Monday, November 8, 2010

နိုင်ငံတကာရောက် မျိုးဆက်သစ်-မျိုးဆက်ဟောင်းများ

 
 

 အရေးပေါ်ထုတ်ပြန်ကြေညာချက်

 
 

၁။ လက်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နအဖ အာဏာရှင်စစ်တပ်၏ တိုင်းရင်းသား လူမျိုးစုများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ကျွန်ုပ်တို့  နိုင်ငံတကာရောက် မျိုးဆက်သစ်- မျိုးဆက်ဟောင်းများက အပြင်းအထန်ကန့် ကွက်ရှုတ် ချလိုက်သည်။

 
 

၂ ။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ သည် မိမိတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အုပ်ချုပ်သူ အဆက်ဆက်ကို နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ ယခုလောလောဆယ်တွင် ဒီကေဘီအေ ၊ ကေအဲန်ယူ၊ မွန်ပြည်သစ်ပါတီ အစရှိသော တိုင်းရင်းသားကိုယ်စားပြု အင်အားစုများ၏ ခုခံစစ်ကို ကျွန်ုပ်တို့ က အပြည့်အ၀ထောက်ခံလျက်ရှိသည်။

 
 

၃ ။ ယခုရက်အတွင်း ထိုင်း မြန်မာနယ်စပ်တွင် နအဖ စစ်အာဏာရှင် စစ်တပ်တို့ သည် နေ့ ရောညပါ လူမျိုးပြုန်း ထိုးစစ်ဆင်လျက်ရှိသဖြင့် ဒုက္ခသည်အများအပြားတို့ သည်၊ အိမ်းနီးချင်း ထိုင်းနိုင်ငံတွင်း သို့  ပြေးဝင်ခိုလှုံလျက်ရှိကြသည်။သို့ ဖြစ်ပါ
၍ ကုလသမဂ္ဂအဖွဲ့ ဝင်  နိုင်ငံများ အနေနှင့် နအဖ စစ်တပ် ၏ မတရားထိုး စစ်ဆင် တိုက်ခိုက်နေမှုများကို အမြန်ဆုံးရပ်တန့် သွားရန်နှင့် အရေးပေါ်ကူညီ စောင့်ရှောက်မှု များ လုပ်ဆောင်ပေးပါရန် ပန်ကြားလိုက်ပါသည်။

 
 

 
 

နိုင်ငံတကာရောက် မျိုးဆက်သစ်-မျိုးဆက်ဟောင်းများ

 
 

 
 

နေ့ စွဲ။ ၉ ရက် နိုဝင်ဘာ ၂၀၁၀ ခုနှစ်

8888unionofburma@gmail.com

 
 


 


 

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်

ကိုမိုးသီးဇွန်http://komoethee.blogspot.com/
မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA)


 


http://komoethee.blogspot.com/


 


 

ဒုတိယ ပင်လုံမှသည် အနာဂတ် ပြည်ထောင်စု ဆီသို့(၁)
Filed under ဆောင်းပါး

ခိုင်လင်း (မေဃ၀တီ)

ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ပါဘူး ။ အမှန်တကယ် နှိုက်နှိုက်ခြွတ်ခြွတ် မညာတမ်း လေ့လာကြည့်ရင် ဒုတိယပင်လုံ ညီလာခံကို ဦးအောင်ဆန်း ကျဆုံးပြီး နောက်တရက်မှာ ကျင်းပရမှာ ဖြစ်တယ်။ ဦးအောင်ဆန်း ကျဆုံးခြင်းနဲ့အတူ ပင်လုံစာချူပ်ရော ပြည်ထောင်စု စိတ်ဓါတ်ရော ကျဆုံးခဲ့ ရတာဖြစ်တယ်။ ထို့အတူ  ရှမ်း၊ ရခိုင်၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသား တွေဟာလည်း ပျော့ပျောင်း ညင်သာစွာနဲ့ဘဲ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။ (ဆက်ဖတ်ရန်)

__._,_.___

မြဝတီ အခြေအနေနှင့် ဒုက္ခသည်များ အခြေအနေ

ယမန်နေ့ညနေပိုင်းက ထူးခြားသော ဖြစ်စဉ်များ မရှိခဲ့သော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရန် တာစူနေဆဲ ဟု မြဝတီမြို့ထဲတွင် ဆက်လက်နေထိုင်နေဆဲ မြို့ခံတစ်ဦးက ပြောပါသည်။ မြို့ထဲတွင် လူဦးရေ သုံးပုံတစ်ပုံခန့် ကျန်နေပြီး တိုက်ပွဲလမ်းကြောင်းကြားထဲတွင်ပင် ကြိုးစားရှောင်တိမ်းနေကြသည်ဟု ဆိုပါသည်။ အများစုမှာ လုပ်ငန်းရှင်များ ဖြစ်ကြပြီး မိမိတို့ လုပ်ငန်း၊ဆိုင်ခန်းများကို စွန့်ခွာထွက်သွားရန် အခက်အခဲရှိနေသဖြင့် နောက်ဆုံး ရှောင်တိမ်းရမည့် အချိန်အထိ နေကြရမည်ဟု ဆိုပါသည်။

မဲဆောက်ဘက်အခြမ်းတွင်မူ ဒုက္ခသည် သုံးသောင်းနီးပါးရောက်ရှိနေပြီး အကူအညီပေးရေး အဖွဲ့များ အနေနှင့် များပြားလှသော ဒက္ခသည်များကို အကူအညီပေးရန် အခက်အခဲ ရှိနေသည်ဟုသိရပါသည်။ ကောက်ခံရရှိသမျှ ငွေအင်အား လူအင်အားဖြင့် လုံလောက် လောက်ငှမှုရှိရန် ဆောင်ရွက်နေသော်လည်း ချက်သလောက် မလောက်နိုင်အောင် ဖြစ်နေသည်ဟု People Volunteer Association တွင် ဝင်ရောက် အကူအညီပေးနေသူ တစ်ဦးကပြောပါသည်။ 

ယခုအခါတွင် မဲတော်ဆေးခန်းက အကူညီပေးရေးစင်တာ တစ်ခုကို မယ်တော်ဆေးခန်းတွင်၎င်း ၊ မြန်မာနိုင်ငံ ရွှေ့ပြောင်း ဆရာဆရာမများ အစည်းအရုံး (BMTA) က CDC ကျောင်းတွင်၎င်း ဖွင့်လှစ်ကာ အကူအညီပေးရေးလုပ်ငန်းများကို စတင် ဆောင်ရွက်မည်ဟု သိရပါသည်။ ပူးပေါင်းပါဝင်ကူညီလိုသူများ အနေနှင့် မယ်တော်ဆေးခန်းသို့၎င်း ၊ BMTA ဥက္ကဌ ဆရာမန်းရွှေနှင်း ၀၈၇၂၀၂၀၅၈၉၄ ၊ PVA ရုံး တီကေလေး အထည်ချုပ် စက်ရုံ အနီးသို့၎င်း သွားရောက်လှူဒါန်းနိုင်သည်ဟု သိရပါသည်။ 

ထို့ အတူ ဒေသဆိုင်ရာ NGO များနှင့် ထိုင်းနိုင်ငံသားများကလည်း မိမိတို့ တတ်စွမ်းသလောက်ပါဝင် ကူညီနေကြသည်ဟု သိရပါသည်။ 


 

ရွေးကောက်ပွဲပြီး အသံများ

အစစအရာရာ အနိုင်ရရေးအတွက် ကြိုတင်ပြင်ဆင်ထားလျှက်နှင့် နအဖကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီကပင် အံ့အားသင့်လောက်အောင် NDF ပါတီက နေရာအချို့တွင် အနိုင်ရရှိခဲ့သည်ဟုဆိုပါသည်။ NDF ပါတီ အနေဖြင့် အနဲဆုံး မဲဆန္ဒနယ် ၁၆ နေရာထက်မနည်း အနိုင်ရခဲ့သည်ဟု ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက ပြောပါသည်။

သူကပြောပြရာတွင် သူတို့ပါတီ အနေဖြင့် ရန်ကုန်တိုင်း တစ်ခုထဲတွင် ပြည်သူ့လွှတ်တော်တွင် ၉နေရာ၊ အမျိုးသားလွှတ်တော်တွင် ၃နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် ၄နေရာနှင့် စုစုပေါင်း ၁၆နေရာ အနိုင်ရခဲ့သည်ဟု ဆိုပါသည်။

ကျွန်တော့်အနေနဲ့ NDF ပါတီက ရန်ကုန်တိုင်း ၁၆ နေရာမှာ အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုကြေငြာမယ်ဆိုတာတော့ အသေအခြာ မပြောနိုင်ဘူးဟု ဆိုပါသည်။ မဲရေတွက်မှုကို စောင့်ကြည့် လေ့လာသူများ၏ အဆိုအရ NDF က အသာရနေသည်ဟု ဆိုပါသည်။

သူ့ပါတီအနေနှင့် လွှတ်တော်အားလုံးအတွက် ၁၆၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ကြိုတင်မဲများ ကိစ္စအပါအဝင် အခြားတရားမမျှတမှုများရှိခဲ့သည် ဟုဆိုပါသည်။

မဲများရေတွက်နေစဉ်တွင် များစွာသောကြိုတင်မဲများသည် အိတ်များဖြင့်ထည့်၍ မဲရုံများသို့ ရောက်ရှိ လာခဲ့သည်ဟု ဆိုပါသည်။ ထိုအခြေအနေများကြောင့် မဲရေတွက်မှုများသည် နောက်နေ့များအထိ ပြီးဆုံးခြင်း မရှိဟုလည်း ဆိုပါသည်။

ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးဘဆွေ၏ သမီး စမ်းချောင်း မြို့နယ်မှ အရွေးခံခဲ့သူ ဒေါ်နေရီဗဆွေကမူ သူမအနေနှင့် လက်ရှိကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာ ပိုင်စိုးနှင့် NDF မှ ဦးစိုးဝင်း တို့နှင့် အတူပါဝင်ယှဉ်ပြိုင်ခဲ့ရပြီး မဲများရေတွက်ရာတွင်မူ စောင့်ကြည့်လေ့လာခွင့် မရခဲ့ဟု ဆိုပါသည်။

သူမအနေနှင့် များစွာသော မျက်နှာစိမ်း ပုဂ္ဂိုလ်များက သူမတို့အား စောင့်ကြည့်ခွင့်မရအောင် တားဆီး ခဲ့ကြောင်းနှင့် အဓိအနေနှင့် ကြံ့ဖွံ့ ဒေါက်တာပိုင်စိုးနှင့် NDF ဦးစိုးဝင်းတို့ ယှဉ်ပြိုင်ရလိမ့်မည်ဟု ထင်ကြောင်း ပြောပြခဲ့ပါသည်။

ဒီမိုကရေစီပါတီ၏ ဥက္ကဖြစ်သူ ဦးသုဝေကမူ သူတို့ပါတီနှင့် NDF ပါတီတို့သည် ရွေးကောက်ပွဲတွင် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း မရှိပဲ ကြံ့ဖွံ့ပါတီက နိုင်ငံတစ်ဝှမ်းလုံးတွင် အနိုင်ရသွားသည့် ကိစ္စနှင့် ပါတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်သွားရန် ဆွေးနွေးနေကြသည်ဟု ဆိုပါသည်။

ဦးသုဝေ၏ ဒီမိုကရေစီပါတီသည် မနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ၄၇နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ သူကပြောပြခဲ့ရာတွင် သူ့ပါတီအနေဖြင့် ရန်ကုန် မန္တလေးနှင့် ပဲခူးတို့တွင် တစ်နေရာစီနှင့် သုံးနေရာ အနိုင်ရခဲ့သည်ဟု ဆိုပါသည်။

ဦးသုဝေကိုယ်တိုင်ကမူ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် လက်ရှိ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ယှဉ်ပြိုင်ခဲ့ပါသည်။ ဦးသုဝေက ဦးအောင်ကြည်ကို ဝေဖန်ပြောဆို ခဲ့ရာတွင် ပေးအပ်ခဲ့သော မဲအများစုတွင် မဲရုံမှူး၏ လက်မှတ်မပါသောကြောင့် ပယ်မဲများဖြစ်ထိုက်သည်ဟု ဆိုပါသည်။ ရာနှင့်ချီသည့် စည်ပင်သာယာရေးကော်မတီနှင့် မီးရထားဝန်ထမ်းများ၏ မဲများတွင် မဲရုံမှူး၏ လက်မှတ် မပါရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင်၏ ဥပဒေအရ ပယ်မဲများ ဖြစ်သည်ဟု ပြောပြခဲ့ပါသည်။

ကျွန်တော့အနေနှင့် မဲရုံတွင်ပေးအပ်သော မဲများကို ရေတွက်နေစဉ်က အသာစီးရနေခဲ့သော်လည်း မဲရုံမှူး၏ လက်မှတ်မပါသော ထိုမဲများကြောင့် အပြောင်းအလဲ ဖြစ်ခဲ့ရသည်ဟုဆိုပါသည်။ ထိုမဲများသည် ရုတ်တရက် မဲပုံးတွင်းသို့ မည်ကဲ့သို့ ရောက်လာသည်ကို နားမလည်နိုင်ဟု ဆိုပါသည်။

__._,_.___

No comments: