ရေကစားပွဲ လာသူတွေ နင်းမိသေဆုံး

အခင်း ဖြစ်ပွားရာ တံတားပေါ်က မြင်ကွင်း
ဖနွမ်းပင်မြို့နားက ကျွန်းငယ်လေးတခုမှာ ကျင်းပတဲ့ ရေကစားပွဲကို လူစုလူဝေးနဲ့ လာရောက် ကြတာဖြစ်ပြီး မြို့နဲ့ကျွန်းကိုကူးတဲ့ တံတားပေါ်မှာ လူတွေ စုပြုံတိုးဝှေ့ နင်းမိရင်း အသက်ဆုံးရှုံးရတာ ဖြစ်သလို အများအပြား ကတော့ ရေထဲကျပြီး ရေစီးနဲ့ မျောပါ သေဆုံးရတာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ခမာနီခေတ် ၁၉၇ဝ နှစ်တွေ ကတည်းဆိုရင် ဒီကိစ္စဟာ တိုင်းပြည်မှာ လူအများဆုံး သေဆုံးမှု ဖြစ်တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောပါတယ်။
No comments:
Post a Comment