Tuesday, November 9, 2010

Tuesday, 09 November 2010 12:43

http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs956.snc4/74916_121345494591650_116785225047677_134203_6122077_n.jpg




http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs485.ash2/75815_121345991258267_116785225047677_134205_5969973_n.jpg
ကိုယ့်ကို မဲတည့်မယ့် ရပ်ကွက်လေးတစ်ခုကိုပဲ ကောင်းအောင် လုပ်ပြမယ့်သူဟာ ကျန်ရပ်ကွက်တွေနဲ့ တိုင်းပြည်အတွက် လုပ်နိုင်စွမ်းမရှိသူ ဖြစ်မယ်။

http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs405.ash2/68316_118283584897841_116785225047677_120307_2903160_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs936.snc4/74916_121345484591651_116785225047677_134200_7205885_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs476.ash2/74916_121345481258318_116785225047677_134199_6998444_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs823.snc4/68316_118283588231174_116785225047677_120308_2715198_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs823.snc4/68316_118283591564507_116785225047677_120309_6984395_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs476.ash2/74916_121345487924984_116785225047677_134201_1691917_n.jpg
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs936.snc4/74916_121345491258317_116785225047677_134202_7670430_n.jpg





မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အိန္ဒိယအနေဖြင့် အမြဲရှောင်ရှားနေသည်ဟု အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားက ဝေဖန်ပြောဆို လိုက်သည်။



အန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အမေရိကန် သမ္မတ အိုဘားမားနှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ မစ္စတာ အိုဘားမားသည် ၁၀ ရက်ကြာ အာရှ ခရီးစဉ်တွင် အိန္ဒိယသို့ ရောက်ရှိနေခြင်း ဖြစ်သည် (ဓာတ်ပုံ - Getty Images)

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဒီမိုကရေစီအရေး ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကမ္ဘာ့နိုင်ငံများအနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း၊ ထိုကိစ္စများကို နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်နှင့် အိန္ဒိယကဲ့သို့သော ဒီမိုကရေစီ နိုင်ငံကြီးများ၏ ခေါင်းဆောင်များက ရှုတ်ချကြရမည်ဟု ယမန်နေ့ညက အိန္ဒိယပါလီမန်တွင် မစ္စတာ အိုဘားမား မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

မစ္စတာ အိုဘားမားက "ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီလိုကိစ္စတွေ ဖြစ်လာတဲ့အခါတိုင်း အိန္ဒိယက အမြဲရှောင်နေတယ်။ ဒီလိုအရေးကိစ္စတွေမှာ ၀င်ပြောတာဟာ သူများနိုင်ငံအရေးကို ၀င်စွက်ဖက်တာ မဟုတ်ပါဘူး။ သူတပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး ရပ်တည်မှု အစစ်အမှန်ကို ထုတ်ဖော်တာပါ" ဟု ပြောသည်။

မြန်မာ့ရွေးကောက်ပွဲ မတရားမှုများ၊ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွဲမှုများ၊ နှစ်ရှည်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား များပြားစွာရှိနေမှုများကို ရွံရှာဖွယ် အကြမ်းဖက်မှုများအဖြစ် မစ္စတာ အိုဘားမားက ထောက်ပြသည်။

"ရွေးကောက်ပွဲမှာ မဲတွေခိုးတာ၊ လိမ်တာတွေနဲ့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဆိုးဝါးမှုတွေကို ကမ္ဘာကို ထုတ်ဖော်ပြလိုက်ပြန်ပြီ" ဟု မစ္စတာ အိုဘားမားက ပြောသည်။

ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်သည့် အာဏာရှင် စစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံနေခြင်းမှာ လက်ခံနိုင်ဖွယ်ရာ အကြောင်းမရှိကြောင်းလည်း မစ္စတာ အိုဘားမားက ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများသို့ ပေါင်းကူးထွက်ပေါက်နိုင်ငံဖြစ်သည်ဟု ပြောဆိုလေ့ရှိသည့် အိန္ဒိယ အစိုးရအနေဖြင့် အရှေ့မျှော်ဝါဒတွင် မျှော်ကြည့်နေရန်သာ မဟုတ်ဘဲ အမှန်တကယ် ပေါင်းသင်းဆက်ဆံမှု ပြုခြင်းဖြင့် ဒေသတွင်းလုံခြုံရေးနှင့် တိုးတက်ရေး၊ ထိုမှတဆင့် ကမ္ဘာ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သင့်ကြောင်း မစ္စတာ အိုဘားမားက ဝေဖန်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံအနေဖြင့် အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရန် သမ္မတ အိုဘားမားက ထောက်ခံပြောဆိုပေးမည်ဟု သိရသည်။

အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာပါက ကမ္ဘာ့လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် ယူရမည့်တာဝန် များပြားလာမည်ဖြစ်ရာ ၂၁ ရာစုကာလ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး တိုးတက်မှုများအတွက် အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဤသည်မှာ သမ္မတ၊ ၀န်ကြီးချုပ် နှစ်ဦးတည်း ပြုလုပ်ရမည်မဟုတ်ဘဲ ပါလီမန်အဖွဲ့ဝင်အားလုံးက လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း မစ္စတာ အိုဘားမားက တိုက်တွန်းပြောဆိုသွားသည်။

အိန္ဒိယ နိုင်ငံရေး အသိုင်းအ၀ိုင်းတွင်မူ သမ္မတ အိုဘားမားထံမှ မျှော်လင့်မထားသည်များကို ပါလီမန်အတွင်း ပြောဆိုခဲ့မှုများနှင့် ပတ်သက်ပြီး အငြင်းပွား ပြောဆိုနေကြသည်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိစ္စတွေကို အိန္ဒိယက ၀င်ပြောရမယ်ဆိုရင် အိန္ဒိယက ကက်ရှ်မီးယား ကိစ္စလိုမျိုးကျတော့ရော၊ ဘယ်သူက ဘာပြောမလဲ။ အမှန်တော့ ဒါတွေက နိုင်ငံတခုစီရဲ့ မူဝါဒတွေပေါ် မူတည်နေတဲ့ဟာတွေပဲ" ဟု ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ အမြဲတမ်း ကိုယ်စားလှယ်ဟောင်း မစ္စ အရွန်ဒါတီ ဂို့စ် (Arundhati Ghose) က အိန္ဒိယ ရုပ်သံသတင်းဌာန NDTV ၏ မေးမြန်းခန်းတခုတွင် ဝေဖန်သွားသည်။

တခြားနိုင်ငံရေးသမားတဦးကမူ အိန္ဒိယအစိုးရအနေဖြင့် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ကိစ္စရပ်များအတွက် ပူးပေါင်းရာတွင် အဆိုပါနိုင်ငံများ၏ လူ့အခွင့်အရေးအတွက် အလေးထားရန် အိုဘားမား၏ ထောက်ပြဝေဖန်မှုကို  ကြိုဆိုကြောင်း ပြောဆိုသည်။

အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးတွင် ၈၈ လူထုလှုပ်ရှားမှုကာလများက ထောက်ခံအားပေးကူညီမှုများရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းတွင်မူ စစ်အစိုးရနှင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့အရေးတွင် နှုတ်ဆိတ်နေခဲ့သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀ယ်ယူမှု၊ မြန်မာနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းများဖောက်လုပ်မှု၊ မြန်မာနိုင်ငံသို့ ချေးငွေများထုတ်ပေးမှု စသည့် သဘောတူ စာချုပ်များလည်း ချုပ်ဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိန္ဒိယနိုင်ငံသို့ အလည်အပတ် ဖိတ်ကြားခဲ့သဖြင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။

No comments: