Sunday, November 14, 2010

ကျမကလည်း ပြည်သူတွေကိုချစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်








ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းSource:Mizzima
" ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့ အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်"
 " လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

" ပြည်သူ့လုပ်အားနဲ့အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။"

 " သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် "

" ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။"

" ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။  အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။"

" ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး "

"ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလို့ပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး''

"ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်''



ဒီနေ့သစ်ဟာ-ဒို့အားလုံးကို အင်နဲ့ အားသစ်တွေပေးလားပြီ။
ဒီနေ့သစ်ဟာ-ဒို့ကို အောင်မြင်ခြင်းအသစ်တွေ ပေးလာမယ်။
လမ်းဟောင်းဆက်မသွားဘို့ အမှားဟောင်းဆက်မမှားဘို့ ပြင်ဆင်ဘို့အချိန်ရှိတဲ့အချိန်ပါ။
လေကောင်းတွေ ရှုရှိုက်ကြ။ စိတ်ဓါတ်တွေစုစည်းထား-ဒီနေ့သစ်ဟာ-တို့အားလုံးကို ပျော်ရွှင်ခြင်း
နေ့တွေပေးလာမယ်။ဒါဟာကမ္ဘာမြေအတွက်မင်္ဂလာရှိတဲ့အချိန်ပဲ။



မင်္ဂလာပါ၊

တိုက်ပွဲဝင်မြန်မာ့ဒီမိုကရေစီအင်အားစုများခင်ဗျား။

နယ်သာလန်နိုင်ငံရှိ(မြန်မာ့ဒီမိုကရေစီအင်အားစု-နယ်သာလန်)အဖွဲ့ အစည်းမှ၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းအပေါ်

ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ချက်ကိုပေးပို့ လိုက်ပါသည်။



__._,_.___

Attachment(s) from M.THIHA MYAT

1 of 1 File(s)

Statement on DASSK Free 2010.pdf (197KB).pdf








အမေ့ရဲ့အပြုံးတွေဟာ ကျနော့်နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းနေတယ်အမေ။

ဝမ်းနည်းပီတိဆိုတာ အဲဒါကိုခေါ်သလားအမေ။

 အမေမြင်လိုက်ရတဲ့ အမေ့ကိုချစ်တဲ့ပြည်သူတွေကြောင့် အမေ၀မ်းသာကောင်းသာပါလိမ့်မယ်။

သူစိမ်းကနှိပ်စက်တာကိုခံနေရတဲ့ကလေးတယောက် အမေအရင်းကိုတွေ့လိုက်ရတဲ့အချိန် အားကိုးဝမ်းသာဖြစ်ပုံမျိုးနဲ့ ပြည်သူတွေအမေ့ကိုကြိုခဲ့ကြတာပါ။

အဲဒါကို အမေသိတယ်ဆိုတာ အမေ့အပြုံးက ဖော်ပြနေတယ်အမေ။

အမေ့ရဲ့အပြုံးဟာ အဓိပ္ပါယ်ပေါင်းများစွာရဲ့ သင်္ကေတတခုလားအမေ။

ကျနော်လေ.......... ပြည်သူတွေရဲ့သောကကို အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ......... သူရဲကောင်းရှာတတ်တဲ့ ကျနော်တို့လူမျိုးတွေအတွက် မချိတင်ကဲဖြစ်နေတာကို အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ....... ပြည်သူတွေကို လူဖြစ်ကျိုးနပ်စေချင်တဲ့ဆန္ဒ၊ အဲဒါဟာ အမေ့ဘ၀ပဲဆိုတာ အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ......... ဆက်လျှောက်ရမယ့်လမ်း ကြမ်းတမ်းတယ်ဆိုတာလည်း အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

နောက်ပြီးတော့လေအမေ..........

အမေ့အပြုံးပေါ်မှာ ဇရာဆိုတာကို ကျနော်တွေ့လိုက်ရတယ်အမေ။

အမေပင်ပန်းနေပါပြီအမေရယ်.............

အမေနားသင့်ပြီဆိုပေမယ့် အမေ့လိုလူစားမျိုး ကျနော်တို့ရှာလို့မတွေ့သေးဘူးအမေ။

အမေမပါခဲ့ရင် ကျနော်တို့လျှောက်ရမယ့်လမ်း တော်တော်နဲ့နာလန်ထူနိုင်မှာ မဟုတ်ဘူးအမေ။

အမေနဲ့ကျနော်တို့တတွေ မိုင်ပေါင်းထောင်ချီဝေးနေကြပေမယ့် စိတ်ချင်းကတော့ ဆက်သွယ်မှုရှိနေမှာပါအမေ။

ဓာတ်ပုံထဲကအမေ့အပြုံးနဲ့ လေလှိုင်းထဲက အမေ့အသံတွေဟာ တိုင်းတပါးက ကျွန်သပေါက်သာသာ ကျနော်တို့ဘ၀အတွက် အားဆေးတခွက်ပါအမေ။

အမေနဲ့နှိုင်းစာရင် ကျနော်တို့လုပ်ဆောင်မှုတွေဟာ မြင့်မိုရ်တောင်နဲ့ ပေါက်ကာစနွားဦးချို ပါအမေ။

ဒါပေမယ့်အမေ......................



အမေ့ရဲ့ခံယူချက် ကျနော်တို့နဲ့ထပ်ထူထပ်မျှပါအမေ။



အမေ့ရဲ့ကြီးမြတ်လှတဲ့စိတ်ဓာတ်ကို ကျနော်တို့ရင်ထဲမှာမျိုးစေ့ချရင်း



အမေလျှောက်နေတဲ့လမ်းမှာ ကိုယ့်လိပ်ပြာကိုယ်လုံစွာနဲ့ ဖ၀ါးထပ်ချပ် လိုက်နေလျက်ပါအမေ။



(ခံစားမှုစာစုသာဖြစ်ပါသည်။)

မောင်ပါလ



ဒေါ်စုဘာလုပ်မှာလဲ၊၊သူဘာလုပ်မလဲ၊ဘာလုပ်နိုင်မလဲဗမာတပြည်လုံးကောကမ္ဘာကပါသိတယ်၊နင်မသိတာတော့

ငါစိတ်မကောင်းဘူး။ဘာဘဲဖြစ်ဖြစ်ငါတို့ဗမာလူမျိုးဆိုတာပုဂ္ဂိုလ်ခင်မှတရားမင်တယ်၊ပုဂ္ဂိုလ်မခင်လို့ကတော့ဘာတရား

ဘာတရားမှကိုမမင်ဘူး၊အဲဒီတော့ပညာလည်းတတ်တယ်၊ကမ္ဘာကရောမြန်မာပြည်သူလူထုအများစုကလက်ခံတဲ့အမေစု

ကဦးဆောင်ပါလိမ့်မယ်၊တိုင်းပြည်ရဲ့အခက်အခဲတော်တော်များများကိုဖြေရှင်းပေးနိုင်လိမ့်မယ်ဆိုတာကိုအကြွင်းမဲ့ယုံတယ်၊---



Dear All,

Daw Suu is freed and this is great news for all of us but this is not the ending part.  We should not stop doing what we are doing now.  I want to let anyone of you continue to put pressure on world leaders to stand with her not only Burmese alone. 

We should let her to lead The second
Pin Lon Conference for National Reconciliation like her father did for Union of Burma. So, that will be world leaders can able to put pressure on "so call" news government or leaders Burmese (Myanmar) military junta.  

Now, my suggestion to all of you whom live in outside Burma needed to tell international the 2010 election is not free and fair therefore, international community should not recognize them and ask for international community to put pressure on Burma(Myanmar) for National  Reconciliation.

Love Burma,

Shwe Htee (8888)





တိုက်ပွဲဝင်အင်အားစုများခင်ဗျား ၊

ဒေါ်စု လွတ်မြောက်ခြင်းသတင်းနဲ့  ဒေါ်စုရဲ့ မိန့် ခွန်း ကိုစောင့်နားထောင်နေလို့ ။
ဒီပြသနာကို ရှင်းပေးဘို့ နောက်ကျသွားပါတယ်။ 
တကယ်တော့ လေထီးမန်တလာအောင်မိုးဝင်းက အေဘီကိုသက်သက်စော်ကားတိုက်ခိုက်နေလို့ ကျနော်ကပြန်ရေးရတာပါ။
ကိုကျော်မြတ်ထူး မဟုတ်ပါဘူး။ ကိုသန်းဝင်း ကိုလည်း ကျနော်တို့  အေဘီခေါင်းဆောင်ဟောင်းအဖြစ် လေးစားပါတယ်။
ဒီအချိန်ဟာ ကျနော်တို့ အားလုံး ကျောချင်းကပ် လက်ချင်းချိတ်ထားရမဲ့ အချိန်။
နည်းပေါင်းစုံ တိုက်ပွဲဖော်ဆောင်မှုတွေကို ဝန်းရံရမည့် အချိန်၊ ဒေါ်စုနဲ့ အတူတိုက်ပွဲ ဝင်ရမဲ့ချိန် ဘဲဖြစ်ပါတယ်။
ဒီလိုကျနော်တို့ အားလုံးတယောက်နဲ့ တယောက် အထင်လွဲမှားပြီး ရန်တွေဖြစ်အောင်ထိုးခွဲနေတာ အောင်မိုးဝင်းပါဘဲ။
အဆိုးဆုံးက တိုင်းရင်သား ရခိုင်လူမျိုး အခြင်းခြင်း (ကိုကျော်မြတ်ထူးနဲ့  ကိုသန်းဝင်း) ထသတ်ချင်လောက်အောင်၊
စိတ်ဝမ်းကွဲအောင်၊ အောင်မိုးဝင်းကဘဲ ရခိုင်နာမည်တွေသုံးပြီး ဖန်တီးနေခြင်းဖြစ်ပါတယ်ခင်ဗျား။
အခုလို ခိုင်ကျော်ကျော် ရော ခိုင်မြင့်မြတ် ဆိုတာပါ  ဒီကောင်တကောင်ထဲ လိုက်မွှေနေခြင်းဖြစ်ပါတယ်။
အိုင်ပီ လိုက်ပြီး နယူးရောက်က ရဲဘော်တွေမေးကြည့်တော့ အောင်မိုးဝင်းလိပ်စာဖြစ်နေပါတယ်။ 
အောက်ပါ အိုင်ပီ အက်ဒရက်စ် ကို သက်သေအဖြစ်တင်ပြလိုက်ပါတယ်ခင်ဗျား။






အမေစုကတော့စပြီ..





နဲနဲလေးစမ်းကြည့်မယ်...စမ်းကြည့်မယ်နော်..ဒီရှေ့ကလူတွေကဟိုဖက်ကိုနဲနဲထွက်ထားပေးပြီးဟိုဖက်ကလူတွေကိုနေရာပေးလိုက်ပါလား.



 

No comments: