Wednesday, September 12, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် Extractive Industries Transparency Initiative (EITI) အဖွဲ့တို့ နေပြည်တော် အိမ်တွင် တွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည်က အခု ကြေးနီတွင်းကိစ္စကို ဘာမှမပြော ဘာမှ မလုပ်ဘူးတဲ့ .... လုပ်တာပေါ့ ၊ လုပ်တာမှ တစ်နိုင်ငံလုံးက သတ္တုတွင်းတွေ ရေနံတွင်းတွေ အတွက် အလုပ် လုပ်နေတာပါ ။ ဂျာနယ်လှန် ကြည့်ရုံနဲ့ မမြင်နိုင်တဲ့ အလုပ်တွေပါ ။

ဒေါ်အောင်ဆန်းစုကြည် နှင့် Extractive Industries Transparency Initiative (EITI) အဖွဲ့တို့ နေပြည်တော် အိမ်တွင် မကြာသေးမီက တွေ့ဆုံနေတဲ့ ဓါတ်ပုံပါ ....

အမေရိကန် ၊ အင်္ဂလန် နှင့် ဒီမိုကရေစီနို
င်ငံများ အားလုံးဟာ EITI ကို လိုက်နာပါမယ်လို့ သဘောတူ စာချုပ် ချုပ်ပြီးသားပါ၊ "တူးအား တူး၏ ဘေးတွင် ပုံထား" လို့ မရတဲ့ စည်းကမ်းချက်များစွာကို လိုက်နာဖို့ စောင့်ကြည့်တဲ့ အဖွဲ့ပါ။

တရုတ်တော့ မပါဘူးပေါ့လေ ၊ အဲသည်တော့ နိုင်ငံသားအကျိုးစီးပွားကို ထိန်းသိမ်းချင်ရင် ဘယ်နိုင်ငံတွေနဲ့ အလုပ်လုပ်ရမယ်ဆိုတာ ၀ူတိန့်ရှိန်တို့ တွက်ချက်ရမှာပေါ့ ၊ အခုလည်း အမေရိကန် နှင့် အီးယူများက ကုမ္ပဏီများက မြန်မာနိုင်ငံအနေနဲ့ EITI ကို လိုက်နာမှ လာရောက် ရင်းနှီးမြှပ်နှံမယ်လို့ ပြောလိုက်ပါပြီ ၊ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွန်းအားတွေ ၀ီရိယတွေ စေတနာတွေရဲ့ အကျိုးဆက်ပေါ့ ...

ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ သူရဲကောင်း နိုင်ငံရေး ၊ ကြေငှာချက်ထုတ် နိုင်ငံရေး မဟုတ်ပါဘူး ၊ နားလည်ပါ။

www.facebook.com/photo.php?fbid=10151120559584274&set=pb.182289264273.-2207520000.1347438429&type=1

No comments: