Monday, November 8, 2010

မြ၀တီမြို့ မှာ ပိတ်မိနေသော ဒုက္ဒသည်များ ကိုမိုးသီး နှင့်ရဲဘော်များ ကယ်ထုတ်


ယနေ့ နံနက်မှာ စပြီ ဒီကေဘီအေနှင့် နအဖ တပ်များ မြ၀တီမြို့ ပေါ်တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပါသည်။ ဒုက္ခသည် နစ်သောင်းခန့်  ထိုင်းနိင်ငံမဲဆောက်မြို့ သို့  ထွက်ပြေးခိုလှုံ ခဲ့ကြသည်။ ကိုမိုးသီးနှင့်လူထုတိုက်ပွဲကော်မတီ အဖွဲ့  ၀င်များ နယ်စပ် သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး မြ၀တီမြို့ မှ ဒုက္ခသည်များကို သွားရောက်ကူညီခဲ့ကြပါသည်။ အများစုမှာ မြ၀တီမြို့ အတွင်း ဆက်လက်ပုန်းအောင်းနေပြီး
ပြစ်ခတ်မှုများကြောင့် ကြားညပ်နေကြ တုံးဖြစ်သည်ဟု ထွက်ပြေးလာသော ဒုက္ခသည်များက ဆိုပါသည်။
ထွက်ပြေးလာသောဒုက္ခသည်များမှာ မိန်းမ၊ ကလေး ၊ သက်ကြီးရွယ်အိုများ က အများစုဖြစ်နေသည်ကို ထူးခြားစွာတွေ့ ရပါသည်။ သူတို့ ဖြတ်သန်း နေစဉ် ပြစ်ခတ်မှုတွေဖြစ်လာတဲ့အတွက် အဖိုးအိုတဦး ဆိုရင် သောင်ရင်းမြစ်လယ်ကောင်ကျွန်းလေးမှာလဲကျန်ခဲ့တယ်။  သူကို ကျနော်တို့ သွားရောက်သယ်ယူပြီး ထိုင်းဖက်ကမ်းကို သယ်လာနိင်ခဲ့တယ်။

No comments: