စက်တင်ဘာ (၁၃) ရက်နေ့ မနက် (၉) နာ
ရီတွင် အီရန်သံအမတ်ကြီး မစ္စတာ
ဟူစိန်ကင်မာလီယာသည် အဖွဲ့ဝင် (၃)
ဦးဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးခမ်းမတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊
ရခိုင်ရပ်မိရပ်ဖများ၊ ဘင်္ဂလီခေါင်းဆောင်များနှင့် (၉)နာရီ (၃၀)မိနစ်၌ တွေ့
ဆုံဆွေးနွေးစဉ် ဘင်္ဂလီကိုယ်စားပြု ဦးကျော်မြင့်က မိမိတို့အပေါ် အမည်နာမအမျိုးမျိုးခေါ်ဝေါ်နေမည့်အစား နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့မျိုးနွယ်စု
အမည်တစ်ခုကို တိတိကျကျသတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း
သတင်းရရှိသည်။
"အစည်းအဝေးမှာ ရခိုင်အဖွဲ့က ဒီမှာ ရိုဟင်ဂျာလုံးဝမရှိဘူး။ ဘင်္ဂလီပဲရှိတယ်
လို့ပြောတယ်။ ကျနော် ပြောတာက ကျနော့်အဖေကျတော့ ရခိုင်မူဆလင်ပြောတယ်။
ကျနော့်အမေကျတော့ ဗမာမူဆလင်ပြောတယ်။ ကျနော့် အကိုကျတော့
ရိုဟင်ဂျာပြောတယ်။
ကျနော်ကျတော့ ဘင်္ဂလီလို့ပြောတယ်။ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ အစိုးရအနေနဲ့ နာမည်တစ်မျိုးမျိုးသတ်မှတ်ပေးပါ။ လူမျိုးနာမည်တစ်ခုခု သတ်မှတ်ပေးပါလို့
ကျနော်တင်ပြခဲ့တယ်။ " ဟု ဦးကျော်မြင့်က ပြောသည်။
ဆွေးနွေးပွဲ၌ ရခိုင်ကိုယ်စားပြု ဦးရွှေထွန်းအောင်က အီရန်သံအမတ်ကြီး ပြော
စကားများတွင်ရိုဟင်ဂျာဟု မကြာခဏ သုံးစွဲပြောဆိုနေခြင်းကြောင့် ၄င်းအနေဖြင့်
ရခိုင်မှာရိုဟင်ဂျာမရှိဟု ပြောခဲ့ကြောင်း။
ဘင်္ဂလီတချို့က မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတချို့ကိုရလို၍
ရိုဟင်ဂျာအမည်ဖြင့် လူမျိုးအမည်တုဖန်တီး လုပ်ဆောင်ခြင်းသာလျင်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်ဟု တယ်လီဖုန်းမှတဆင့် Arakan Times သို့ပြောကြား ခဲ့သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့်
မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း
အားမေးမြန်းရာ ၄င်းက မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံတော်က သတ်မှတ်ထားသည့်
လူမျိုး(၁၃၅) မျိုးမှာ ရိုဟင်ဂျာမပါဝင်ကြောင်း၊
နိုင်ငံတော်ပိုင်းကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဟု
ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု
တိုင်းရင်းသား အားလုံးက မရှိဟု သတ်မှတ်ထားသလို၊ လက်လည်းလက်မခံတဲ့
ရိုဟင်ဂျာအမည်နာမကို သုံးနေမည့်အစား၊
မူရင်းမိမိတို့ပကတိ အသွင်အပြင်ကို ထင်ဟပ်စေသည့် ဘင်္ဂလီအမည်ကို
သုံးခြင်းဖြင့် ရခိုင်ပြည်နယ်မှာ အုပ်စုနှစ်ခုကြား တည်ငြိမ်၊ ငြိမ်းချမ်းမှု ပြန်လည်
တည်ဆောက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း ပြောဆိုသည်။
ကုန်ခဲ့သည့်ရက်ပိုင်းအတွင်းက မီဒီယာများအနေဖြင့် ရိုဟင်ဂျာအစား ဘင်္ဂလီကို
သုံးကြပါရန် ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းကိုယ်စား MJA ဥက္ကဌ
ဆရာမောင်ဝံသထံ မေတ္တာရပ်ခံခဲ့သော ပြည်နယ်သတင်းစာ ဆရာအသင်းဒုဥက္ကဌ
စာရေးဆရာ ဗဂျီကျော်က " မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေအရ
၁၉၄၂ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့ အမည်
ကိုမတွေ့ရဘူး။
ပြည်ပကိုရောက်နေသူ တချို့က ရိုဟင်ဂျာအမည်သစ်ကို သုံးပြီးတော့ နိုင်ငံတကာ
မှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ ဆီကနေ အထောက်အပံ့ရဖို့ ကြိုးပမ်းနေ
တာ ဖြစ်တယ်။
မရှိတာကို အတင်းလုပ်ထားတဲ့အတွက် ရိုဟင်ဂျာဆိုတဲ့အမည်ကို ဘယ်လိုမှ အသိ
အမှတ်ပြုလို့ရမှာ မဟုတ်ဘူး။
ဒီနာမည်သစ်ဖန်တီးတာကို လက်ခံလိုက်ရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားဖြစ်မှု၊
တိုင်းရင်းသားဖြစ်မှု၊ အချုပ်အခြာ နယ်နမိတ်ကအစ အထူးစိုးရိမ်စရာဖြစ်
လာနိုင်တယ်။
ဒါကြောင့် သူတို့က အမည်နာမတောင်းဆိုလာရင် အစဉ်အဆက် သုံးလာခဲ့တဲ့
ဘင်္ဂလီ ဟာ အကောင်းဆုံးပါပဲ။ " ဟု ပြောသည်။
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရက ဘင်္ဂလီဆိုသည့်အမည်မှာ
ဘင်္ဂလားဒေသ နေထိုင် သူများဟုအမည်ရကြောင်း၊ရခိုင်တိုင်းရင်းသားများက
ပြည်ထောင်စုအနောက်တံခါးကို လုံခြုံအောင် ထိန်းသိမ်းပေးထားခြင်း
ဖြစ်ကြောင်း၊
လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းရရှိခံစားခွင့်ရှိသလို မိမိတို့၏ အချုပ်အခြာ
နယ်နိမိတ်ကို ဥပဒေနှင့်အညီ ကာကွယ်ခွင့်လည်းရှိကြောင်း၊ ဘယ်နိုင်ငံမဆို တရား
မ၀င်ခိုးဝင် လာသူတွေကို ဥပဒေမဲ့လက်ခံ၍ နယ်မြေပိုင်နက်သတ်မှတ်ပေးမှာ
မဟုတ်ကြောင်း၊
ဥပဒေနှင့်အညီ ရိုးသားစွာ နိုင်ငံသားအခွင့်အရေးကို ရရှိအောင် ဆောင်ရွက်
သင့်ကြောင်း၊ ရခိုင်ဟာရခိုင် ဗမာဟာဗမာ ကုလားဟာကုလား နာမည်
သတ်မှတ်မှာ ရှက်စရာ မလိုပါကြောင်း၊
ဧည့်သည်က အိမ်ရှင်ကိုနှင်ပြီးမှ မိမိနယ်မြေ သတ်မှတ်ရန်ကြံရွယ်ခြင်းသည်
မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း၊
လူ့အခွင့်အရေးအရကြည့်လျင်လည်း လူသားမဆန်သည့် လုပ်ရပ်
သာဖြစ်ပါကြောင်း တယ်လီဖုန်း မှ တဆင့်ပြောကြားသည်။
ဒေသခံမူဆလင်များကိုယ်စား သက္ကေပြင်ကျေးရွာမှ ဦးကျော်မြင့်မှ ရခိုင်ဒေသသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မူဆလင်ဘာသာဝင်များ၏ အမည်နာမတောင်းဆိုချက်ပေါ် ရခိုင်အရေး ကျွမ်းကျင် သူများကလည်း ယခင့်ယခင်အစဉ်အဆက် ခေါ်ဝေါ်သတ်မှတ်လာခဲ့သော ဘင်္ဂလီ အမည်ကိုသာ
သုံးစွဲသင့်ပါကြောင်း ဆန္ဒပြု ပြောဆိုကြသည်။
Arakan Times

"" မီဒီယာများတွင် “ရိုဟင်ဂျာ” သုံးနှုန်းခြင်းအား ရပ်တန့်ရန် ရခိုင်သတင်းစာ ဆရာအသင်းမှ တောင်းဆို "
ပြည်ပမီဒီယာနှင့် ပြည်တွင်းမီဒီယာ
များတွင် “ရိုဟင်ဂျာ” ဟု သုံးစွဲနေခြင်း
အားရပ်တန့်ပြီး ဘင်္ဂလီဟုသုံးကြရန် MJN
အနေဖြင့် စာထုတ်ပြန်ပေးပါရန် ရခိုင်
ပြည်နယ်သတင်းဂျာနယ်အယ်ဒီတာ ဗဂျီးကျော်မှ MJA ဥက္ကဌ မောင်ဝံသထံ
တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၉) ရက်နေ့ မနက် (၁၀) နာရီတွင်
ရခိုင်ပြည်နယ်ပြန်ဆက်ရေးရုံး၌ သတင်းစာဆရာအသင်း
ဥက္ကဌ ကျွန်းသားငမန်း၏ ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအပြီး၊ မြန်မာနိုင်ငံ
သတင်းစာဆရာအသင်း(MJA) ဥက္ကဌ ဆရာမောင်ဝံသနှင့် ရခိုင်ပြည်နယ် သတင်းစာ
ဆရာအသင်းတို့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့စဉ် တောင်းဆို
ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)
ဥက္ကဌ ဆရာမောင်ဝံသက ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်
တာဝန်ဖြင့် စစ်တွေမြို့တွင် ခေတ္တရောက်ရှိလာစဉ် တွေ့ဆုံပွဲတွင် ယခုကဲ့သို့
တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
" နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ပြော
ထားတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာလဲ ရိုဟင်ဂျာမပါဘူး။ နိုင်ငံအစိုးရ အဆက်ဆက်ကလဲ
ဘင်္ဂလီလို့ပဲသုံးလာခဲ့တာ။
ရခိုင်တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာကိုသုံးတာ လုံးဝမကြိုက်ဘူး။
ဒါကြောင့် ခေတ်အဆက်ဆက်တောက်လျှောက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့စကားလုံးကိုပဲ
သုံးကြဖို့ MJA ကနေ ပြည်တွင်းမီဒီယာတွေကို မေတ္တာရပ်ခံပေးဖို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းကိုယ်စား တောင်းဆိုတာပါ။ " ဟု ဗဂျီးကျော်က ဆိုသည်။
ဆရာမောင်ဝံသက ပြည်တွင်းမီဒီယာတချို့၌ ဘင်္ဂလီများအား “ရိုဟင်ဂျာ” ဟု ဖော်ပြနေခြင်းနှင့်
ပတ်သက်၍ စာပေစီစစ်ရေးမရှိတော့သည့် နောက်ပိုင်းမိမိတို့အနေဖြင့် သတင်းဂျာနယ်များကို ဘယ်လိုရေးပါ၊
ဘယ်လို မရေးပါနှင့်ဟု ညွှန်ကြားခွင့်မရှိသော်လည်း မေတ္တာရပ်ခံစာပေးပို့မည်ဆိုက ဖြစ်နိုင်ပါကြောင်း ပြန်လည်ရှင်း
လင်းခဲ့ ကြောင်းသိရသည်။

ဆရာမောင်ဝံသက မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)သည် ၁၉၆၂ ခုနှစ်
ဝန်းကျင်က ဖျက်သိမ်းခံခဲ့ရသော BJAကို ဆက်ခံခြင်းဖြစ်ကြောင်း၊
စစ်အစိုးရခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနှင့် ကြိုးပမ်းခဲ့ကြသောသတင်းစာ
ဆရာကြီးများကိုလည်း ကျေးဇူးတင်ကြောင်း၊
အာဏာရှင်စနစ်နှင့်စာလျှင် ဒီမိုကရေစီခေတ်မှာ ပိုပြီးတော့လွတ်လပ်မှု ရှိ
လာကြောင်း၊ တခြားသတင်းစာဆရာသမဂ္ဂများကိုလည်း အချင်းချင်း လေးစားရ
မှာဖြစ်ကြောင်း၊
အထူးသဖြင့်မြန်မာသတင်းစာဆရာများ ကွန်ယက်(MJN)ဆိုလျင် မိမိနှင့်အထူးပင်
တရင်းတနှီးရှိကြောင်း၊ မကြာမီ စာနယ်ဇင်းကောင်စီကိုစနစ်တကျဖွဲ့စည်းသွားမှာဖြစ်ကြောင်း
ပြောဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းမှ အသင်းဝင် သတင်းထောက်
(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Arakan Times

No comments:
Post a Comment