Monday, November 8, 2010

11.08.2010

 မြတီမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ နောက်ဆုံးသတင်းတွေ

တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အခြေအနေတွေရှိနေပြီး အတည်မပြုနိုင်တဲ့ သတင်းတွေအရ နအဖ တပ်တွေက လူထုတွေကို ထွက်ခွါခိုင်းနေပြီး လေယာဉ်သုံးဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

ထိုင်းဘက်မှာတော့ လက်နက်ကြီး ကျည်ဆံကျရောက်မှုကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

လူနှစ်ဦးခန့်သေဆုံးပြီး ၆ဦးခန့် မဲ့ဆောက်ဆေးရုံမှာ တက်ရောက်နေတယ်လို့ဆိုပါတယ်။

အခုအခါမှာတော့ ကမ်းနားက ထိုင်းနဲ့ မြန်မာမိုက်ဂရန့်ကျောင်းတွေ ပိတ်ထားလိုက်ပြီး၊ CDC  ကျောင်းမှာ တက်နေတဲ့ မဲဆောက်ကမ်းနားဒေသ အနီးတိုက်မှာနေတဲ့ ကလေးတွေကို ကျောင်းကပဲ စောင့်ရှောက်ပေးထားရတယ်လို့ ဆိုပါတယ်။

ကမ်းနားဘက်က ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေကိုတော့ ထိုင်းအာဏာပိုင်တွေက လေဆိပ် အနားမှာပဲ ယာယီတဲတွေ ထိုးပြီး စောင့်ရှောက်ကူညီနေတယ်လို့ သိရပါတယ်။

တိုင်းရင်းသား အဖွဲ့အချို့ကလဲ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေရရှိပါတယ်။

 ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။

 ပြန်ပစ်ပြီ.... မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။



ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲဝင်ပြီ (၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...

 ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။


 တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ထသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။ 

၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။

  တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်ငယ်အသုံးများ အဆက်မပြတ်ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။

မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။

DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ် ကောဂရိတ် ကောဂရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။

ဘုရားသုံးဆူမြို့နယ် တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း... ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဒီကေဘီအေတပ်များနှင့် မွန်ပြည်သစ်ပါတီကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက် တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မဲဆောက် မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။

No comments: