Wednesday, September 12, 2012

အိမ်ဖော်သေဆုံးမှုတွင် မသေမီ ရိုက်နှက်ခဲ့ဟု အိမ်ရှင်ဝန်ခံ

ဆင်းရဲလို့ ကိုယ့်အိမ်မှာ ပင်ပင်ပမ်းပမ်း အိမ်ဖော်လာလုပ်ရတဲ့ ကလေးမရဲ့ ဗိုက်ပေါ် တက်ခုန်ပြီး၊ ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ နောက်ထပ် အိမ်ဖော်လေးတစ်ယောက်နဲ့ သေသွားတဲ့အိမ်ဖော်မလေးတို့ကို အချင်းချင်း အပြန်အလှန် ရိုက်နှက်ခိုင်းပြီး အပျင်းပြေ အရသာခံ ကြည့်ရှုခဲ့တဲ့ ရုပ်ကလေးနဲ့မလိုက်အောင် ကြောက်ဖို့ကောင်းလွန်းတဲ့ MRTV 4 သရုပ်ဆောင် မေဇွန်


  • အိမ်ဖော်သေဆုံးမှုတွင် မသေမီ ရိုက်နှက်ခဲ့ဟု အိမ်ရှင်ဝန်ခံ

    ရန်ကုန်၊ စက်တင်ဘာ၁၂

    ကမာရွတ်မြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းမကြီး အမှတ်၁၉၅ ၊ ၃လွှာ တွင် စက်တင်ဘာ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အသက်၁၈ နှစ်အရွယ် ဒဏ်ရာများနှင့် အိမ်အကူသေဆုံးမှု နှင့် ပတ်သတ်၍ မသေမီ စက်တင်ဘာ ၈ရက်နေ့အထိ ၁ရက်ခြား တစ်ခါ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု အိမ်ရှင်ဖြစ်သူ မေဇွန် (ခေါ်) မျိုးဇာနည်ဇွန် က ဝန်ခံ ထွက်ဆိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲမှူးရုံး၊ ၊ ဌာန ခွဲမှူးဦးစီး(၂) ရဲမှူးမြင့်ထွေး က ပြောကြားသည်။

    အဆိုပါ အိမ်အကူကို ရိုက်နှက်သူမှာ MRTV-4 ၏ ဇာတ်လမ်းတွဲသစ် အတွက် သရုပ်ဆောင်အဖြစ် ရွေးချယ် ခံထားရသူ အသက်၂၁ နှစ်အရွယ် မေဇွန် (ခေါ်) မျိုးဇာနည်ဇွန် ဖြစ်ပြီး ၄င်းသည် တိုက်ခန်း ဌားရမ်း နေထိုင်သည်မှာ ၅လခန့်သာ ရှိသေးကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

    ယင်းတိုက်ခန်းတွင် အိမ်ရှင် အပါအ၀င်၊ လာရောက် ဌားရမ်း နေထိုင်ရာတွင် ပါဝင်သူ အသက် ၁၈ နှစ်အရွယ် သေဆုံးသွားသည့် မနှနှလွင်နှင့် အတူ ဌားရမ်း နေထိုင်ပြီး၊ လွန်ခဲ့သော တစ်လခန့် က အသက် ၁၃ နှစ်အရွယ် အိမ်အကူ မဇင်ဇင်ထက် ထပ်မံရောက်ရှိ နေထိုင်လျက် ရှိရာ၊ အတူနေထိုင်သော အိမ်အကူ ၂ဦးကို စိတ်အလို မကျပါက တစ်ရက်ခြား တစ်ခါ ညှင်းပန်း နှိပ်စက်မှု များရှိပြီး၊ တစ်ခါတစ်ရံ ပါးရိုက်ခြင်း၊ ဆံပင်ဆောင့်ဆွဲ၍ ကြမ်းပြင်၊ နံရံများဖြင့်ရိုက်ခြင်း၊ နှစ်တစ်လက်မ တုတ်ဖြင့်ကျောကုန်းကို ရိုက်နှက်ခြင်း၊ပက်လက်လှန်ခိုင်း၍ ဗိုက်ပေါ်တက်ခုန်မှုများအပြင်၊ ကိုယ်တိုင်မရိုက်ချင်ပါက အိမ်အကူ၂ဦးကို ကြက်မွေး တစ်ယောက်တစ်ချောင်းပေး၍ ၎င်း စိတ်ကျေနပ်သည်အထိ အပြန်အလှန်ရိုက်ခိုင်းကြောင်း ရိုက်နှက်ခဲ့သူ မေဇွန် (ခေါ်)မျိုးဇာနည်ဇွန် ၀န်ခံပြောဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံး ထံမှသိရသည်။

    ယင်းသေဆုံးသူကိုစစ်ဆေးရာမှ နှာခေါင်းသွေးအနည်းငယ် ထွက်ပြီး၊ညာဘက်လက်ဖျံနှင့် ညာပုခုံးတွင် သွားကိုက်ရာ ၊ညာနဖူးတွင် ဖူးယောင်ပြီး၊ဘယ်ဘက်နို့အုံအောက်တွင်ညိုမဲဒဏ်ရာများဖြင့် သေဆုံး နေကြာင်းကြာင်း ကမာရွတ် ရဲစခန်း က အတည်ပြုသည်။

    ယင်းအိမ်အကူ သေဆုံးမှုနှင့် ပတ်သတ်၍ယခင်က သေမှုသေခင်းဖြင့် အမှုဖွင့် ထားသော်လည်း၊ သေဆုံးသူမှာ ပြင်ပ ဒဏ်ရာများ ရရှိနေသောကြောင့် လည်းကောင်း၊ ပတ်ဝန်းကျင် သက်သေများကို စစ်ဆေးပေါ်ပေါက်ချက်များအရ အိမ်ရှင်ဖြစ်သူမမေဇွန် ကို (ပ) ၃၆၄/၁၂၊ပုဒ်မ ၃၀၂/၃၁၅ ဖြင့်စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး၊ လက်ရှိတွင် ယင်းသံသယရှိသူကို ရီမန် ယူထားပြီး၊ သေဆုံးသူ၏ ဆေးစာ အဖြေပေါ်မူတည်၍ ဥပဒေအကြံပြုချက် တောင်းခံကာ ၊ တရားဆွဲတင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

No comments: