Thursday, February 2, 2012

မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏ


မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ
Wednesday, 01 February 2012 15:46
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။
၁၉၈၈ခုနှစ်မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အေဒီဘီချေးငွေ ၃၅၆.၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀.၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃.၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄.၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈.၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈.၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄.၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄.၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆.၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉.၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇.၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇.၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆.၅၅၂
ပေါင်း ၈၄၀၈.၃၄၈

၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အိုပက်ချေးငွေ ၂၂.၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀.၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀.၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈.၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃.၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀.၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ .၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ .၇၄၄
စုစုပေါင်း ၂၆၁၄ .၉၅၀
 
from (Hawdeka Aethae) facebook notes
ဒီမှာ ဗမာပြေမှာ လူပေါင်း သန်၇၀ လောက်ရှိမှာပေါ့၊
GSM SIM ကဒ် အလကားပေးတယ်ဆိုရင် အားလုံးယူကြမှာ
ထားပါတော့ သန်း၄၀ယူမယ်လို့ပဲ ထားပါတော့
အဲဒီ GSM SIM ကဒ် သန်း ၄၀ က တစ်ရက်ကို တစ်မိနစ်စီပဲ Local ဖုန်းပြောအုံး
လက်ရှိ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေးနှုန်းထား အတိုင်းတွက်ကြည့်ရင် တစ်မိနစ် ၅၀ X သန်း ၄၀ = မြန်မာကျပ်ငွေ သန်းနှစ်ထောင် (နှစ်ဘီလီယံ) အားပါးပါး

ကဲ ပျမ်းမျှ တစ်ရက် ၂၄ နာရီ ထဲက မိနစ် ၂၀ စီ (၂၄x၆၀/၂၀=၇၂၊ မိနစ်၂၀ ဆိုတာ တစ်နေ့တာရဲ့ ၇၂ပုံတစ်ပုံပါ) ဖုန်းပြောတယ်ဆိုပါဆို့

လက်ရှိ တစ်မိနစ် ၅၀နှုန်းနဲ့ ဆို တစ်ရက်ဝင်ငွေဟာ ကျပ်ငွေသန်းပေါင်းလေးသောင်း = ကျပ်လေးဆယ်ဘီလီယံ = အမေရိကန်ဒေါ်လာ သန်း၅၀ပေါ့

တစ်နှစ်စာတွက်ကြည့်ရအောင် = သန်း၅၀ x ၃၆၅ = အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၂၅၀ = အမေရိကန်ဒေါ်လာ ၁၈.၂၅ ဘီလီယံပေါ့

အလဲ့ အင်မတန် ကိုက်တဲ့ စီပွားရေးပါလား

ဒီလိုပြောကြည့်မယ်နော် ဆင်းကဒ် သန်း ၄၀ ကို အလကားပေး၊ ဖုန်းပြောခကို ၅၀ နဲ့ပဲ တစ်နှစ်လောက်ဆက်ကောက် ပါ ပေါ့

ဟုတ်တယ်ဟုတ်၊ တစ်နှစ်ကို ဒေါ်လာ ၁၈.၂၅ ဘီလီယံ ၀င်မယ့် ကိစ္စနော်၊
ဖုန်းသန်းလေးဆယ် အတွက် အင်ဖရာစရွက်ချာ ခေါ်တဲ့ လိုအပ်တဲ့ အိန်ချိန်းတို့ ဂိတ်ဝေးတို့ကို ကြီးကြီးကျယ်ကျယ် လျောက်ပြောမနေပါနဲ့

(နမူနာပြောတာနော်) ကျနော့်ကိုသာလုပ်ပိုင်ခွင့်ပေးကြည့်၊ အဲဒီလုပ်ပိုင်ခွင့်လက်မှတ်ယူပြီး တစ်ကမ္ဘာလုံးက Investment & Developement Bank တွေ လျောက်ပြမယ်

အဲဒီအတွက် တစ်နှစ်အတိုး ပြားစွန်းလေးနဲ့ ငွေချေးချင်တဲ့သူတွေ တစ်ပုံတစ်ပင်ကြီး

အရေးကြီးတာက လုပ်ပိုင်ခွင့်လေ လုပ်ပိုင်ခွင့် ဟဲဟဲ

နောက်တစ်နည်းက ဆင်းကဒ် သန်း၄၀ ဆို ဟန်းဆက်သန်း၄၀ လိုလာမယ်၊ ဟန်းဆက် သန်းလေးဆယ် ရောင်းချင်တဲ့ ကုမ္ပဏီတွေ ဒီကိုလာ၊

အဲဒီရောင်းခွင့်အတွက် အိတ်ချိန်းတွေ ဂိတ်ဝေးတွေ ကော်နက်ရှင်တွေ ဖရီးလုပ်ပေးရမယ်လို့သာပြောလိုက်၊ အပြေးအလွှားကိုလာကြမှာ မြင်ယောင်သေး

မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် ဆက်သွယ်ရေးကို ခင်ဗျားတို့ တစ်ယောက်ထဲ သိတယ်လို ထင်ပြီး ဖင်ဂေါင်းမကျယ်ကြပါနဲ့

(ကျုပ်လဲ အင်ဂျင်နီယာပါဗျ အာအိုင်တီက အင်ဂျင်နီယာပါဗျ)

တိုင်းပြည်ကို ဖျက်ဆီးတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မပါမိကြပါနဲ့ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် အဟက်ဟက်

(ဒါနဲ့ လက်ရှိ တစ်ရက်ဖုန်းပြောနေတဲ့ နှုန်းကလဲ မနဲဘူးနော် ၊ လက်ရှိကိုပဲ တစ်ရက် ကို ဘယ်လောက်ငွေဝင်နေလဲ မသိဘူး

တစ်ခါသုံးဖုန်းဆိုပြီး ထွင်ရောင်းတာလဲရှိသေး၊ တစ်ခါသုံးကဒ် GSM က သုံးသန်း နဲ့ CDMA က နှစ်သန်းလောက် ရောင်းပြီးပြီကြားတယ်

ဒီမှာတင် 3000000x20 + 2000000x50 = အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် သာသာလေး ကယ့်ယူသွားပြီ

အာဏာရှင်နိုင်ငံမှာ စီပွားရှာတာ အင်မတန်မှ လွယ်ပါလား သန်မဒဂျီး အူးတိန်းဆိန် ရေ့)

(မေးထဲရောက်လာတဲ့ အစ်ကိုတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးပါ) :) :) :)


မဆလ ခေတ် ၁၉၈၈ မတိုင်မီက သန်လျင် တံတားကြီးကို ဆောက်ပါတယ်။ တရုတ်ချေးငွေနဲ့ပါ။ တရုတ်ပြောတာက အတိုးမဲ့ချေးငွေဖြစ်ပါတယ်။မြန်မာပြည်ရဲ့ ပထမဆုံးအရှည်ဆုံးတံတား။

အတိုးမဲ့ချေးငွေဆိုတော့ အရင်းထဲ ဘယ်လောက်ပိုထားသလဲ မသိ။
ဆောက်တော့ တရုပ် အင်ဂျင်နီယာအဖွဲ့ မြန်မာအင်ဂျင်နီယာအဖွဲ့
ပေါင်းဆောက်တယ်။ မြန်မာအဖွဲ့က အဲသည်က နည်းပညာနဲ့ နောက်ဆောက်တဲ့ တရုပ်တံတားများကို ဆောက်ကြတယ်။။
အဓိက ပြောပြချင်တာက....
သန်လျင်တံတားကြီးဟာ အလယ်က ရထားသွားပါတယ်။အစွန်းထွက် ၂ ဘက်ကို ကားလမ်းလုပ်ထားပါတယ်။သန်လျင်တံတားဟာ ကြည့်လိုက်ယင် ထုထည် အကြီးဆုံးတံတားဖြစ်ပါတယ်။ ရည်ရွယ်ချက်က သီလ၀ါက ကွန်တိန်နာများကို ရန်ကုန်သယ်ဘို့......ဖွင့်ပွဲလုပ်ပြီး တန်၃၀ ကားများဖြတ်လျှင် တသိမ့်သိမ့်တုန် နေတဲ့ ပြသနာ။

ဒီနောက်မှာ ၁၈ တန်အောက် ဘဲ ဖြတ်သန်းခွင့် ပြုလိုက်ရပါတယ်။။
ကွန်တိန်နာကားများ အလွန်ပြသနာဖြစ်ပါတယ်။။သန်လျင်တံတားဖြတ်ဘို့ အတွက် ၁၈ တန်စီ ခွဲသယ်ပို့ လိုက်ရပါတယ်။။ဒါနဲ့ သန်လျင် ကွန်တိန်နာအတွက် နောက်ထပ်
တံတား တစ်လုံး (တရုပ်တံတား)ထပ်ထိုး လိုက်ရတယ်။
သန်လျင်သားတွေကတော့ တံတား ၂ လုံးဖြစ်တာပေါ့။။

တရုပ်က ဆောက်ခဲ့တဲ့ ကြိုးတံတားတွေ အားလုံးက Camber အကုန်ကျတယ်တဲ့။။ကြိုးတံတားမှာ အလယ်က ခုံးနေရမှာ ခွက်
နေဘီတဲ့။။မြန်မာ့ သတ္တိကလည်း သိပ်ကောင်းတယ်။မကျိုးခင်
အထိ ဖြတ်နေကြမှာပါဘဲ။။
စီမံကိန်း အကြီးတွေ တည်ဆောက်ယင်တော့ နှစ်ပေါင်းများစွာခံမည့် ကွာလတီမျိုးဖြစ်သင့်ပါတယ်။။
 
 
+30 #39 May Than Dar wint 2012-02-02 16:43
မြန်မာပြည်မဆင်းရဲပါဘူး။ ယခင်အစိုးရလက်ထက်တုန်းက တာဝန်နှင့် လုပ်ပိုင်ခွင့် အာဏာကို အသုံးချပြီး လုပ်ချင်ရာလုပ်သွားတဲ့ ပုဂ္ဂိုလ်များနှင့် သူတို့ ပိုင်ဆိုင်တဲ့ ကုမ္မဏီ ကြီးတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ဆွေမျိုးသားချင်း ကုမ္မဏီ ပိုင်ဆိုင်မှု တွေ နဲ့ပြန်ဆပ်ရင် ကြေပါတယ်။ ပိုတောင်ပိုနေအုန်းမှာပါ။
ဆင်းရဲသောကျေးတောရွာတွင်မွေးဖွားလာသော တာဝန်နှင့် လုပ်ပိုင်ခွင့် အာဏာရှိခဲ့သောလူကြီး တစ်ယောက် ၏လစာနှင့် လယ်သမားသား/ကျောင်းဆရာသားဖြစ်သော တာဝန်နှင့် လုပ်ပိုင်ခွင့် အာဏာရှိခဲ့သောလူကြီး တစ်ယောက်၏လစာနှင့် ရိုးရိုးသားသား.နေထိုင်ခဲ့ပါလျှင်ယခုကဲ့သို့ကြွယ်ဝမချမ်းသာနိုင်ပါ...နေ့မအား/ညမနားဘဲ.. သားကုမ္ပဏီ/သမီးကုမ္ပဏီ/ဆွေမျိုးသားချင်း/ တပည့်မွေးဆရာမွေး ကုမ္ပဏီများ..ကိုယ်ပိုင် ကုမ္ပဏီများ..မြို့ကြီးများတွင် ပိုင်ဆိုင်မှုများစွာ..သန်းပေါင်းသောင်းချီတန်သောကိုယ်ပိုင်တိုက်ကြီးများ..ကိုယ်ပိုင်မြေပိုင်ရှင်..သန်းပေါင်းများစွာ.. ကြွယ်ဝချမ်းသာအောင်ပြုလုပ်တတ်သော.. ပုဂ္ဂိုလ်များ တို့သည်..လွှတ်တော်တွင်သူတော်ကောင်းယောင်ဆောင်.မိန့်မိန့်ကြီးထိုင်နေကြသည်မှာအဘယ်အတွက်ကြောင့်.. မွန်းနစ်တင်းကြပ်သောဘ၀..ဆင်းရဲမွဲတေတွင်းထဲသို့ ..သက်ဆင်းနေကြသော. .မြန်မာပြည်ရှိသန်း(၆၀)သော
့ပြည်သူလူထု အပေါ်.မျက်နှာပြောင်တိုက်ပြီး.မရှက်တတ်ကြပါသနည်း..?
ရိုးသားပွင့်လင်းသန့်ရှင်းသော သမ္မတကြီး နှင့်အချို့ သော ရိုးသားသည့်နိုင်ငံတော်တာဝန်ရှိ လူကြီးမင်းများ မှထိန်းသိမ်းပေးကြပါရန် ပြည်သူများကိုယ်စား အနူးအညွတ်မေတ္တာ ရပ်ခံအပ်ပါသည်။
တာဝန်နှင့် လုပ်ပိုင်ခွင့် အာဏာ ရှိသော သမ္မတကြီးတို့ ဆောင်ရွက်ပေးမှရမှာပါ။
တန်ခိုးရှိသောသိကြားမင်း/ တရုတ်/ အမေရိကန်/ ဥရောပစီးပွားရေးပိတ်ဆို့ ရေးကိုအားလုံးဖွင့်ပေးတာ တောင်မကယ်နိုင်ပါ။ ပြည်သူတွေတင်မြှောက်ထားသောတိုင်းပြည်ခေါင်းဆောင်ကောင်း များသာလုပ်နိုင်ကြမှာပါ။
မိမိတိုင်းပြည်ကြမ္မာ..မိမိတို့ ၏ခေါင်းဆောင်များသာ ဖန်တီးကြရမှာပါ။
 တရုတ်ကယူထားတဲ့ သန်း၂၀၀၀ကျော်ထဲမှာ တကယ်တမ်း မြန်မာပြည်ကရတာဘယ်လောက်လဲ စစ်ကြည့်ပြီးပြီလား။ တရုတ်ကဘယ်တော့မှ ချေးငွေတ္မွေကို ငွေသားအနေနဲ့ပေးတာမဟုတ်ဘူးဗျ။ ပရော့ဂျက်တခုခုမှာသုံးဖို့ဆိုပြီး ချပေးတာ အဲဒီပရော့ဂျက်တွေကလဲ တရုတ်ကုပ္မဏီတွေပဲ ရထားတာ တကယ်တမ်းကြတော့ ၁ကျပ်တန်ပစ္စည်းကို ၃၀လောက်(၃ကျပ်မဟုတ်ဖူးနော်) ဈေးတင်ထားပြီးမြန်မာပြည်ကိုသိပ်လိုက်တာ ပြီးရင်ဒီကလူကြီးတွေကိုလဲ ကော်မရှင်မြိုးမြိုးမြတ်မြတ်လေး ပေးထားတော့ အကုန်လုံးနှာစေးနေကြတာပေါ့။ ဆောက်လိုက်တဲ့စက်ရုံတွေ ရေအားလျှပ်စစ်တွေလဲ အကုန်လုံးအစုပ်ကြီးပဲ အခုတော့ကြွေးတင်ဘုရင်ဆပ်မဟုတ်တော့ပဲနဲ့ ကြွေးတင်ပြည်သူဆပ်ဖြစ်တော့မယ်။
 
 
comments တွေ အများကြီးရေးထားတာတွေတော့ မရေးတောင် မရေးရဲဘူး..။
ဒါပေမဲ့ စဉ်းစားမိတာက
၁) လက်ရှိအစိုးရသည် လွှတ်တော်တွင် ကုန်ကျစရိတ်များ(နိုင်ငံတော်ဘတ်ဂျက် ဘယ်လောက်% က ဘာအတွက်..။) ဖော်ပြခြင်း၊ လိုငွေများ ဖော်ပြခြင်း (မနှစ်တုန်းကဆိုရင် နိုင်ငံတော်ဘတ်ဂျက်တွင် လိုငွေလိုအပ်သည်ဟု ) ဖော်ပြခဲ့ခြင်း၊ ယခု တဖန်အကြွေးများ ဖော်ပြခြင်း (မင်းတို့ သိပ်မတောင်းဆိုကြနဲ့ ၊ ပိုက်ဆံမရှိဘူး.. ပိုက်ဆံမရှိလို့ တရုတ်ကို အကုန်လုံးရောင်းစားရမှာ..ဝန်ကြီး ဦးဇော်မင်း) တို့ကို ဖော်ပြပြီး နိုင်ငံတော်၏ ဝင်ငွေများကို မီဒီယာများမှ တဆင့် ကြော်ငြာသည် (သို့) ထုတ်ပြန်သည်ကို မတွေ့ရှိရသေးပါ..။ အခွန်ကောက်ခံခြင်းမှ ဝင်ငွေ၊ သယံဇာတများ ရောင်းချခြင်းမှ ဝင်ငွေ စသည်တို့ကို ဖော်ပြခြင်း မတွေ့ရသေးပါ..။

၂) ၈၈ မတိုင်ခင် ၈၄၀၈ သန်း မှာ အတိုးပါပြီးလား မပါသေးဘူးလား..(မပါသေးရင် နှစ် ၂၀ ကျော်ဆိုတော့ ဘယ်လိုလုပ်မလဲ..ဘယ်လောက်လဲ..။) ၈၈ မတိုင်ခင်က အကြွေးကို နအဖက မဆပ်ခဲ့ဖူးလား..။ ဒါဆိုရင် နအဖ အကြွေးတွေကိုရော ယခုလက်ရှိအစိုးရကြမှ ဘာလို့ ပြည်သူကို လာတာဝန်ယူခိုင်းတာလဲ..။ နအဖ လက်ထက် ချေးငွေတွေထဲမှ ၂၀၀၀ ကျော်က တရုတ်ကဆိုတော့ ဘယ်လောက်ဆပ်ပြီးပြီလည်း..။ ဘယ်လောက်ယူထားခဲ့သလဲ..(စာရင်းမှာက ဘယ်လောက်ကျန်လဲလို့ပဲပြတာကိုး..။) ။ ဘယ်နဲ့ ဆပ်ခဲ့သလဲ..။ ဘယ်မှာသုံးခဲ့သလဲ..။ ဒီစာရင်းတွေ မှန်မမှန် ဘယ်သူတွေ အာမခံပေးမလဲ…။ စသဖြင့် မေးစရာတွေ အများကြီးပါနော်..

၃) ဒီအချိန်မှာ ရေးသင့်မသင့်တော့မသိဘူး..။ အဲလို ငွေကြေးရှင်းတမ်းတွေပြန်လိုက်လို့ ၆ ကျပ် ၁ ဒေါ်လာ ကိစ္စတွေကို ပြန်လှည့်ကြည့်မယ်ဆိုရင် တရားမျှတမှုဆိုတာကြီးက နောက်ကလိုက်လာမှာလေ..။ ဒါဆိုရင် အနားယူသွားတဲ့သူတွေကို နိုင်ငံတော် ငွေကြေးအလွဲသုံးစားပြုမှု (အင်ဒိုနီးရှားက ဆူဟာတိုလိုမျိုး) နဲ့ တရားစွဲကြမှာလား..။ ဒါမှ မဟုတ် သူတို့ အာဏာပြန်မသိမ်းအောင် တရားမျှတမှု ဆိုတာ ခဏဘေးချိတ်..။ မသိလိုက်ဖာသာ .. ဗုဒ္ဓဘာသာပီပီ ခွင့်လွှတ်ကျေးအေးလိုက်ကြရင် ကောင်းမလား..။ (လက်ရှိ အဖြစ်အပျက်ကနေတော့ နောက်ကြောင်းပြန်မလှည့်ချင်ပါဘူး..။ ဒါပေမဲ့… အင်း…. ခိုးလုခိုးလုနဲ့ .. တရားဥပဒေကလည်း…နောက်လူတွေ နမူနာယူရင် ဘယ်လိုလုပ်မလဲ..) အာဏာလေးသိမ်းလိုက် .. ဝအောင်စားလိုက်… မသိသလိုနဲ့ ခွင့်လွှတ်ပေးလိုက်…။

