Saturday 15th September 2012ဖားကန့်မှ န၀မတန်းကျောင်းသူသေဆုံးမှုနှ
ထိုကဲ့သို့ မဖြစ်စေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များ
သတိပြုစေလိုကြောင်း သေဆုံးသူ၏ မိဘများထံက သိရသည်။
“မဂျာဆိုင်းအိမ်ရဲ့အဖေ၊ အမေဖြစ်တဲ့ ဦးဘရမ်ရောင်နဲ့ဒေါ်ဂျာပူတို့ အနေနဲ့ သူတို့သမီးအတွက် အမှုဖွင့် မတိုင်ကြားလိုပေမယ့်၊ နောင် အပြစ်မဲ့တဲ့ပြည်သူတွေ ဒီလိုမဖြစ်ဖို့်အတွက် အထက်ကလူကြီးတွေ
သိစေ ချင်တယ်လို့ ပြောပါတယ်”ဟု မဂျာဆိုင်းအိမ် မိဘများ ပြောကြားသည့်စကားကို NLDပါတီမှ ဦးလဆိုင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဖားကန့်မြို့တွင်း၌ ပြည်သူများအနေဖြင့် စိုးရွံ့ထိတ်လန့်မှုများရှိေ နကြောင်း၊
စစ်တပ်အနေဖြင့်လည်း မြို့တွင်းသို့ ၀င်ရောက်မည်ဆိုပါက နောင်တချိန်တွင်
ယခုထက်ပို၍ စည်းကမ်းရှိရန် မြို့သူမြို့သားများအနေဖြင့် မျှော်လင့်နေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
ဖားကန့်မြို့မှ သေနတ်မှန်၍ သေဆုံးခဲ့သည့် န၀မတန်းကျောင်းသူ မဂျာဆိုင်အိမ်အား ယနေ့ နံနက် (၉း၀၀)နာရီဝင်းကျင်က ဆုတောင်းမှုပြုလုပ်ခဲ့ပြီး (၁၁း၃၀)တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
သေနတ်မှန်၍ ဖားကန့် ပြည်သူ့ဆေးရုံ၌ ည(၉း၀၀)အချိန်တွင် သေဆုံးခဲ့သော ဦးဘရမ်ရောင်၊ ဒေါ်ဂျာပူတို့၏ သမီးန၀မတန်းကျောင်းသူ မဂျာဆိုင်းအိမ်အား သိက္ခာတော်ရဆရာဦးဘီတူးဂျာက ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်။
“အပြစ်မရှိတဲ့ ကျောင်းသူလေးအတွက် နောင်မှာ ဒီလိုမဖြစ်ရအောင် ဆုတောင်းပေးလိုက်ပါတယ်``ဟု ဆရာဦးဘီတူးဂျာက ဆုတောင်းပေးခဲ့သည်။
အဆိုပါ ကျောင်းသူ၏ အသုဘအခမ်းအနားသို့ ကား(၁၀)စီးနှင့် လူအယောက် (၁၅၀)၀န်းကျင်က ပို့ဆောင်ခဲ့သည်။
ငြိမ်းချမ်း(မြစ်မခ)
Myit Makha Mediagroup
ဓာတ်ပုံ - မြ၀တီ
သတိပြုစေလိုကြောင်း သေဆုံးသူ၏ မိဘများထံက သိရသည်။
“မဂျာဆိုင်းအိမ်ရဲ့အဖေ၊ အမေဖြစ်တဲ့ ဦးဘရမ်ရောင်နဲ့ဒေါ်ဂျာပူတို
သိစေ ချင်တယ်လို့ ပြောပါတယ်”ဟု မဂျာဆိုင်းအိမ် မိဘများ ပြောကြားသည့်စကားကို NLDပါတီမှ ဦးလဆိုင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဖားကန့်မြို့တွင်း၌ ပြည်သူများအနေဖြင့် စိုးရွံ့ထိတ်လန့်မှုများရှိေ
ဖားကန့်မြို့မှ သေနတ်မှန်၍ သေဆုံးခဲ့သည့် န၀မတန်းကျောင်းသူ မဂျာဆိုင်အိမ်အား ယနေ့ နံနက် (၉း၀၀)နာရီဝင်းကျင်က ဆုတောင်းမှုပြုလုပ်ခဲ့ပြီး (၁၁း၃၀)တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
သေနတ်မှန်၍ ဖားကန့် ပြည်သူ့ဆေးရုံ၌ ည(၉း၀၀)အချိန်တွင် သေဆုံးခဲ့သော ဦးဘရမ်ရောင်၊ ဒေါ်ဂျာပူတို့၏ သမီးန၀မတန်းကျောင်းသူ မဂျာဆိုင်းအိမ်အား သိက္ခာတော်ရဆရာဦးဘီတူးဂျာက ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်။
“အပြစ်မရှိတဲ့ ကျောင်းသူလေးအတွက် နောင်မှာ ဒီလိုမဖြစ်ရအောင် ဆုတောင်းပေးလိုက်ပါတယ်``ဟု ဆရာဦးဘီတူးဂျာက ဆုတောင်းပေးခဲ့သည်။
အဆိုပါ ကျောင်းသူ၏ အသုဘအခမ်းအနားသို့ ကား(၁၀)စီးနှင့် လူအယောက် (၁၅၀)၀န်းကျင်က ပို့ဆောင်ခဲ့သည်။
ငြိမ်းချမ်း(မြစ်မခ)
Myit Makha Mediagroup
ဓာတ်ပုံ - မြ၀တီ
No comments:
Post a Comment