Saturday, May 19, 2012

ဘေ့ဘုတ်ပေါ်ကမိန်းမလျာ



ဖေ့ဘုတ်ပေါ်က..ဟာသ
ရေးပြလို့မကုန်
ယုံသော်ရှိမယုံသော်ရှိ
မိန်းမနာမည်နဲ့အကောင့်ဖွင့်ကြည့်
အမိအရ…လိုက်(Like) လုပ်လာတဲ့သူက-များ…။
အတိအကျ
ကွန်မင့်(Comment)ပေးလှာသူကလည်းတအား။

အစားသောက်တင်တင်
အလကားစကားနဲ့ ဟားဟား
တ၀ါးဝါးရယ်ကြ
ကျားကျားတွေ မနေရ
ကြွားကြွားပြီး ဖါးကြ အားပါးတရ…။

ဤအစဉ်အလာကို မြင်သာသူတွေ
တမင်ကလာ ကျားဖြစ်ရက်နဲ့
ကျားဈေး-ကိုဖျက် မိန်းကလေးနာမည်ပေး
မိန်းကလေးလေသံနဲ့ရေး
သတင်းတွေကမွေး မိတ်တွေကတဖွေးဖွေး
ငါးထောင်ပြည့်သွားပြီတဲ့လေး။

ငါးမျှားချိတ်နဲ့ အသာကလေးချိတ်မိအောင်
အမောင်ယောက်ျားရင့်မာကြီးတွေက
လှပတဲ့ အလှပဂေးပုံတွေတပ်ပေး
အငတ်ကလေးတွေက သားရည်တမြားမြားနဲ့
အခြေနေ မစဉ်းစားဘဲ တကယ်ထဲဟပ်မိ…။

အတတ်သိထားတာက….
အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးပေါ့..
မသွေရင်းနှီးချင်တဲ့ လူပျို လူအို ကိုကိုတွေက
အပျိုတွေမှတ်ပြီး ဒလစပ် အတင်းကပ်ကြည့်မိမှ
အတတ်သိကြပါလေရော…။
တဘုံးဘုံးထိမှ လုံးလုံးသိလာ
မုန်းတီးဖို့လည်းအခက်ဖြာ
ပြုံးဖီးဖို့လည်းမသက်သာ
တသက်မှာ တခါလွဲ
ဘယ်သူ့ကို အပြစ်တင်မှာလဲ…
ဟဲ..ဟဲ..ဟဲ သာရယ်လိုက်ပါတော့ဟာ…။

တက္ကသိုလ်ဘုန်းကြွယ်
(မေ ၁၇ ၂၀၁၂)



No comments: