by ခွန် ဒီးယမ် on Tuesday, September 18, 2012 at 2:38pm ·
ဒေါ်အောင်ဆန်းစုကြည်စု၏ Global Vision Award ဆုလက်ခံပွဲ မိန့်ခွန်း ကောက်နှုတ်ချက်များနှင့် မှတ်တမ်း ဓာတ်ပုံများ (18-9-2012)
မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားဖို့ မလိုအပ်ကြောင်း၊
ရွေးကောက်ပွဲရှိရုံနဲ့ ဒီမိုကရေစီ အတောင်အလက် မပြည့်စုံသေးကြောင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓလေ့တွေနဲ့ အသင်းအဖွဲ့များလဲ ရှိဖို့ လိုအပ်ကြောင်း၊
သမတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲလိုစိတ် ရှိသူတစ်ဦးဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါကြောင်း၊
မြန်မာ့တရားစီရင်ရေးစနစ်ဟာ အားအနဲဆုံး မဏ္ဍိုင်ဖြစ်ကြောင်း၊
မြန်မာ့ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေဟာလဲ ဆိုးဆိုးဝါးဝါးချို့ယွင်းချက်တွေ ရှိနေကြောင်း၊
အကျိုးထက် အပြစ်ပိုများနေတဲ့ ဥပဒေပုဒ်မများကို မဆိုင်းမတွ ပယ်ဖျက်ပြစ်သင့်ကြောင်း၊
တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝရရှိရေးတို့ဟာ ခွဲခြားထားလို့မရ ဒွန်တွဲနေတဲ့အရာများ ဖြစ်ကြောင်း၊
NLD ပါတီဟာ ရခိုင်အရေးအခင်းအပေါ် နိုင်ငံရေးအမြတ်ထုတ်မယ့်ပါတီ မဟုတ်ဘူးဆိုတာ အစိုးရကို အသိပေးလိုပါကြောင်း၊
NLD ပါတီအပေါ် အားမလိုအားမရဖြစ်နေကြသူများအနေနဲ့လဲ NLD ဟာ အာဏာရပါတီမဟုတ်သေးဘူးဆိုတာကို မမေ့လျော့ကြစေချင်ကြောင်း၊
ကချင်စစ်ပွဲများနဲ့ပတ်သက်လို့လဲ တစ်နေ့နေ့မှာတော့ ငြိမ်းချမ်းရေးရမှာပါဆိုပြီး ခပ်အေးအေးလုပ်နေလို့ မဖြစ်ကြောင်း၊ ဘယ်အချိန်မှာ ဘယ်အဆင့် ရောက်ကိုရောက်ရမယ်ဆိုပြီး အချိန်ဇယား သတ်သတ်မှတ်မှတ်နဲ့ အလျင်အမြန် လုပ်ကိုင်သွားသင့်ပါကြောင်း၊
လွှတ်တော်ဥက္ကဋ္ဌ ၂ပါးစလုံးဟာ NLD အပါအဝင် အတိုက်အခံပါတီများအပေါ် နားလည် ကူညီမှုရှိကြပါကြောင်း၊
နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးဟာ အပေးအယူ၊ အလျှော့အတင်း၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်တတ်အောင် ကြိုးစားကြစေလိုကြောင်း၊
ဆန်ရှင်ဖြေလျှော့လာမှုကို အားပေးထောက်ခံပါကြောင်း၊ ဒါပေမယ့် ဆန်ရှင်လျှော့ချပေးတာတစ်ခုထဲကသာ မြန်မာကို ကူညီနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနဲ့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလဲ ပေးစေလိုပါကြောင်း၊
အစိုးရရဲ့ ထိမ်းချုပ်အမိန့်ပေးနိုင်ခွင့်အောက်မှာ မြန်မာ့တပ်မတော် လုံးလုံးလျားလျားရှိမနေဘူးလို့ ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်က သံသယဝင်နေတယ်လို့ ထင်မြင်မိကြောင်း၊
ရခိုင်အရေးဟာ နိုင်ငံသားဖြစ်မှု မဖြစ်မှုထက် တရားဦးပဒေစိုးမိုးမှု ရှိမရှိနဲ့ ပိုမိုပက်သက်နေပါကြောင်း၊
၈၈ကျောင်းသားများ၊ ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူများ အစရှိသူတို့ဟာ ကိုယ်စီကိုယ်စီ အခြေအနေနဲ့ ဝါသနာ၊ ကျွမ်းကျင်မှု အမျိုးမျိုးပေါ်မူတည်ပြီး သန်ရာသန်ရာ အပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်ကြပါကြောင်း၊ တစ်ခုထဲ တစ်နေရာထဲ တစ်မျိုးထဲ လုပ်ရမယ်လို့ တွေးဖို့ မလိုပါကြောင်း၊

( ဟီလာရီကလင်တန် အဖွင့်မိန့်ခွန်း ကောက်နှုတ်ချက် )
Spring Flowers
သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။
နေပြည်တော်မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာတစ်ခါပါ ။ နောက်တစ်ပတ် UN
အထွေထွေအစီးအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေပါတယ် ။
ဒီနေ့မနက်က State Department မှာ ကျမနဲ့ ဒေါ်စုတို့
ရှေ့အနာဂတ်အလုပ်တွေကို ဆွေးနွေးဖြစ်ကြတယ် ။ လုပ်စရာအလုပ်တွေကလည်း
အများသားလေ ။ ဒေါ်စု US ကို ဒီအချိန် လာရခြင်းရဲ့ အရေးကြီးတဲ့
အကြောင်းတစ်ချက်ကတော့ ရှေ့မှာလုပ်စရာတွေ ဘယ်လောက်တောင် ကျန်သေးတယ်ဆိုတာ
လာသတိပေးတာလို့ ကျမယူဆပါတယ် ။ တရားဥပဒေစိုးမိုးရေးက အစ
ရခိုင်ပြည်နယ်အရေးနဲ့ တခြားတိုင်းရင်းသားပဋိပက္ခတွေအရေးအဆုံးပေါ့
။ ပြုပြင်ပြောင်းလဲရေး reforms တွေကိုလည်း ဆက်လုပ်ရဦးမယ် ။
အခြေအနေပေးရင် တိုင်းပြည်ကို မှားယွင်းတဲ့ လမ်းကြောင်းပေါ်ပို့နိုင်တဲ့
အားတွေကလည်း ရှိနေတယ် ။ ဒီတော့ နောက်ပြန်ဆွဲမဆွဲဖို့ရာလည်း သတိထားရမယ် ။
ကျမတို့ State Department နဲ့ သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ကတော့  ဒီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ရဖို့ ပထမဆုံးတိုက်တွန်းပြောမယ့်လူတွေ ဆိုတာ
အသေအချာပါဘဲ ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ် ။
တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ စစ်ပွဲပဋိပက္ခတွေက အမျိုးသားရင်ကြားစေ့ရေး ၊
တည်ငြိမ်အေးချမ်းရေးကို နှောင့်နှေးစေတေယ် ။ မြောက်ကိုးရီးယားနဲ့
စစ်ရေးဆက်သွယ်မှုတွေကလည်း ရှိနေသေးတယ် ။ တရားဥပဒေစိုးမိုးဖို့ဆိုရင်
နောက်ထပ် reform တွေ လိုသေးတယ် ။ ပွင့်လင်းမြင်သာမှု transparency
တွေကို မြှင့်တင်ရမယ် ။ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ
စိန်ခေါ်မှုတွေလည်း ထည့်စဉ်းစားရမယ် ။
ဒါပေမယ့် အမေရိကန်ကတော့
မြန်မာပြည်မှာ စနေပြီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို အားပေးဖို့
မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ် ။
အခုဆိုရင် နှစ်နိုင်ငံသံအမတ်တွေရှိတဲ့အဆင့် ထိ တက်လှမ်းနိုင်ခဲ့ပြီ ။ စီးပွားရေးပိတ်ဆိုမှုလျှော့ချပြီး
အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင်
လမ်းခင်းပေးခဲ့ပြီးပြီ။ အဲဒီလို ရင်းနှီးမြှုပ်နှံရာမှာ လက်ရှိဖြစ်နေတဲ့
အပြောင်းအလဲတွေကို အနှောင့်အယှက်မဖြစ်ဘဲ ပိုမြန်ပိုတိုးတက်သွားအောင်
နည်းနဲ့ မြှုပ်နှံမှာပါ ။
US အနေနဲ့ မြန်မာအစိုးရနဲ့ရော ၊
အတိုက်အခံခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးစွာ ဆက်ဆံထားပါတယ် ။ မြန်မာပြည်အသစ်
new Burma ရဲ့ ပထမဆုံး အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ရှယ်လည်း အခု
ကျမတို့နဲ့ အတူ ရှိနေပါတယ် ။ သူနဲ့ သူ့လက်ထောက်အတွင်းရေးမှုး Kurt Campbell
တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ သင့်တော်လိုအပ်တဲ့နေရာမှာ အကူအညီတွေ
ပေးနိုင်အောင် မြန်မာပြည် မဲဆန္ဒနယ်အသီးသီးက အမတ်တွေနဲ့ အမြဲမပြတ်
ဆွေးနွေးမှုတွေ လုပ်လျက်ပါ ......။
သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။ နေပြည်တော်မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာတစ်ခါပါ ။ နောက်တစ်ပတ် UN အထွေထွေအစီးအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေပါတယ် ။
ဒီနေ့မနက်က State Department မှာ ကျမနဲ့ ဒေါ်စုတို့ ရှေ့အနာဂတ်အလုပ်တွေကို ဆွေးနွေးဖြစ်ကြတယ် ။ လုပ်စရာအလုပ်တွေကလည်း အများသားလေ ။ ဒေါ်စု US ကို ဒီအချိန် လာရခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းတစ်ချက်ကတော့ ရှေ့မှာလုပ်စရာတွေ ဘယ်လောက်တောင် ကျန်သေးတယ်ဆိုတာ လာသတိပေးတာလို့ ကျမယူဆပါတယ် ။ တရားဥပဒေစိုးမိုးရေးက အစ ရခိုင်ပြည်နယ်အရေးနဲ့ တခြားတိုင်းရင်းသားပဋိပက္ခတွေအရေ
ကျမတို့ State Department နဲ့ သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ကတော
ဒါပေမယ့် အမေရိကန်ကတော့ မြန်မာပြည်မှာ စနေပြီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို အားပေးဖို့ မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ် ။
အခုဆိုရင် နှစ်နိုင်ငံသံအမတ်တွေရှိတဲ့အဆင်
US အနေနဲ့ မြန်မာအစိုးရနဲ့ရော ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးစွာ ဆက်ဆံထားပါတယ် ။ မြန်မာပြည်အသစ် new Burma ရဲ့ ပထမဆုံး အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ရှယ်လည်း အခု ကျမတို့နဲ့ အတူ ရှိနေပါတယ် ။ သူနဲ့ သူ့လက်ထောက်အတွင်းရေးမှုး Kurt Campbell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ သင့်တော်လိုအပ်တဲ့နေရာမှာ အကူအညီတွေ ပေးနိုင်အောင် မြန်မာပြည် မဲဆန္ဒနယ်အသီးသီးက အမတ်တွေနဲ့ အမြဲမပြတ် ဆွေးနွေးမှုတွေ လုပ်လျက်ပါ ......။
No comments:
Post a Comment