Sunday, September 16, 2012

ABSDF ဥက္ကဌဟောင်းဦးထွန်းအောင်ကျော်သဘောထားအမြင်ရှင်းလင်းပွဲ


၁၆.၉.၂၀၁၂ခုနှစ် နေ့လည် ၁နာရီမှာဘုရားကြီးအလည်တိုက်မှာABSDFဥက္ကဌဟောင်းဦးထွန်းအောင်ကျော် မှ မြန်မာပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောကိစ္စများနှင့်ပတ်သတ်၍ တတ်ရောက် လာသူများ မှ မေးမြန်း သမျှများကို ပြန်လည်ဖြေကြားခဲ့ပါသည်။လူသတ်ပွဲကြီးဖြစ်စဉ်က သူသည် မြောက်ပိုင်းတွင် မရှိကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်

မသေပဲကျန်ခဲ့တဲ့ တောင်ပိုင်း(ဗဟို)ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်က ထောက်လှမ်းရေးလို.စွတ်စွဲခံရပြီး ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့ မြောက်ပိုင်းဥက္ကဌ ကိုထွန်းအောင်ရဲ.ညီ ကိုလတ်ကို နှစ် သီမ့် စကားပြောကြားနေပုံ
ကိုထွန်းအောင်ကျော်ရဲ.မြောက်ပိုင်းကိစ္စသဘောထားရှင်းလင်းပွဲမှာ သောကြာနေ.က ကိုထွန်းအောင်ကျော် နဲ.မြောက်ပိုင်းအုပ်စုနဲ.တွေ.ဆုံပွဲမှာ ကိုထွန်းအောင်ကျော်နဲ.သဘောတူညီခဲ့တဲ့
၁။မြောက်ပိုင်းလူသတ်ပွဲမှာမြောက်ပိုင်းကတာဝန်ရှိသူတွေနဲ.အတူ ဒေါက်တာနိုင်အောင်မှာလည်းတာဝန်ရှိတယ်။

၂။မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ.မှာကိုထွန်းအောင်ကျော်အနေနဲ.အဖွဲ.မှာပူးပေါင်းပါဝင်ဆောင် ရွက်မယ်။

၃။မြောက်ပိုင်းအမှုနဲ.ပက်သက်လို.အရေးကြီးစာရွက်စာတန်းများသီမ်းဆီးထား တဲ့ အမ်စတာရမ် မြို.က အထောက်အထားစာရွက်စာတန်းတွေကိုကြည့်ရှု.စစ်ဆေးဖို.အတွက်မြောက်ပိုင်းရဲဘော်ဟောင်းတွေက ကိုထွန်းအောင်ကျော်ကို သူတို.ရဲ.ကိုယ်စားလှယ်အဖြစ်တာဝန်ပေးတာကို လက်ခံလိုက်ပါတယ်။

၎။တောင်ပိုင်းဗဟိုကဖွဲ.စည်းထားတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ.ရဲ.အမ်စတာရမ်မြို.ကိုသွားရောက်စစ်ဆေးတဲ့ အခါမှာ ကိုထွန်းအောင်ကျော်ကို မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးပြည်တွင်းအဖွဲ.ကိုယ်စားလှယ်အဖြစ် ပူးပေါင်းပါဝင်ခွင့်ရဖို. တောင်ပိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ.ကိုတောင်းဆိုတယ်စသည့်အချက်တွေကို အသိပေးကြေငြာခဲ့ပါတယ်။
 http://www.facebook.com/photo.php?fbid=388266937911273&set=a.370889606315673.82925.100001839102763&type=1&theater

No comments: