Sunday, September 16, 2012

ကျနော်အတွေးကျနော်အမြင်များ

Photo: ကျနော်အတွေးကျနော်အမြင်များ
ကိုကိုဦး(တပ်ရင်း-၁၀၂)

တပ်မတော်ဆိုင်ရာမူဝါဒပြောင်းလဲရေးကို ယခုပြုလုပ်နေတဲ့
ပြုပြင်ပြောင်းလဲရေးအထဲ ထည့်သွင်းမစဉ်းစားသင့်ဘူးလား၊
အခုကတည်းက ဦးစားပေး မလုပ်သင့်ဘူးလား၊

ပြုပြင်ပြောင်းလဲရေးလို့ဆိုပါတယ်၊ တကယ်တန်းသာဆိုရင် 
ဒါကဟန်ပြသက်သက်ပါ၊ ပါးပါးလေးမြင်နေရတယ်၊ 
အာဏာရှင်ကြီးတို့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးပဲ၊

မင်းတို့အတိုက်အခံတွေကို အာဏာတချို့တ၀က်ပေးမယ်၊ 
တကယ့်အာဏာကိုတွေတော့ ငါတို့ယူထားမယ်၊ 
ငါတို့ကိုမထိရင်ပြီးရော၊ ဒါဟာ အာဏာရှင်ရဲ့စိတ်ဓါတ်
မင်းတို့ကစည်းကျော်လာရင် အာဏာသိမ်းမယ်၊
ဒါပဲလေ၊ ဒီမိုကရေဆိုတာ အာမခံချက်မရှိဘူး၊ 
သေနတ်ပြောင်းဝအောက်က ကျားသနားမှနွားချမ်း
သာရမဲ့ ဒီမိုကရေစီမျိုး၊ လိုချင်ယူကြလို့ဆိုတာပါပဲ၊

တိုင်းပြည်က သူတို့ခိုးယူထားတာတွေလည်းကုန်ပြီ
ဆိုတော့ ငန်းငန်းတက်ဖြစ်နေကြတဲ့ အတိုက်အခံ
တွေကို အရေးမပါလှတဲ့လုပ်ပိုင်ခွင့်တွေကို ပေးပြီး
တော့ power sharing လုပ်မဲ့သဘောပါပဲ၊ 

စစ်မှန်တဲ့ဒီမိုကရေကိုရမှလို့ အမြဲတန်းကြွေးကျော်လာကြတဲ့ 
အတိုက်အခံ ခေါင်းဆောင်တွေကလည်း ဒီမိုကရေစီကို 
မသိမသာလေးဈေးလျှော့ပြီး ပြုပြင်ပြောင်းလဲရေးကို 
အသံကုန်အော်ဟစ်လာကြတယ်၊ ဆိုးပါတယ်၊

တကယ်တန်းကျတော့ ပြုပြင်ပြောင်းလဲရေးမဟုတ်တော့ပဲ 
အာဏာရှင်နဲ့ပြေရာပြေကြောင်း ဒီမိုကရေစီဆိုတဲ့
အလှကညာဆိုတဲ့သမီးပျိုလေးကို ရုပ်ဆိုး အကျည်း
တန်လှတဲ့ အာဏာရှင်သတို့သားလက်ထဲကို 
ရက်ရက်စက်စက် ၀ကွက်အပ်ပေးသလိုဖြစ်နေတယ်၊

တကယ်တန်းသာဆိုရင် ထာဝရအာဏာရှိရေးကို 
အခြေခံထားတဲ့ တပ်မတော်ရဲ့မူဝါဒ ပြောင်းလဲရေးကို 
ပထမဦးဆုံးဆွေးနွေးသင့် တောင်းဆိုသင့်တယ်လို့
ထင်ပါတယ်၊ တပ်မတော်ဆိုင်ရာပြုပြင်ပြောင်းလဲရေး 
(Military Reformation) ကိုလက်တွေ့မလုပ်ပဲနဲ့တော့ 
ဒီမိုကရေစီ စစ်စစ်မှန်မှန်ကို လုံးဝရမှာမဟုတ်ဘူး၊
 
စစ်ဗိုလ်စစ်သားတွေဟာ စစ်တိုက်ရတာတစ်ခုတည်းနဲ့ 
သူတို့ကိုယ်သူတို့ တိုင်းပြည်အတွက်အရေးအကြီးဆုံး
လူတန်းစား ဆိုတဲ့အတွေးအခေါ်ရှိနေသ၍ ပြုပြင်ပြောင်း
လဲရေးဆိုတာ အာမခံချက်လုံးဝမရှိနိုင်ဘူး၊ ဒီအချက်ဟာ ပြုပြင်ပြောင်းလဲရေးရဲ့အဓိကသော့ချက်ဖြစ်တယ်၊

ယုတ်အဆွဆုံးပြောလိုက်ပါမယ်၊ ရှေ့အနာဂတ်အတွက် 
အခုဗိုလ်လောင်းရွေးတာကစပြီး မူဝါဒအသစ်တွေ အတွေးအခေါ်သစ်တွေနဲ့သွားရမဲ့အချိန်ဖြစ်တယ်၊ 
တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့ 
အတွေးအခေါ်တိုက်ဖျက်ရမဲ့အချိန်ဖြစ်တယ်၊ 

ဗိုလ်လောင်းတွေကို စစ်ဗိုလ်ချုပ်တွေ့အလိုကျရွေး
ချယ်တာမဟုတ်ပဲ၊ နိုင်ငဲတော်မှာရှိတဲ့ တတ်သိပညာရှင်တွေ၊ 
ဌါနဆိုင်ရာအရာရှိတွေ၊ တက္ကသိုလ်ကထိကတွေအပါအ၀င် 
တပ်မတော်ခေါင်းဆောင်တွေ စုပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ 
ရွေးချယ်ရေးအဖွဲ့ကနေပြီး ရွေးချယ်ပေးတဲ့စနစ်တခုကို အကောင်အထည်ဖေါ်ဆောင်ရွက်သင့်နေပြီလို့ထင်ပါတယ်၊
 
ဒါမှ အနာဂတ်မှာ လူထုကို အမှန်တကယ်အကျိုးပြုမဲ့ တပ်မတော်သားကောင်းတွေပေါ်လာမှာပါ၊
ဒီနေ့တပ်မတော်ထဲမှာက တနေ့ငါအရာရှိကြီးဖြစ်ရင် 
ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့ တပ်မတော်အရာရှိ
တွေများနေတာကိုတော့ ငြင်းလို့ရမယ်မထင်ဘူး၊ 
အဲသလိုအတွေး အခေါ်တွေရှိနေသ၍ ပြုပြင်ပြောင်း
လဲရေးဟာ သိပ်ကိုအရာထင်မှာမဟုတ်ပါဘူး၊

ဒါကြောင့် ဒီနေ့ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ 
အကောင်အထည်ဖေါ်ခွင့်ရနေသူတွေ 
(လွတ်တော်ကိုယ်စားလှယ်များအပါအ၀င်) 
အနေနဲ့ တပ်မတော်ဆိုင်ရာမူဝါဒသစ်ကို 
ချနိုင်ဘို့ရာအတွက် အဓိကလုပ်ဆောင်ရပါလိမ့်မယ်၊
ပထမဦးစားပေး လုပ်ကိုလုပ်ရပါလိမ့်မယ်၊ 

ကိုယ့်ဝမ်းနာကိုယ်သာသိမို့ မပြောချင်ပြောချင်
နဲ့ပြောလိုက်မယ်၊ လွတ်တော်ကိုယ်စားလှယ် 
(၄၁)ဦးအတွက် ၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြု
ပေးလိုက်ရခြင်းတာဟာ ကျနော်တို့အတွက်
အရှုံးအများကြီးထွက်ပါတယ်၊ အဲဒီအရှုံးကို 
ပြန်ကာမိဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို 
လုပ်မယ်လို့ကြွေးကျော်ထားတဲ့သူတွေ လက်တွေ့ 
အလုပ်နဲ့သက်သေပြရတော့မဲ့ အချိန်မဟုတ်ပါလား၊

No comments: