အချို့က ကောလဟာလ ၊ အချို့က ဒဏ္ဍာရီ ၊ အချို့ကျတော့ ယုံတမ်းစကားလို့ နာမည်တပ်ကြတဲ့
စကားအချို့ရှိတယ် ။ ဒါပေမယ့် အဟုတ်အစစ်ဆိုပြီး ရင်ထဲလည်း စွဲမှတ်ထားတတ်ကြပြန်တယ် ။ ဒါ
တွေကို စာရင်းလုပ်ရင် လွယ်လွယ်နဲ့ မကုန်နိုင်ပေမယ့် ၊ ဒီစွဲမှတ်ချက်တွေကို အခြေခံပြီး ထပ်ဆင့်အ
တွေးနဲ့ အကောင်ထည်ဖေါ်တာတွေ လုပ်တဲ့အခါ ဆပွားဆင့်ပွား အမှားတွေဖြစ်လာပြီး တစ်ခါတစ်ရံ
လွဲချော် ထိခိုက် ဆုံးရှူံးမှုတွေ ဖြစ်လာတတ်တယ် ။
ဒီတော့ ကျနော်တို့တတွေ အမှားနည်းနိုင်ကြစေဖို့ရာ ခုနေ မှတ်မိသမျှ တစ်တို့ နှစ်တို့လောက်
ချရေး ဖလှယ်ကြည့်ပါမယ် ။ ထိခိုက်မှုတွေ ရှိသွားခဲ့ရင်လည်း ပြင်ဆင်နိုင်ဖို့ အသိပေးလို့ရသလို ၊
စာမှားသလား ငါမှားသလား ဆိုတာလည်း အတွေးထဲထည့်ကြည့်မိရင် အကျိုးအမြတ် တိုးကောင်း
(၁) နိုင်ငံခြားက လူချမ်းသာများ
များမကြာခင်က မြန်မာပြည်က ဆွေမျိုးများနဲ့ ဖုန်းစကား ပြောဖြစ်တယ် ။ ကိစ္စများမြောင် လူတို့
ဘောင်ထဲမှာ သူတို့လည်း အခက်ခဲလေးတွေ ရှိရှာသပေါ့ ။ ဒါ သဘာဝ ။ ဒီတော့ နိုင်ငံခြားရောက်
နေသူတွေဆီက အကူညီများ ရလိုရငြား တောင်းကြည့်ကြတယ် ။ ဒါလည်း မမှား ။
ငွေလေးများ အပိုအလျှံရှိရင် သိန်း ၁၀၀ လောက် ကူညီပါလား .. တဲ့ ။
စိတ်ထဲ .. “မွေးမေလေ့” ဆိုပြီး သမိန်ပေါသွပ် ကာတွန်းထဲကလို အသံထွက်သွားတယ် ။ ဒါကတော့
မှားလေပြီ ၊ အသေခြာကို မှားနေပါပြီ ။ ကျနော့်မှာ သိန်းလည်း မရှိ ၊ သန်းလည်း မရှိ ၊ ကြမ်းပိုးလည်း
မရှိဘူးလို့ ဆိုရလောက်အောင် လုံးဝကင်းရှင်းပါတယ် ။ ဒီတော့ သူတို့ရဲ့ မျှော်လင့်ချက် ပူပေါင်းလေး
ကို အားနာပါးနာနဲ့ ဖေါက်ခွဲလိုက်ရတယ် ။
ယေဘုယျအားဖြင့် နိုင်ငံခြားနေသူတွေလည်း မြန်မာပြည်သဘောအတိုင်း ဆင်းရဲချမ်းသာနဲ့ အ
လုပ်ကိုင်ကောင်းသူ ၊ အလုပ်ကိုင်မရှိသူ စသည်ဖြင့် ရှိကြတာပါပဲ ။ ပြည်ပကို အလုပ်ထွက်လုပ်သူ
အများစုအနေနဲ့ ရသမျှစုပြီး မိသားစုဆီပြန်ပို့ကြလို့ လက်ထဲ ငွေအပိုအလျှံ မရှိတတ်သလိုပဲ ၊ နိုင်ငံ
ခြားနေ လူအများစုဟာလည်း ရောက်ရာနိုင်ငံရဲ့ အသုံးစရိတ်တွေနဲ့ လုံးလည်ချာလည် လိုက်နေ
တတ်ကြပါတယ် ။ ဒီကြားထဲကမှ ရလာတာလေးတွေထဲ ဖယ်တန်ဖယ် ၊ စုတန်စုပြီး လှူကြ ကူကြရ
တာပါ ။ တန်ရာတန်ကြေးနဲ့ အလုပ်လုပ် ၊ စည်းစနစ်တကျ စီမံသုံးစွဲကြရပြီး ငွေပိုငွေလျှံဆိုတာ ရှိ
သူနည်းပါတယ် ။ ကျနော်တို့လို ကျောင်းတက်နေသူ ၊ အစိုးရထောက်ပံ့ကြေးနဲ့ လတ်တလော ရပ်
တည်နေသူတွေအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ ။
မြန်မာပြည်က လူတွေကိုတော့ အပြစ်မပြောလိုပေမယ့် အတော်များများရဲ့ အမြင်က - နိုင်ငံခြား
ရောက်သွားကြပြီ ၊ ကောင်းစားသွားကြပြီ ၊ ပြည့်စုံဖူလုံသွားကြပြီ ဆိုပြီး စိတ်ထဲရှိတတ်ကြပါတယ် ။
အဲဒီကနေ နောက်တစ်ဆင့် - ငါတို့ကိုတော့ မေ့သွားကြပြီ ၊ သွေးကြီးသွားပြီ ၊ လှည့်တောင်မကြည့်
ကြတော့ဘူး စတာတွေ စိတ်ထဲ ဖြစ်လာတတ်ကြပြန်ပါတယ် ။
ဒါကို တစ်ထိုင်ထဲ ဖြေရှင်းပြဖို့က ကျယ်ပြန့်ပါတယ် ။ အနည်းဆုံးတော့ မြန်မာပြည်ကလူတွေရဲ့ ငါ
တို့နိုင်ငံ နိမ့်ကျနေတယ် ၊ ဆင်းရဲနေတယ် ၊ ခေတ်နောက်ကျန်နေတယ် ဆိုတာတွေနဲ့ အခြေခံတွေး
ကြပြီး ၊ အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ စိတ်ကူးယဉ် နှိုင်းယှဉ်ကြည့်ကြတာကိုက လွဲနေတယ်လို့ မြင်ပါ
တယ် ။ ဒီကနေတစ်ဆင့် အားငယ်စိတ် ၊ မနာလိုစိတ် ၊ နာကျည်းစိတ်တွေနဲ့ ပြည်ပအားကိုး ပုဆိန်ရိုး
ဆိုတဲ့ စကားမျိုးတွေ ပေါ်လာတာလို့ ယူဆနိုင်ပါတယ် ။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အခြေခံအားဖြင့် လူသားတွေမှာ ရသင့်ရှိသင့်တဲ့ အခွင့်အရေးတွေ
ကို ရနိုင် ရှိနိုင်ဖို့ရာ အခြေနေတွေကို ဖန်တီးပေးထားပါတယ် ။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပင်
ကိုယ်အနေထား ၊ ပတ်ဝန်းကျင်အနေထား (ကံ ၊ ဥာဏ် ၊ ဝိရိယ ဆိုပါစို့) အရ ရနိုင်တာ ရယူတာ
ရရှိတာတွေ ကွဲပြားကြပါတယ် ။ ဒီတော့ ဒီနိုင်ငံမှာ နေသူတွေဟာ မြန်မာပြည်မှာ နေတာထက်စာ
ရင် အခွင့်အလမ်းတွေ ပိုရှိတယ် ၊ လူတန်းစေ့ အတိုင်းတာတစ်ခုထိ နေနိုင်ကြတယ်လို့ ခြုံငုံဆိုနိုင်
ပါတယ် ။ သို့ပေမယ့် ဒါတွေကို ဒေါ်လာငွေတွေအဖြစ် ပြောင်းလဲတွေးမြင်ကြည့်လို့ မရဘူးဆိုတာ
သဘောပေါက်ဖို့ အသိပေးချင်ပါတယ် ။
(၂) နိုင်ငံရေးသမား ကားဝယ် အိမ်ဝယ်
အချို့က အင်တာနက်ထဲ အလကားရလေတော့ ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့
နိုင်ငံရေးသမားတွေကို ကားဝယ် အိမ်ဝယ်ပြီး ကိုယ့်တစ်ဘို့ထဲ လုပ်နေကြတယ်လို့ အလွတ်သဘော
စွပ်စွဲတိုက်ခိုက်နေကြတာ တွေ့ရတယ် ။ အခြား ဆင်တူရိုးမှား စွပ်စွဲတာလည်း အများကြီးပေါ့ ။
ပထမ ကိုမောင်မောင်ဝမ်းကနေ အမေရိကန်နိုင်ငံမှာ အလုပ်ကိုင်မရှိရင် အစိုးရက ထောက်ပံ့တယ်
ဆိုတဲ့အကြောင်း Facebook မှာရှင်းပြဖူးတာ အမှတ်ရတယ် ။ ဒါဟာ သာမန်ပြည်သူတွေအတွက်
ဆိုင်ရာအစိုးရတွေရဲ့ လူမှုဖူလုံရေး စောင့်ရှောက်မှု မူဝါဒနဲ့ အကောင်ထည်ဖေါ်ချက်တွေပါ ။ ဒီသ
ဘောသဘာဝကို မြန်မာပြည်က မသိသူတွေလည်း အများကြီး ရှိဦးမှာပါ ။ မသိတာကို အပြစ်ပြော
လို့ မရနိုင်လေတော့ အသိပေး လက်ဆင့်ကမ်းတာတွေပဲ အများကြီး ဆက်လုပ်ကြရဖို့ ရှိပါတယ် ။
အိမ်ဝယ် ကားဝယ်တာတွေကို ကြည့်ရအောင် ။
ဝေးဝေးလံလံတွေ လျှောက်ပြောရင် ချော်နေပါ့မယ် ၊ သြစတြေးလျကိုပဲ မူတည်ပြီး ပြောပါ့မယ် ။
ဒီမှာက လုံးချင်းအိမ်တွေ များပါတယ် ။ မြို့ကကျယ်ပါတယ် ။ အလုပ်ရှာရင် ကားရှိမှ အဆင်ပြေ
ပါတယ် ။ အလုပ်ဝေးတတ်တာကြောင့် ဘတ်စ်ကား ၊ မီးရထားနဲ့ အဆင့်ဆင့်သွားရင် ၃-၄ နာရီ
အချိန်ကုန်တတ်ပါတယ် ။ ဒီတော့ အလုပ်က လစာရမှ ကားဝယ်မယ်လုပ်လို့ မရပါဘူး ။ ငွေမရှိ
လည်း အကြွေးနဲ့ ဝယ်ရပါတော့တယ် ။ ကားကြွေးကို ဒီတစ်လတော့ အဆင်မပြေသေးဘူး ၊
နောက်လမှယူနော်လို့ မြန်မာပြည် လမ်းထိပ်ကွမ်းယာဆိုင်မှာ ပြောသလို သွားပြောလို့ မရပါဘူး ။
ကားပြန်သိမ်းသွားတာ ခံရရင် ခံရ ၊ မဟုတ်ရင်လည်း တရားရုံးကဆင့်စာ ရောက်လာနိုင်ပါတယ် ။
အကယ်၍ Mercedes, Porche, Rolls Royce တွေကို လက်ငင်းငွေချေဝယ်တဲ့ မြန်မာပြည်က
အဝေးရောက် နိုင်ငံရေးသမား တစ်ယောက်လောက်ရှိရင်တော့လည်း လက်ပူးလက်ကြပ်မိပြီလို့
ပြောသာပြောလိုက်ပါ ။ ဒီလောက်ဆို ကားအတွက် အတန်ရှင်းသွားမယ် ထင်ပါတယ် ။
တစ်ဆက်ထဲ သားမယားအတွက် လုပ်တယ်ဆိုတာမျိုးကတော့ အထွေထူး ပြောစရာလိုမယ်
မထင်ပါဘူး ။ ဘယ်သူမဆို ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် မိသားစု ရှိရင်ရှိ ၊ မရှိရင်လည်း တစ်
ချိန်မှာ ထူထောင်ကြမယ့် သူတွေပဲလေ ။ အလွန်အကျွံ ကိုယ့်ဖက်ယက်နေတယ်လို့ သက်သေ
မရှိရင် ၊ သွားပုတ်လေလွင့် မလိုတမာစကားလို့သာ အန္တရယ်ကင်းကင်း နာမည်တပ်လို့ ရလိမ့်
မယ် ထင်ပါတယ် ။
အိမ်အတွက်မှာလည်း အလားသဏ္ဍာန် နည်းနည်းဆင်ပါတယ် ။
ဒီမှာ အိမ်ဈေးတွေက ဒေါ်လာသိန်းကဏန်းတွေချည်းပါ ။ အိမ်ဌားနေရင် တစ်လကို ဒေါ်လာ
၁၀၀၀ ကနေ ၁၅၀၀ ဝန်းကျင် ရှိပါတယ် ။ ကျနော်တို့လို အစိုးရထောက်ပံ့ငွေ ရယူနေသူတွေအ
တွက် ထောက်ပံ့ငွေတွေထဲက အိမ်ဌားဖို့တင် တစ်ဝက်မက ကုန်ကျပါတယ် ။ တစ်ကိုယ်တည်း
သမားတွေဆိုရင် အိမ်ခန်းခပေးရတာနဲ့တင် စားစရိတ်တောင် မကျန်တတ်လို့ ဈေးပေါရာ ၊ စု
ပေါင်း နေလို့ရမယ့် အိမ်ယာတွေကို အသည်းအသန် လိုက်ရှာရပါတယ် ။ မြန်မာပြည်လို ကြီးတော်
အိမ် သို့မဟုတ် ရွာဦးကျောင်းမှာ သွားတက်အိပ်မယ်ဆိုပြီး လုပ်ဖို့မဖြစ်နိုင်ပါဘူး ။
အိမ်ဝယ်မယ်ဆိုရင်တော့ ဈေးပေါရာကို ရှာနိုင်ရင် နှစ် ၃၀ အကြွေးစနစ်နဲ့ တစ်လကို ၁၅၀၀-
၁၆၀၀ ပေးပြီး အိမ်ပိုင်တစ်လုံး ရှိလာနိုင်ပါတယ် ။ ဒီတော့ ကျနော်တို့လိုလူတွေ နှပ်ချေးငါးပိ
လုပ်စားပြီး ခြစ်ချုပ်စုနိုင်ရင် ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်တဲ့ အခြေနေရှိပါတယ် ။ ဒါပေမယ့် ..
ဒါပေမယ့် .. ရှိပါသေးတယ် ။ ကိုယ့်လို လက်ဆုပ်လက်ကိုင် ပုံမှန်ဝင်ငွေ မရှိသူတစ်ယောက်
အနေနဲ့ ငွေချေးလို့ မရနိုင်ပြန်ပါဘူး ။
ဒီတော့ အတိုချုံးပြောချင်တာက ဒီမိုကရေစီအရေးပဲလုပ်လုပ် ၊ နိုင်ငံရေးသမားပဲခေါ်ခေါ် ဖွံ့
ဖြိုးပြီးနိုင်ငံတွေမှာ နေထိုင်သူတွေအနေနဲ့ ငွေလုံးငွေရင်းနဲ့ အိမ်တစ်လုံးကို အပြတ် ဝယ်လိုက်
တာမျိုးမဟုတ်ရင် ဘာအပြစ်ပြောစရာမှ မမြင်ပါဘူး ။ ဒီလို သာမန်လုပ်ရိုးလုပ်စဉ်ကို အပြစ်ပြော
တဲ့သူတွေ ရှိမယ်ဆိုရင်လည်း ဒီက နိုင်ငံသူ နိုင်ငံသားတွေအတွက်တော့ တအံတသြနဲ့ ဖြစ်ကြ
မှာ သေချာပါတယ် ။
တဲ့သူတွေ ရှိမယ်ဆိုရင်လည်း ဒီက နိုင်ငံသူ နိုင်ငံသားတွေအတွက်တော့ တအံတသြနဲ့ ဖြစ်ကြ
မှာ သေချာပါတယ် ။
၁၆၊ ၀၉ ၊ ၂၀၁၂
ဆက်ရန် .......

No comments:
Post a Comment