KNU/KNLA
ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ''အခုလို
ကျွန်တော့်အနေနဲ့ ဒီကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။
တွေ့ချင်တာလည်း ကြာပြီ။ အခုလို လာတာကလည်း အားလုံးအတွက် လာတာနော်။
အခုလိုလာပြီး တွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့
အာားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး
မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးက အဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD/
အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ ဗမာပြည်ရဲ့ရှေ့အနာဂတ်
ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွ လက်တွဲပြီး
လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်က
အသက်အကြီးဆုံးပါ။ စစ်ထဲ ၀င်တုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့
ကျွန်တော် အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက် ဗမာ
လူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ်
အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး
လုပ်သွားရမှာ ဖြစ်တယ်။ နောက်တစ်ခေါက်လည်း ဖြစ်နိုင်လို့ရှိရင်
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ချင်တယ်။ ကျွန်တော်တို့ ကရင်နှစ်သစ်ကူးတာတွေ၊
ဒေသခံတွေနဲ့ တွေ့၊ နောက် တခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့
တွေ့ဖို့လည်း ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို request
လုပ်ထားပါတယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါတယ်။ မီဒီယာကိုတော့ မချန်ထားခဲ့ဘူး။
ဖိတ်ပါတယ်''ဟု မီဒီယာများသို့ ကရင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
No comments:
Post a Comment