Monday, February 13, 2012

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှင်းတမ်း - အပိုင်း(၂)


သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

သရုပ်ဖော်ပန်းချီအား Messenger မှ ကူးယူအသုံးပြုပါသည်။
● ရဲဘော်သုံးကျိပ်ဝင်များ သွေးဖောက်ပြီး သစ္စာပြုနေ့အမှား
မြန်မာမျိုးချစ်လူငယ်များ ဟိုင်နန်ကျွန်း စစ်သင်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော စစ်ပညာများသည် ၁၉၄၁ အောက်တို ဘာလဆန်းတွင် ပြီးဆုံးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စန်းယစစ်ပညာသင်တန်းကျောင်းကိုပိတ်၍ ထိုင်ဝမ်ကျွန်းရှိ တာမာ ဆာတိုမြို့ (Tamasato) သို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့တွင် တာမာဆာတိုမြို့ ဗိုလ်သင် တန်းကျောင်းတွင် စစ်သေနင်္ဂဗျူဟာပညာနှင့် ဂျပန်နိုင်ငံမှထုတ်လုပ်သည့် နောက်ဆုံးပေါ်လက်နက်များ သုံးစွဲနည်း၊ ပြင်ဆင်နည်းများကို ဆက်လက်သင်ကြားခဲ့ကြသည်။

ယင်းနောက် ဂျပန်တို့သည် ၁၉၄၁ ဒီဇင်ဘာ ရ ၇က်နေ့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ယီကျွန်း (Hawaii) ရှိ အမေရိကန်တို့၏ အကြီး ဆုံးရေတပ်စခန်းဖြစ်သည့် ပုလဲဆိပ်ကမ်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်၍ အရှေ့အာရှစစ်ပွဲကြီးကို စတင်မီးမွှေးလိုက်ရာ၊ မီနာမီ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် ထိုင်ဝမ်ကျွန်း တာမဆာတိုမြို့ရှိ ဗိုလ်သင်တန်း၌ ပို့ချနေမှုတို့ကို အမြန်ဆုံးအဆုံး သတ်ခဲ့သည်။ ထို့နောက် မီနာအဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်း ခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များကိုလည်း အသုတ်လိုက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စေလွှတ်ခဲ့သည်။ ထို့နေ့ နံနက် ၁၀ နာရီအချိန်မှာပင် ဂျပန်ဗုံးကြဲလေယာဉ်အစင်း ၆၀ နှင့် တိုက်လေယာဉ်အစင်း ၃၀ ပါသော ဂျပန်လေတပ်က ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့ကြသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့တွင် သခင်အောင်ဆန်း၊ သခင်စောလွင်၊ သခင်တင်အေး၊ သခင်ထွန်းရွှေ၊ ကိုရွှေနှင့် သခင် သန်းတင် (၂) တို့သည် ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီဝင်းအတွင်းရှိ မြန်မာလူမျိုးမျက်စိကုဆရာဝန် ဦးလွန်းဖေနေအိမ်တွင် ည ၁၀ နာရီခန့်၌ သခင်အောင်ဆန်းနှင့် မြန်မာမျိုးချစ်လူငယ်များသည် လက်မောင်းသွေးဖောက်သစ္စာအဓိဌာန်ပြု၍ သွေးသောက်ပွဲ ပြုလုပ် ခဲ့ကြသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိစာအုပ်အများစု၌ သွေးဖောက်သစ္စာအဓိဌာန်ပြုသည့်နေ့ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ဟု မှားယွင်းစွာ ဖော်ပြနေကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယနေ့တိုင် သက်ရှိထင်ရှားရှိနေသော ရဲဘော်သုံးကျိပ် (၂) ဦးအနက် တစ်ဦးဖြစ်သူ ဗိုလ်မှူးရဲထွဋ်အား စာရေး သူမှ ၂၀၀၇ ဇူလိုင်လခန့်တွင်မေးမြန်းခဲ့ရာ၊ သွေးဖောက်သည့်နေ့မှာ ၁၉၄၁ ခုနှစ် ခရစ်စမတ် (X.mas) အပြီးနောက်တစ်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ဖြစ်သည်။ အတိအကျပြောကြားခဲ့သည်။ ထို့ပြင် `၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ဘန်ကောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်လျက်ရှိသော ဆသွန်းလမ်းရှိ ဖရန့်ဖီးလ်အဆောက်အအုံတွင် ရဲဘော်သုံးကျိပ်ဝင်အားလုံး တစ်ဦးကိုတစ်ဦး အသက်ပေးစောင့်ရှောက် ၍ တိုင်းပြည်အတွက် အသက်စွန့်လှူပါမည်ဟု သစ္စာအဓိဌာန်ပြုကာ ဒုတိယအကြိမ်သွေးသောက်ပွဲကျင်းပသည်´ ဟူ၍ ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ်စာအုပ် စာမျက်နှာ ၁၄ ရေးသားချက်ကိုလည်း မှားယွင်းသည်ဟုဆိုသည်။ ရဲဘော်သုံးကျိပ်ဝင်သည် တစ်ကြိမ်တည်းသာ သွေးဖောက်၍ သစ္စာအဓိဌာန်ပြုခဲ့သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု ဓူဝံစာပေတိုက်မှ ၂၀၀၇ ခုနှစ်ထုတ်ဝေသော တရုတ်နိုင်ငံ၌ နေထိုင်လျက်ရှိသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇော၏ `ကိုယ်တိုင်ရေးအတ္ထုပ္ပတိပေါင်းချုပ်´ (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့) စာမျက်နှာ ၄၇၊ ၄၈ ၌ `၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်နေ့သည် နယ်ချဲ့အောက်တွင် မြန်မာအမျိုးသားတို့၏ ပထမလက်နက်ကိုင်တပ်မတော်ကြီး (B.I.A) ကို စတင်ဖွဲ့စည်းသော နေ့ကြီးဖြစ်သည်။ ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန် လက်မောင်းသွေဖောက်၍ သစ္စာရေသောက်ခဲ့ကြသည်။ ကျွန်တော်တို့သည် လွပ်လပ်ရေးရသည်အထိ ဆုံးခန်းတိုင်တိုက်ပွဲဝင်မည်ဟု သစ္စာအဓိဌာန်ပြုခဲ့ကြသည်။

အထက်ပါ ဘီအိုင်အေတပ်မတော်ဖွဲ့စည်းခြင်းနှင့် ကျမ်းသစ္စာခံယူပွဲနေ့ကို ထိုစဉ်က ကျွန်တော်တို့ဆရာတစ်ယောက် `အီဇုမိယ´ရေးသော မီနာမီကီကန်စာအုပ် မြန်မာပြန်စာမျက်နှာ ၉၅နှင့် ၁၀၄တွင် (၂၈-၁၂-၄၁) ဟု ဖော်ပြထားသည်။ တပ်မတော်သမိုင်းမှတ်တမ်း (၁) နိဒါန်းတွင် (၂၇-၁၂-၄၁) ဟုဆိုသည်။ ကျွန်တော်တို့စွဲမှတ်နေသည့်နေ့သည် (၂၆-၁၂-၄၁) သာဖြစ်သည်´ ဟူ၍ ရေးသားဖော်ပြ ထားလေ သည်။

● ဘီအိုင်အေတည်ထောင်သည့်နေ့အမှား
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်အများစု၌ အများဆုံးမှားယွင်းသော အမှားတစ်ခုမှာ ယိုးဒယား(ထိုင်း) နိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်ဟု ဖော်ပြမှုပင်ဖြစ်သည်။

ဦးမြဟန်ပြုစု၍ အားမာန်သစ်စာပေတိုက်မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင်ထုတ်ဝေခဲ့သော ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်စာအုပ် စာ ၂၉၉၌-

`ဘီအိုင်အေကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ကဦးစီး၍ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ စဖွဲ့သည်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်အတွင်း ဘီအိုင်အေကို အပြီးဖွဲ့စည်းခဲ့သည်´ ဟူ၍ ဖော်ပြထားသလို ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ (၂၀၁၀ စက်တင်ဘာ ၂၃) စာမျက်နှာ ၁၇ ၌-

`၁၉၄၁ ဒီဇင်ဘာ ၃၁ တွင် ဘန်ကောက်မြို့၌ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းကြေညာ´ ဟူ၍ ဖော်ပြထား သည်။

သို့သော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ရေးသားပြုစုသော `ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်´ စာအုပ် စာမျက်နှာ ၁၉၂ နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသန ဦးစီးဌာနမှ ထုတ်ဝေသော မြန်မာ့ရက်စဉ်သမိုင်း (အကြိုသမိုင်းကာလမှ၁၉၄၅အထိ) ပထမတွဲ စာမျက်နှာ ၃၁၂ ၌ -

`ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army) ကို ၁၉၄၁ ဒီဇင်ဘာ ၂၇ တွင် ဖွဲ့စည်းခဲ့သည်´ ဟူ၍ အတိအကျ ဖော်ပြထားသည်။

ယနေ့တိုင် သက်ရှိထင်ရှားရှိနေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကလည်း သွေးဖောက်သစ္စာအဓိဌာန်ပြုပြီး နောက်တနေ့ (၁၉၄၁ ဒီဇင်ဘာလ ၂၇ရက်) တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်ဟု ပြောပြပါသည်။

ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ဟုသာ အမှန်ယူရမည်ဖြစ်သည်။

● ရဲဘော်သုံးကျိပ်များ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းမှု
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေ နေအိမ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းပြီးနောက် သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို့အား စုဝေးပြီး ယနေ့အစည်းအဝေးတွင် အစည်းအဝေးတက် ရောက်လာသူများနှင့် မိတ်ဆက်သည့်အခါ မိမိတို့ဝတ်ထားသည်မှာ ဂျပန်ဝတ်စုံ၊ အမည်ကလည်း ဂျပန်နာမည်ဖြစ်နေ၍ မိတ်ဆက်ရာတွင် အဆင်မပြေလှကြောင်း မိမိတို့၏နာမည်ရင်းများနှင့် မိတ်ဆက်လျှင် မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ့သည့် မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက် နိုင်ကြောင်း ဟိုင်နန်ကျွန်းတွင်ရှိစဉ်က ကိုလှမောင်အကြံပေးသည့်အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် သခင်အောင်ဆန်း၏ လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို့၏ ဗိုလ်ဘွဲ့အမည်အသီးသီးကို ဘော်နီယိုကုမ္ပဏီဝင်းအတွင်း အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာမျိုးချစ်လူငယ်များ၏ ဗိုလ်အမည်များတွင်လာခဲ့သည်။ ရဲဘော်သုံးကျိပ်တို၏ အမည် ရင်း၊ ဂျပန်အမည်နှင့် ဗိုလ်အမည်များမှာ-

စဉ် - အမည် - ဂျပန်အမည်- ဗိုလ်ဘွဲ့အမည်
၁။ သခင်အောင်ဆန်း - Omoda Monji - ဗိုလ်တေဇ
၂။ သခင်ရှုမောင် - Takasugi Susumu - ဗိုလ်နေ၀င်း
၃။ သခင်ကျော်စိန် -Takahashi - ဗိုလ်မိုးညို
၎။ သခင်ခင်မောင်ဦး - Monya Masaru - ဗိုလ်တာရာ
၅။ သခင်ငွေ - Katsura - ဗိုလ်စောအောင်
၆။ သခင်စောလွင် - Yamaoka Kiyoshi - ဗိုလ်မင်းခေါင်
၇။ သခင်စံမြ - Nakagawa Ichiro - ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင် - Omura Tadashi - ဗိုလ်အောင်
၉။ သခင်စိုး - Kono - ဗိုလ်မြင့်အောင်
၁၀။ ကိုဆောင်း - Monya Hiroshi - ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး- Chinda Seiyi - ဗိုလ်အုန်းမြင့်
၁၂။ သခင်ထွန်းခင် - Nakamura Hitoshi - ဗိုလ်မြင့်ဆွေ
၁၃။ ကိုထွန်းရှိန် -Yamashita Teruo - ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ -Utsumi Susumu -ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းလွင် - Otani Hiroshi - ဗိုလ်ဗလ
၁၆။ သခင်ထွန်းအုပ် - Ichihara Ishiro - ဗိုလ်ဘွဲ့မခံ
၁၇။ သခင်ဗဂျမ်း - Baba Takeshi - ဗိုလ်လရောင်
၁၈။ သခင်မောင်မောင် - Tsuchiya - ဗိုလ်ဉာဏ
၁၉။ ကိုရွှေ - Taniguchi Shimichi - ဗိုလ်ကျော်ဇော
၂၀။ သခင်လှ

No comments: