Saturday, November 13, 2010

Saturday, November 13, 2010

အန်တီရဲ့ စကား

အခုလွတ်လာပြီး အိမ်ရှေ့မှာ ထွက်ပြတဲ့အပြုံးတပွင့်


ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အားလုံးအတူတူ ကြိုးစားလုပ်ကြမယ်လို့ အန်တီစု ပြောသွားတယ် ..

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 4:55:00 PM
0 comments
Links to this post

Labels: သတင်း, ပြည်တွင်းသတင်း

အမေ လွတ်ပြီ

ကျနော်တို့ရဲ့ အမေ လွတ်ပြီဗျ .. ကမ္ဘာပေါ်မှာ ကျနော်တို့လောက် ပျော်တဲ့သူ ရှိမှာ မဟုတ်တော့ဘူးဗျ

Our Mom is free now. We are the most happiest of the world!

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 4:41:00 PM
0 comments
Links to this post

Labels: သတင်း, ပြည်တွင်းသတင်း

သိသမျှ နောက်ဆုံးအခြေအနေ

အန်တီအိမ်ရှေ့မှာ လူ၅၀၀လောက်ရှိတယ်။ သတင်းထောက်တွေ နိုင်ငံခြားသားတွေလည်းပါဝင်ပါတယ်။ နိုင်ငံခြားသားက ၅၀လောက်ရှိမယ်။ ကင်မရာတွေနဲ့ စောင့်နေတယ်။ လူတွေက ငါတို့ ဒေါ်စုနဲ့ အတူရပ်တည်နေတယ်ဆိုတဲ့ တီရှပ်တွေဝတ်ပြီး ဒေါ်စုကျန်းမာပါစေဆို အော်ဟစ်ကြွေးကြော်နေပါတယ်။ လွှတ်ပေးမယ်လို့ရဲတွေက အော်လံနဲ့ အော်ပြောတယ်တဲ့ ။ အခုဆိုရင်ခြံနားက သံဆူးကြိုးနားအထိလူတွေကပ်သွားတယ်။ ရဲတွေက နောက်ဆုတ်ပေးတယ်။ လွှတ်ပေးမယ်လို့လဲပြောတယ်။ မအော်ကြဖို့တားနေတယ်တဲ့ ၆၀၀-၇၀၀ လောက်အနဲဆုံးရှိမယ်လို့ တယောက်က ဆိုပြန်တယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာလမ်းနှင့် ကုက္ကိုင်းလမ်းဆုံတွင် လုံထိမ်းကား ၅စီးထပ်ချထားပါတယ်။ ရုံးချုပ်နားက ကျောက်ဆည်ဓမ္မာရုံမှာလည်း လုံထိမ်းတွေ အတော်များများချထားတယ်လို့ ပြောပါတယ်။ ရွှေတောင်ကြားရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 3:14:00 PM
1 comments
Links to this post

Labels: ပြည်တွင်းသတင်း

လူတွေအတော်များပြီ သံရုံးကားတွေလည်း လာနေပြီ

ကုက္ကိုင်းထိပ်ကို သံရုံးကားတွေရောက်လာပြီလို့ သိရပါတယ်။ သံရုံးကား ၁၃ စီးနဲ့လာနေတာပါ။ အန်တီအိမ်နားမှာ လူ၃ထောင်ကျော်လောက်စုဝေးရောက်ရှိနေပါတယ်။

ဘောက်ထော်မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀၀ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေ ကိုင်ဆောင်ထားပါတယ်တဲ့


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 10:58:00 AM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

Friday, November 12, 2010

မှောင်လာပြီဗျာ

ဒီနေ့မလွတ်တော့ဘူးထင်ပါတယ်။ အာဏာပိုင်တွေ ၀င်ရောက်ပြီး လွှတ်ဖို့ညှိနိုင်းပေမဲ့ အချုပ်ချယ်အကန့်သတ်တွေ ပါနေတာကြောင့် အန်တီစုက သဘောမတူဘူးလို့ အာအက်ဖ်အေသတင်းအရကြားရပါတယ်။ အန်အယ်လ်ဒီရုံးနဲ့ အန်တီခြံအနီးတ၀ိုက်မှာ စောင့်နေတဲ့ ပရိတ်သတ် ၅ထောင်ကျော်ကို အန်အယ်လ်ဒီခေါင်းဆောင်တွေက ကိုယ့်အိမ်ကိုပြန်ဖို့ မေတ္တာရပ်ခံပြီး ပြန်လွှတ်နေပါတယ်။ မနက်ဖြန်မှ ရုံးမှာ လာတွေ့နိုင်တယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်ဗျာ။ ညလွတ်မလားဆိုတဲ့ မျှော်လင့်ချက်လည်း မပေးချင်တော့ဘူးဗျာ။ ဦးသန်းရွှေကတော့ အားလုံးကို အမျိုးမျိုးပညာပြနေတယ်ဆိုတာပဲ ပြောနိုင်ပါတယ်။ တကယ်အပြင်ရောက်ရင် အားလုံးကို အကြောင်းကြားပါ့မယ်။

အားပေးမှုကို ကျေးဇူးတင်ပါတယ်။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 6:06:00 PM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

အိမ်ပြန်စောင့်ကြပါတဲ့

အန်တီစု လွတ်လာမှာကို လာစောင့်နေတဲ့ လူထုကြီးက များလွန်းလှတာကြောင့် ဘဘ ဦးဝင်တင်၊ ဘဘ ဦးတင်ဦးတို့က အိမ်မှာပဲ ပြန်စောင့်နေကြဖို့၊ သူတို့ကိုယ်တိုင်လည်း ပြန်မှာပါဆိုပြီး လူစုခွဲနေရတယ်လို့ သိရပါတယ်။ တစုံတခုဖြစ်လာမှာကို လူကြီးတွေအနေနဲ့ စိုးရိမ်ဟန်တူပါတယ်။ လူကတော့ တဖြေးဖြေးများသထက်များလာနေပါတယ်။

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 5:24:00 PM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

မနောက်နဲ့ မောင်သန်းရွှေ

အန်တီစု အပြင်ထွက်အလာကို စောင့်နေတဲ့ ပရိတ်သတ်က ၃၀၀ ကျော်လောက်ရှိနေပြီ။ အားလုံးကို လမ်းထဲထိဝင်ခွင့်မပေးပဲ ခြံစည်းရိုးကို လှမ်းမြင်နေရတဲ့ နေရာလောက်မှာ သံဆူးကြိးတုံးတွေ ချထားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား အယောက် ၂၀ လောက်လည်း ဆက်လက်စောင့်ဆဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အန်တီစုခြံတံခါးဖွင့်မလဲ လည်ပင်းရှည်ရှည်နဲ့ စောင့်ကြည့်နေကြဆဲပါတဲ့။ လွှတ်လိုက်ပြီပြောပေမဲ့ ခုထိထွက်မလာသေးတော့ အခက်သား ရုံးချုပ်က ပါတီဝင်တချို့တွေလည်း အန်တီစုဓါတ်ပုံကိုင်ပြီး ရောက်လာတော့ သတင်းထောက်တွေ ဓါတ်ပုံဝိုင်းရိုက်နေကြပါတယ်။

ဦးသန်းရွှေရေ အမြန်လွှတ်ဗျာ စောင့်ရတာလည်းမောပြီ ဖုန်းခလည်းအရမ်းကုန်ပြီ။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 3:23:00 PM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

အားလုံးသတိ

နအဖကို အယုံမလွယ်စေချင်ဘူး သံသယအမြဲထားသင့်ပါတယ်။ အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်။ အကြောင်းကတော့ ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ဆိုပဲ။ အကြံအစည်ကတော့ ဘာရယ်မသိဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်တဲ့။ အန်တီကတော့ ရုံးချုပ်ကို ၄ နာရီမှာ ရောက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ အားလုံးသတိ
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 1:57:00 PM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

အကြမ်းဖက်ဖို့ စီစဉ်နေ

အားလုံးကြီး သတိတရားလက်မလွှတ်ပါစေနဲ့ တဖက်က မင်္ဂလာယူချင်လို့ အန်တီစုကို လွှတ်ပေးပေမဲ့ တခြားတဖက်မှာ အကြမ်းဖက်မှုတွေပြင်ဆင်နေတာတွေ့ရပါတယ်။ တာမွေဗျိုင်းရေအိုးစဉ်နားမှာ ရာဇ၀တ်အကျဉ်းသား ၂၀၀ ကျော်ကို အရပ်ဝတ်တွေနဲ့ စုထားတယ်လို့ သတင်းရပါတယ်။ အုပ်စုမကွဲပါစေနဲ့ ဒုတိယ ဒီပဲယင်းမျိုးမဖန်တီးဘူး မပြောနိုင်ပါ။ ဦးဝင်းတင် ဦးတင်ဦးနဲ့ အန်တီစုဘေးမှာ အကာအကွယ်အမြဲယူထားပေးကြပါ။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ခေါက်ထားခဲ့ပေးပါ ....

Posted by အညာနွေတမာမြေ anyarnwaytamarmyay at 1:43:00 PM
0 comments
Links to this post

Labels: ပြည်တွင်းသတင်း

အန်တီစု တကယ်လွတ်ပြီ

အန်တီစုကို အမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေဝင်ရောက်တွေ့ဆုံနေပါပြီ။ သတင်းထောက်တွေ ၀င်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။ ထူးသမျှ ဆက်တင်ပါ့မယ်

အညာနွေတမာမြေ

No comments: