Thursday, February 2, 2012
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရုတ်တရက်ဖျက်သိမ်း။
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၂။ ၄၊၂၊၂၀၁၂ မှ ၅၊၂၊၂၀၁၂ မန္တလေးခရီးစဉ် (တစ်ညအိပ်နှစ်ရက်) စီစဉ်ထားပြီး ဖေဖော်ဝါရီ ၄ရက်တွင် ဓမ္မသာလာခန်းမ၌ကျင်းပမည့် မန္တလေးတိုင်း NLD ရံပုံငွေ ပန်းချီပြပွဲကို ဖွင့်လှစ်ပေးကာ ဗထူးကွင်း သို့မဟုတ် မန္တလေးတောင်ခြေ ရှိ မြင်းပြိုင် ကွင်းတွင် လူထုစည်းရုံးဟောပြောပွဲ ပြုလုပ်မည်၊ ဆီဒိုးနားဟိုတယ် ညစာစားပွဲ တက်ရောက်မည်ဟု စီစဉ်ထားခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် ထိုခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက် ကြောင်းသိရသည်။
ကိုဝိုင်ဝိုင်ကေ
2.2.12
ည၈နာရီး၃၀
၉ နာရီ ၀၅ မိနစ် ဆက်သွယ်ရရှိချက် ..။
ဘောလုံးကွင်းများ မည်သည်ကွင်းမှ ခွင့်မပြုကြောင်း ပြန်ကြားချက် အပေါ် တုန့်ပြန်လျက် ဖျက်သိမ်းလိုက်ကြောင်း... လုံးဝမသုံးစွဲသလောက်ရှသော မန္တလေးတောင်ခြေရှိ မြင်းပြိုင်ကွင်းဟု လူသိများသော ကွင်းကိုပင် ခွင့်ပြုခြင်းမရှိကြောင်း သိရသည်။
ကိုဝိုင်ဝိုင်ကေ
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment