Monday, November 8, 2010

သင့်ကို မျိုးချစ်တပ်မတော်က အလိုရှိနေပါပီ။

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်

ကိုမိုးသီးဇွန်http://komoethee.blogspot.com/
မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA) http://komoethee.blogspot.com/


 

အရူးမီးဝိုင်းနေတဲ့ စစ်အုပ်စုအပေါ် အားဖြည့်ချေမှုန်းပေးကြပါ။

 
 

ဒီမိုကရေစီရေးတိုက်ပွဲဝင် ၇ဲဘော်များခင်ဗျား

ဒီလှုံ့ ဆော်ချက်ကို  အပြည့်အ၀ထောက်ခံပါတယ်၊ အမြန်ဆုံး အားဖြည့်တိုက်ပွဲဝင်ကြပါ။ ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ပီးမှ ကျနော်တို့ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ ကျနော်တို့ ညံ့  ခဲ့ကြပါတယ်ဆိုတဲ့ အသံမကြားချင်တော့ပါ၊
ဆင်။ ကျား ဖမ်းမယ် အော်နေသူများ ယခုအခွင့်ကောင်းရတုန်း တိုက်ပွဲဝင်စေလိုပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ အစည်းများ နယ်စပ်မြို့ များမှတဆင့် ၀င်ရောက်ပူးပေါင်းကြပါတော့။ ပြည်ပမှလဲ တတ်နိုင်သရွေ့  အလှူငွေထည့်ဝင်ကြပါ။ လက်နက်ခဲယမ်း။ ရိတ်ခါ ဆေးဝါးများ ဖြည့်ဆည်းကြပါ။ အားလုံးတိုက်ပွဲဝင်ကြပါ။ နယ်စပ်ကို စစ်ကူလာမည့် စစ်အုပ်စုများကို ဖြတ်တောက်ကြပါ။ စစ်ရေးနားလည်သူများ ပိုမို သိကြပါမည်။ တနိုင်ငံလုံးအနှံ့  စစ်မျက်နှာဖွင့်ကြပါ။ အေဘီနှင့် လက်နက်ကိုင်တပ်ပေါင်းစုများ အမြန်ဆုံး တိုင်ပင်ညှိနှိုင်းပီး တရားသောစစ်ကို အမြန်ဆုံး ပူးပေါင်းပါဝင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။
အင်တာနက်တွင် လေကျယ်နေသူများ အမြန်ဆုံး ထိုင်းပြန်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဖြင့် သင်တို့ ရဲ့  ကျောင်းသားတပ်မတော်ကို အားဖြည့်ကာ သက်သေပြရန် အခွင့်အလမ်းဖြစ်ပါတယ်။
သင့်ကို မျိုးချစ်တပ်မတော်က အလိုရှိနေပါပီ။
ပြည်ပရောက် အစိုးရ၀န်ကြီးအဖွဲ့  ၀င်များဆီက စတိတ်မင်းများစွာ လာခါနီးပါပီ။ အကျိုးရှိမယ့် အလုပ်များ လုပ်ကြပါ။


တိုက်ပွဲဝင်အပေါင်းကို
လေးစားစွာဖြင့်

ဝေးလွှင့်စဉ်


 

ဝေးလွင့်စဉ်၏ တိုက်တွန်းချက်ကိုထပ်ဆင့် ထောက်ခံပါသည်။
တတ်နိုင်သလောက် ငွေကျေးထည့်ဝင်အားဖြည့်ပေးကြပါ။
သမိုင်းတွင်အရေးပါသော အေဘီ ခေါင်းဆောင်များပြန်ဆင်းကြပါမည်။
ကိုမိုးသီးတော့ နှမ်းဖြူးနေပါပြီ။
သူရိုက်ထားတဲ့ ဗီဒီယိုမှာတွေ့ရတာတော့ ဂုဏ်ယူလောက်ပါသည်။
ဦးစိန်ဝင်း စတိန့် မန့် ရေးနေပါပြီ။
ကိုထွန်းအောင်ကျော်နဲ့  ကိုသန်းဝင်းတို့ လည်း ဆူရှီ ဘန်းတွေထားခဲ့ပြီး။
ရရာလက်နက် ဆူရှီဓားတွေ ဆွဲကိုင်လျက် နယ်စပ်ပြန်ဆင်းပြီး ဦးဆောင်ဘို့ ပြင်ဆင်နေကြောင်းသိရပါသည်။


ကိုနိုင်အောင်လည်း ဦးဘိုလှတင့် အကူအညီဖြင့် ဝါရှင်တန်တွင် ကူညီထောက်ပံ့ရေး ပရိုဆယ်တွေ အချောသတ်ရေးပြီးသွားပြီဟုပြောပါသည်။
ကိုမောင်မောင် တယောက် ဘန်ကောက်မှနေပြီး လက်ခမောင်းခတ်နေေုကာင်ုးကားသိရပါသည်။

ပြိုင်တူတွန်းလျင်ရွေ့ နိုင်ပါသည်။


 

ဗိုလ်သန်းရွှေတို့ ယုတ်မာပြီ

 
 

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း တွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေရဲ့ မဲဆန္ဒနယ်မြေ တော်တော်များများမှာ NDF ပါတီက အနိုင်ရသလို၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာလည်း လူမျိုးစုပါတီ တွေက အနိုင်ရနေပါတယ်။ အဲဒီဒေသ တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေရဲ့ မဲရုံတွေမှာ မဲစာရင်းရေတွက်တာတွေကို ရပ်ဆိုင်းလိုက်ပြီး ထပ်ရေတွက်ရန် ကျန်နေတဲ့ မဲများကို နေပြည်တော်ကို အားလုံးယူသွားပါတယ်။ ဒီလို မဲတွေ ကို သက်ဆိုင်ရာ မဲရုံတွေရဲ့ မဲရုံးမှူး၊မဲရုံကိုယ်စားလှယ်နဲ့ အများပြည်သူရှေ့ မှာ မရေတွက်ဘဲ နေပြည်တော်ကို ယူသွားတာဟာ ရွေးကောက်ပွဲ ဥပဒေ တွေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်တာပါဘဲ။ စစ်အာဏာရှင် တွေဟာ သူတို့ ထင်သလိုမျိုး ရွေးကောက်ပွဲ ရလဒ် မဖြစ်လာတဲ့အခါမှာ ဒီလိုမျိုး ကောက်ကျစ်စဉ်းလဲတာပါဘဲ။ သန်းရွှေနဲ့ စစ်အုပ်စုဟာ ဘယ်တော့မှ မယုံကြည်ရတဲ့ စစ်အာဏာရှင် အုပ်စုတွေဖြစ်တယ်။ ကဲ....၀င်ချင်အုံးဟဲ့...စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ပြုမဲ့ ရွေးကောက်ပွဲ။
                    ဗိုလ်သန်းရွှေဟာ သူထင်သလို ရွေးကောက်ပွဲရလဒ် မဖြစ်လာတော့။ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်အောင်
ဖန်တီးဖို့ လုပ်နေပါပြီ။ ပြည်သူတွေ သတိရှိကြပါ။ ဒို့ပြည်သူတွေဟာ အရေးအကြောင်းရှိလာခဲ့ရင် ကြောက်စိတ်လုံးဝမရှိဘဲ
လုပ်စရာရှိတာကို ရဲရဲလုပ်ပြရဲတယ်ဆိုတာ အဖြစ်အပျက်တိုင်းက သက်သေခံနေပါတယ်။ ဒါပေမဲ့ သူတို့ မယုံကြည်ရတဲ့
သူတို့ မသိတဲ့ ဘယ်ခေါင်းဆောင်တွေရဲ့ အမိန်တွေကိုမှ နာခံလိုက်ပါဆောင်ရွက် ပေးခဲ့တာမရှိဘူးဆိုတာကိုတော့ အားလုံး
သတိရှိစေချင်ပါတယ်။ ပြည်တွင်း/ပြည်ပမှာရှိကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေဟာ ဖြစ်ပေါ်လာတော့မဲ့ တိုင်းပြည်ရဲ့
ကြမ္မာဆိုးကို အခုချိန်မှာ အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းအာရုံစိုက်ပြီး အလေးထားဆောင်ရွက်စေချင်ပါတယ်။


 

 
 

အခုအချိန်မှာ ဒီမိုကရေစီအင်အားစုတွေနိုင်ရာတာဝန် ထမ်းကြဖို့ လိုအပ်ပြီလို့ ထင် ပါတယ် အခုနယ်စပ်တလျောက်မှာတိုက်ပွဲဝင်နေတဲ့ လူမျိုးစု ညီအကိုတွေတွက်နဲ့ ပြည်သူတွေအတွက်နိုင်သရွေ့ ထောက်ပံပေးကြဖို့ တောင်းဆိုအပ်ပါတယ်။

No comments: