသုံးစွဲနေတဲ့ အဓမ္မအာဏာစက်နဲ့
ဓမ္မစက်ကိုပါ အစနမကျန်ချေမွ
သာသနာတော်မြေခတဲ့အထိ
တရားမရှိ အမှားမသိ
ဟောဒီ မသာဒိဌိတွေကို
စိတ်ရှိတိုင်းတကျွတ်ကျွတ်ဝါးစေ
အရိပ်အကဲမသိတိုင်းတမွတ်မွတ်
လွှတ်ထားစေခဲ့ပါရင်
စင်ကြယ်တဲ့သာသနာ ညစ်နွမ်းပြီး
အမြင်ထယ်တဲ့ဘာသာလည်း
အပြစ်တွေလွှမ်းပေတော့မယ်။

ဆရာတော်ခံစားမိတဲ့အတိုင်း
ဒီအရိုင်းမသာတွေကို
သမိုင်းမနာရအောင်
အပိုင်းပိုင်း ခ၀ါချ
အရိုင်းအစိုင်းကွာကျအောင်
အသာကလေးစလိုက်ကြစို့

သာသနာအရေး ဒို့အရေး
သာသနာ့တာဝန် ဒို့တာဝန်
သာသနာ့အလုပ် ဒို့အလုပ်
သာသနာ့အန္တရယ် ဒို့ကာကွယ်ဖို့
ဝင့်ထယ်တွေးကြံ လက်တွဲရန်
တွန်းလှန်တိုက်ပွဲဝင်ကြစို့။

တက္ကသိုလ်ဘုန်းကြွယ်
(၂-၂၁-၂၀၁၂)




No comments: