အခုတလောဒေါ်အောင်ဆန်းစုကြည်ကိုဝက်ဝက်ကွဲအောင်ပြည်သူတွေကကြိုဆိုနှုတ်ဆက်ကြတာတွေဟာ
သူမကိုပြည်သူတွေကဘယ်လောက်ချစ်မြတ်နိုးတယ်၊လေးစားတယ်၊
လိုလားထောက်ခံတယ်ဆိုတာအထင်းသား
သက်သေပြချက်တွေဘဲဖြစ်တယ်။
ဒီလိုပြည်သူကရင်ထဲအသဲထဲကထောက်ခံမှုမျိုးကိုသူ့အဖေဗိုလ်ချုပ်အောင်ဆန်းကလွဲလို့
နေဝင်းကအစ
သန်းရွှေအဆုံး၊ဘယ်စစ် ခေါင်းဆောင် က မှမရရှိခဲ့ကြပါဘူး၊
ဒီလိုပြည်သူကြားထဲကိုတိုးဝင်ရဲတဲ့သတ္တိ
လဲဒီစစ်ဗိုလ်ချုပ်တွေမှာမရှိခဲ့ပါဘူး၊ ဒေါ်စုကိုပြည်သူတွေကထောက်ခံကြတာ တွေ့ရ
တော့ မနာလိုစိတ်နဲ့
ဒီမိန်းမဟာနိုင်ငံခြားသားကိုအရှက်မရှိယူထားတာ၊
မျိုးချစ်စိတ်ရှိတဲ့သူမဟုတ်ဘူး ဆိုပြီး
သေးသိမ်
တဲ့စိတ်နဲ့ထိုးနှက်တိုက်ခိုက်လာတာတွေပေါ်လာတယ်၊ရွေးကောက်ပွဲဝင်တာကိုကန့်ကွက်တိုင်တန်းမှု
တွေလုပ်
လာတယ်၊ဒါကြောင့်မျိုးချစ်စိတ်ဆိုတာကိုဘယ်လိုအဓိပ္ပါယ်ဖေါ်ရင်တိုင်းပြည်အတွက်တော့အကျိုး
ရှိတန်
ကောင်းရဲ့လို့စဉ်းစားပြီးရေးလိုက်ပါတယ်။
မျိုးချစ်စိတ်ဓါတ်ဆိုတာကိုယ့်အမျိုးကိုချစ်တာကိုယ့်အမျိုးကောင်းစားတာကိုရှေးရှုလုပ်တဲ့စိတ်ဓါတ်ကိုခေါ်
တာ၊ ဒီနေရာမှာမျက်ကန်းမျိုးချစ်နဲ့သမာသမတ်ကျတဲ့မျိုးချစ်ဆိုပြီး ၂ပိုင်းကွဲတယ်။
မျက်ကန်းမျိုးချစ်ဟာကိုယ့်လူမျိုးအတွက်ကောအခြားလူမျိုးတွေအတွက်ကောအလွန်အန္တရာယ်များတယ်၊
မျက်ကန်းမျိုးချစ်လို့ခေါ်တာလည်းအဓိပ္ပါယ်ရှိတယ်၊ ဒီလူတန်းစားကသမာသမတ်ကျကျစဉ်းစားတွေးခေါ်မှုမရှိ၊
တဖက်သတ်ဘက်လိုက်ပြီးဆုံးဖြတ်လုပ်ကိုင်တတ်လို့အဲဒီလိုလူမျိုးတွေခေါင်းဆောင်တက်ဖြစ်လာတဲ့အခါ၊
အခြားလူမျိုးတွေကိုနှိမ်ကိုယ့်လူမျိုးကိုရှေ့တန်းတင်လွန်းတဲ့အတွက် ဂျာမဏီမှာဟစ်တလာဦးစီးတဲ့နာဇီတွေ
တက်လာတော့ ငါတို့လူမျိုးသာအမြင့်မြတ်ဆုံးဆိုပြီးဥရောပတိုက်တခုလုံးကိုစစ်မက်တိုက်ခိုက်သိမ်းယူတဲ့အပြင်
အပြစ်မဲ့ဂျူးလူမျိုး ၆သန်းကိုရက်စက်စွာသတ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ကြတာသမိုင်း ရှိတယ်၊
နောက်ဆုံးဒီ မျက်ကန်းမျိုးချစ်ဝါဒကြောင့်ဂျာမန်ပြည်သူတွေသိန်းနဲ့ချီသေဆုံးခဲ့ရတဲ့အပြင်စစ်ပါရှုံးခဲ့ရလို့ဟစ်တလာကိုယ်
တိုင်
မိမိကိုယ်ကိုမိမိ သတ်သေသွားခဲ့ရတာသံဝေဂယူစရာတွေဖြစ်တယ်။ ဒီလိုမျက်ကန်းမျိုးချစ်ဝါဒဟာမိမိလူမျိုးကို
သော်လည်းကောင်းအခြားလူမျိုးတွေပေါ်လည်းကောင်းဘာကောင်း
ကျိုးမှမပေးတဲ့အပြင်အဆိုးဆုံးတနိုင်ငံနဲ့တ
နိုင်ငံစစ်မက်ဖြစ်ပွါးပြီးအလုံးစုံပျက်သုန်းရေးအထိကိုရှေးရှူသွားနိုင်
တဲ့အထိဖြစ်တတ်တယ်။
ယနေ့မြန်မာနိုင်ငံမှာနေဝင်းလက်ထက်ကစပြီးပြည်နယ်တွေမှာ၊
တိုင်းရင်းသားတွေကိုသူတို့
ပြောကြားနေတဲ့ တိုင်းရင်းသားဘာသာစာပေတွေကိုမူလတန်း၊ အလယ်တန်း၊
အထက်တန်းကျောင်းတွေမှာသင်ကြားခွင့်ကို
ပိတ်ပင်ထားခဲ့တာဟာဘာကိုဖေါ်ပြသလဲဆိုတော့ဗမာမှုအတင်းအကြပ်သွတ်သွင်းခြင်း(Burmanization)
ဆို
တဲ့ မျက်ကန်းမျိုးချစ်တွေရဲ့အမျှော်အမြင်မဲ့တဲ့လုပ်ရပ်ဖြစ်တယ်၊
အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေမှာ
သူတို့နိုင်ငံကိုအခြေချလာတဲ့မိသားစုတွေကိုအစိုးရနဲ့နိုင်ငံသားတွေက “
မင်းတို့ဘာသာစကားတွေကို
မင်းတို့ ခလေးတွေမမေ့စေနဲ့၊ ကိုယ့်အမျိုးကိုသိပစေ”
လို့သတိပေးသလိုကိုယ့်ဘာသာစာပေသင်ကြား
ပေးတဲ့သူတွေ ကိုလည်းထောက်ပံ့ကြေးပေးသေးတယ်၊ဘာကြောင့်ဒီလိုအားပေးရတာလဲ
အိမ်ရှင်နိုင်ငံဘာသာစကားကိုဘဲ
သက်သက်သင်ခိုင်းပါလားလို့မေးစရာရှိတယ်။
ဒီလူတွေဟာစစ်အစိုးရလိုတထွာတမိုက်ဘဲကြည့်သူတွေမ
ဟုတ်ဘူး၊ သူတို့ကတဆုံးအထိကြည့်တတ်တယ်ဒါကြောင့်လဲကမ္ဘာမှာထိပ်ကနေ၊
နေနိုင်တာပေါ့။ ဒီလို
ဘာသာစကားမျိုးစုံတတ်တဲ့သူတွေ၊သူတို့နိုင်ငံမှာရှိတဲ့အခါအရေးအကြောင်းရှိရင်သူတို့နိုင်ငံသားတွေအနေနဲ့
တိုင်းပြည်အကျိုးကိုကိုယ်ထိလက်ရောက်ကူညီနိုင်ကြတဲ့အတွက်စစ်ရေးမှာဘဲဖြစ်ဖြစ်၊နိုင်ငံရေး၊သံတမန်ရေးမှာ
ဘဲဖြစ်ဖြစ်ဒီလူတွေဟာကိုယ်တတ်တဲ့ဘာသာစကားနဲ့တိုင်းပြည်အကျိုးကိုဝင်ရောက်ဆောင်ရွက်နိုင်တယ်။
ဘာသာစကား
ယဉ်ကျေးမှုဓလေ့ထုံးစံတွေဟာမပျောက်ကွယ်အောင်ဘယ်အစိုးရမဆိုအားပေးသင့်စောင့်ရှောက်
သင့်တဲ့အလုပ်ဖြစ်ပါတယ်။
ဗမာစကားဘဲသင်ရမယ်ဆိုတာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိက
ဖြိုခွဲနေတဲ့အချက်တခုဖြစ်ပါတယ်။ဗမာလူမျိုးသာအရေးကြီးတယ်၊မြင့်မြတ်တယ်တန်ဖိုးရှိတယ်လို့ပြော
သလိုဖြစ်နေပြီးတိုင်းရင်းသားလူမျိုးစုတွေကတော့ငါတို့လောက်အရေးမကြီးပါဘူးဆိုတာကိုဖေါ်ညွန်းထား
တာဖြစ်နေပါ
တယ်။ဗမာလူမျိုးတမျိုးထဲကိုဘဲကွက်ချစ်လို့မရပါဘူး၊အားလုံးကိုတန်းတူရည်တူထားမှအခွင့်အရေးပေးမှတိုင်း
ရင်းသား
တွေကတကယ်ယုံကြည်လာပြီးတကယ်စစ်မှန်တဲ့ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဖိုဝါဒ ဟာအနောက်နိုင်ငံတွေမှာတိမ်ကောသွားပေမဲ့အရှေ့နိုင်ငံတွေမှာအခုထက်ထိလွှမ်းမိုးနေတုံးဘဲ၊
မူဆလင်နိုင်ငံတွေဖြစ်တဲ့ဆော်ဒီအာရေးဗီးယား၊ အီရန်၊ နဲ့အဆိုးဆုံးအာဖဂန်နစ္စတန် အပြင်အရှေ့
တောင်အာရှ ထိုင်း၊မြန်မာ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာလဲယောက်ျားတွေ ဘာလုပ်လုပ်သင့်တော်တယ်၊
အဖြူမကိုတွဲ မလား ဝိုင်းအားပေးကြမယ်၊အားရဝမ်းသာဖြစ်ကြမယ် ဒါပေမဲ့ဗမာမတယောက်ကအဖြူတယောက်နဲ့တွဲရင်
တော့ကျီးကန်းတွေလိုဝိုင်းအာကြမယ်၊ အမျိုးဖျက်မလို့ပြော ကြမယ်၊ ဘိုကို သာကြိုက်တဲ့ကောင်မ
လို့ဝိုင်း ဆဲကြမယ် လူသားချင်းအတူတူမိန်းမတွေကိုနှိမ်ထား တယ်ဆိုတာ ဗမာ့လူ့ပတ်ဝန်းကျင်ကနက်နက်နဲနဲမတွေး
မိကြဘူး၊ သတိမပြုမိကြဘူး။ ကုလားတယောက်ကိုတွဲမိရင်တော့ပို ဆိုးမယ်၊ ကုလားဆိုရင်ဗမာတွေက
နှိမ်ချင်ကြတယ်၊ ကုလားဒိန်ဆိုတဲ့အသုံးအနှုန်းဟာနှိမ်ခေါ်တဲ့စကားဘဲ၊ ဒါပေမဲ့ ဗမာဗုဒ္ဓဘာသာဝင်တွေ
ကိုယ်တိုင်သတိမပြုမိတာ တခုကဂေါတမ ဗုဒ္ဓ မြတ်စွာဘုရားဟာအိန္ဒိယကုလား ဖြစ်တယ်ဆိုတာဘဲ၊ ကုလားကြီးမှန်းမသိလို့ရှစ်ခိုးတာလား၊
ဒီကုလားကြီးရဲ့အပြင်ပန်းရုပ်သဏ္ဍန်ဖြစ်တဲ့လူမျိုးကို
မကြည့်ဘဲ သူ့ရဲ့အကျင့်သီလ၊ လောကကြီးကိုထိုးထွင်း သိမြင်တဲ့ဥာဏ်၊ သတ္တဝါတွေကိုကယ်တင်လမ်းညွှန်ပြတဲ့
စေတနာနဲ့သူဟောကြားတဲ့တရားကိုနှစ်သက်ယုံကြည် လို့ကိုးကွယ်တာလားဆိုတာကိုထိုးထွင်းသိမြင်
ဘို့လို တယ်၊ ဒီလိုမြင်ထားတဲ့လူတယောက်ဟာမျက်ကန်း မျိုးချစ် ဘယ်တော့မှမဖြစ်တော့ဘူး၊
လူမျိုးကိုအဓိက ထားမကြည့်တော့ဘူး၊ စိတ်ကောင်းရှိတဲ့သူဟုတ်မဟုတ်၊ လူသား တွေ ကိုအကျိုးပြုသူဖြစ်မဖြစ်ဆိုတာနဲ့ဘဲတိုင်း
တာကြတော့တယ်။
ဥပမာ
ကိုယ့်အမျိုးကိုတန်ဖိုးထားတဲ့သူကိုကိုယ့်ရန်သူလို့သတ်မှတ်မှာလား?
ကိုယ်အမျိုးကိုဖျက်တဲ့လူ ကိုသတ် မှတ်မှာလား?
လို့မေးရင်အမျိုးဖျက်တဲ့လူလို့ဖြေကြမှာဘဲ၊
ဒီတော့အမျိုးဖျက်တယ်ဆိုတာဘာလဲ? လို့ထပ်မေးရလိမ့် မယ်။
ဗမာတယောက်ကဗမာမတယောက်ကိုဖါတန်းမှာတွေ့လို့သနားပြီးလက်ထပ်ယူလိုက်
တယ်ဒါဟာကိုယ့်အမျိုးကိုကယ်တင်လိုက်တာဘဲ၊
ဒါပေမဲ့ဗမာတယောက်ကဗမာမတယောက်ကိုဆွဲဆောင်ခေါ်
ယူသွားပြီးနယ်စပ်မှာရောင်းစားလိုက်တာမျိုးဟာကိုယ့်အမျိုးကိုဖျက်တာဘဲ၊
ဒီလိုဘဲစစ်တပ်ရဲ့ထိုးစစ်ကြောင့်
ပေါ်တာရန်ကြောင့်ထိုင်းနိုင်ငံကိုထွက်ပြေးလာရင်းဖါအဖြစ်ရောင်းစားခံရတဲ့
မိန်းခလေးတွေကိုဒီလိုဘဝမျိုးရောက်အောင်လုပ်နေတဲ့စံနစ်ဆိုးကြီးဟာလဲမျိုးဖျက်လုပ်ရပ်တွေဘဲဖြစ်တယ်။
ဒေါ်စုကိုမိုက်ကယ်အဲရစ်ကတန်ဖိုးထားချစ်ခင်စုံမက်လို့သားမှတ်မှတ်မယားမှတ်မှတ်လက်ထပ်ပေါင်းသင်းတဲ့
အ ပြင်သူကိုယ်တိုင်လဲဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲခဲ့တာကိုဘာ့ကြောင့်မကြေမနပ်ဖြစ်နေကြတာတုန်း။
ကိုယ့်အမျိုးကိုချစ်တဲ့သူတယောက်ကိုလက်ကမ်းမကြိုဆိုသင့်ဘူးလား၊
ကိုယ့်နိုင်ငံသားတွေစစ်ပြေးဒုက္ခသည်
တွေအဖြစ်အိမ်နီးချင်းနိုင်ငံတွေမှာဖါဖြစ်အောင်တွန်းပို့တဲ့သူတွေနဲ့
၊ဒေါ်စုကိုချစ်ခင်မြတ်နိုးစွာလက်ထပ်ခဲ့တဲ့မိုက်ကယ်အဲရစ်နဲ့နှိုင်းယှဉ်ပြီးဘယ်သူကမျိုးဖျက်သူလဲ၊ဘယ်သူက
အမျိုးကိုတန်ဖိုးထားသူလဲ၊
လို့မေးရင်ဘယ်လိုဖြေ
ကြ မ လဲ?
ကိုယ့်လူမျိုးကိုချစ်တဲ့သူတယောက်ကိုလူမျိုးခြားဆိုပြီးကန်ထုတ်ရမှာလား၊
မြန်မာနိုင်ငံတော်ကြီးကိုလူမွဲနိုင်ငံ
ဘဝရောက်အောင်လုပ်၊စားဝတ်နေရေးကြောင့်အိမ်နီးချင်နိုင်ငံတွေမှာအစေခံ၊အိမ်ကျွန်၊ခလေးထိမ်း၊
ပုဂံဆေးအလုပ်
တွေလုပ်ရင်းခြေတော်တင်ခံရတဲ့ဗမာမတွေဒုနဲ့ဒေး၊ ဖါတန်းရောက်တဲ့ သူ
တွေဒုနဲ့ဒေး၊
အဲဒါမှအမျိုးဖျက်တာလို့ခေါ်တယ်။
မျိုးချစ်စိတ်ဆိုတာကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ချင်တဲ့စိတ်၊
ကိုယ့်လူမျိုးကမ္ဘာ့အလယ်မှာမော်ကြွားနိုင်အောင်ပြုလုပ်လိုတဲ့စိတ်၊ ချမ်းသာကြွယ်ဝတဲ့လူမျိုး၊
ပညာဥာဏ်အမျှော်အမြင်ကြီးတဲ့လူမျိုး၊ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့လူမျိုး၊ ဂတိသစ္စာတည်ကြည်တဲ့လူမျိုး
ဖြစ်အောင်လုပ်လိုတဲ့စိတ်ကိုခေါ်တာ။ တိုင်းပြည်ဘဏ္ဏာကိုအလွှဲသုံးစားလုပ်၊ စစ်တပ်ကြီးတည်ထောင်ပြီးပြည်သူ
ကိုသေနတ်မိုးအုပ်ချုပ်နေတာမျိုးချစ်စိတ်ဓါတ်မဟုတ်ဘူး။ကိုယ့်လူမျိုးတွေကိုလူညွန့်တုံးအောင်လုပ်နေတဲ့မျိုး ဖျက် စိတ်ဘဲဖြစ်တယ်၊လူမျိုးခြားဖြစ်ဖြစ်ကိုယ်နိုင်ငံနဲ့ကိုယ့်လူမျိုးကိုတန်ဖိုးထားတဲ့ဘယ်သူမဆိုလက်ကမ်းကြို
ဆိုပြီး ကိုယ့်နိုင်ငံတိုးတက်ရေးထက်မိမိကောင်းစားရေးကိုသာကြည့်ပြီးတိုင်းပြည်ကိုဆင်းရဲတွင်းထဲတွန်းပို့
နေ သူဗမာ တိုင်းရင်းသားမည်သူမဆိုကိုတော့ဝိုင်းတိုက်ရမှာပါဘဲ။ ဗမာဖြစ်ပင်ဖြစ်ငြားအမျိုးယုတ်စိတ်ရှိတဲ့သူလို့သတ်မှတ်ရမှာဘဲ။
ထွန်းအောင်ကျော်
(၂ ၊ ၁၆၊ ၂၀၁၂)
__._,_.___
Attachment(s) from Htun Gyaw
2 of 2 File(s)
R
No comments:
Post a Comment