အောင်ကိုကိုလတ်(ရွှေမြစ်မခ)
by Myit Makha Mediagroup on 16 Feb, 2012
by Myit Makha Mediagroup on 16 Feb, 2012
ကုလသမဂ္ဂ
ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့
ညနေ ၅နာရီ ၃၀ မိနစ်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ လာရောက်တွေ့ဆုံပြီး
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သလို၊
ဒီမိုကရေစီရေးနှင့်ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။
“ကျွန်တော်နဲ့
ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်းနှင်းပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အကြောင်းအရာတော်တော်များများကိုတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ကျွန်တော်အထင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီရွေးကောက်ပွဲဝင်ပြိုင်တာ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစအတွက် ပထမဆုံးခြေလမ်းလို့ ထင်ပါတယ်”ဟု
မစ္စတာ ဗီဂျေနမ်ဘီးယားက တွေ့ဆုံဆွေးနွေးမူအပြီးတွင်
သတင်းမီဒီယာများရှေ့တွင်ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်
မတွေ့ဆုံမှီ မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့ဝင်များသည် နေပြည်တော် တွင်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား
ရေးဝန်ကြီးဌာန၊ သမ္မတရုံး ၀န်ကြီးဌာန၊ အလုပ်သမလားဝန်ကြီးဌာနနှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန တို့မှ
ပြည်ထောင်စုဝန်ကြီးများ ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်ပိုင်
သတင်းစာ ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတော်
အစိုးရ၀န်ကြီးများဖြင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏
ပကတိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment