ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့် လေ့လာမှုများ ထားမည်တဲ့
ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံး
အကျိုးအတွက် လူသားချင်း စာနာထောက်ထား
သည့် အစီအစဉ်တခု အကောင်အထည်ဖော်
ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည်
လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြပါရှိသည်။
ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။
မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘောဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
မဇ္ဈိမ

ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး
ရခိုင်ပြည်နယ်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက အနောက်ဖက် တံခါးကို စောင့်ရှောက်နေသော ရခိုင်တိုင်း
ရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည်
မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။
"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး" ဟု ၄င်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာ ထိမ်းသိမ်းသွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာများ မပျောက်ရေးတာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။
ဘင်္ဂါလီ လူဦးရေ တိုးပွါးမှု မြင့်မားလာမှုနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခ
ရမ်းဗြဲမြို့နယ်တွင် ရခိုင်တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်သော ကမန် လူမျိုး နှစ်သောင်းခန့်ကို မှီကာ ဘင်္ဂါလီလူမျိုး သုံးသိန်းခန့် လူမျိုးရေး ၀ါးမျိုမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
ဘင်္ဂါလီလူမျိုးများက ၄င်းတို့ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ၁၉၈၂ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောဆိုထားကြပြီး
ရခိုင်ပြည်နယ်တွင် ရှိသော လူဦးရေ တစ်ဝက်ကျော်သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်။
ဘင်္ဂါလီများ ယင်းသို့ နိုင်ငံသားဖြစ်ရန်တောင်းဆို
ရခိုင်ပြည်နယ် ဖြစ်စဉ်များကို သေသေချာချာ ကိုင်တွယ် မဖြေရှင်းနိုင်ပါက ရခိုင်လူမျိုးများကို ဘင်္ဂါလီ များက တဖြည်းဖြည်း ၀ါးမျိုလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်။
ရခိုင် အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားနေသော
ဒေါက်တာ အေးမောင် ကိုတွေ့ရစဉ်
ဓါတ်ပုံ - The Voice Weekly
Rakhine Citizen Journalists
No comments:
Post a Comment