အဂတိတရားလေးပါးကင်းတဲ့ မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေ….။

P.S အကြွေးတွေက ပြန်ဆပ်နိုင်မှာပါ..။ ယိုပေါက်တွေဖာလိုက်ရင်..။ ဒါပေမဲ့ အဲလိုပဲ.. အကြီးကောင် ဖဲရှုံးခဲ့တိုင်းသာ အငယ်ကောင် ဆိုက်ကားနင်းရှာပေးရမယ်ဆိုရင်.. တော့.. ။
 
 
 
+67 #29 myint thein 2012-02-02 10:08
ကျွန်တော်တို့နိုင်ငံရဲ့ Balance Sheet ကို တင်ပြသွားတဲ့ သက်ဆိုင်ရာဝန်ကြီးကို အသိအမှတ်ပြုပါတယ်။ နိုင်ငံတော်ရဲ့ ငွေစာရင်းလက်ကျန် ရှင်းတမ်းဟာ လွန်စွာ အရေးကြီးပါတယ်။ ၎င်းစာရင်းအရ ယနေ့အထိ နိုင်ငံတော်ရဲ့ပေးဆပ်ရန် နိုင်ငံခြားကြွေးမြီက အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင် ကျော်ဆိုတော့ ဘီလျံပေါင်း ၁၁ ဘီလျံ ကျော်ကျော်ပေါ့။ ဒါပေမဲ့ report ထဲမှာ ဘယ်နေ့ ပေးဆပ်ရမယ်ဆိုတာ မပါလို့ ဖြည့်စွက်ပေးဖို့လိုပါသည်။ စီးပွားရေးလုပ်ရာမှာ အကြွေးဆိုတာ မကင်းပါဘူး။ credit ကောင်းလို့ credit များများရတာပါ။ credit မကောင်းရင် credit လည်းမရနိုင်ပါဘူး။ ပြန်ဆပ်ရမည့် ရက်သိထားမှ ကြိုတင် ပြင်ဆင်ထားနိုင်မှာပေါ့။ ဒါမှလည်း default မဖြစ်အောင် စီမံနိုင်မည် ဖြစ်ပါသည်။ default ဖြစ်ရင်တော့ credit ကျမှာပါ။ အကြွေးများများ ဆွဲနိုင်လေ ငွေများများလှည့်နိုင်လေပေါ့။ သူများကကိုယ့်ကိုယုံကြည်လို့လည်း အကြွေးတို့၊ ချေးငွေတို့ကို ရဲရဲနဲ့ များများပေးရဲတာပေါ့။ (အတိုးနှုန်း တရားမျှတပြီး နည်းရပါမည်။ အတိုးမဲ့ နှောင်ကြိုးမဲ့ ချေးငွေရလျှင် ပိုကောင်းပါသည်။) သို့သော် ထိုကြွေးမြီ များသည် မိမိနိုင်ငံက အသုံးချနိုင်သည့် အဆင့်ပမာဏ ထက်မပိုသင့်ပါ။ သို့မဟုတ်လျှင် ထိုငွေပိုငွေလျှံများသည် အတိုးနှင့် စားသွားပါမည်။ ချွတ်ချော်တိမ်းစောင်းမှု များလည်း ဖြစ်လာနိုင်ပါသည်။ ၁၀ ထရီလျံကို ကိုင်တွယ်နိုင်တဲ့ အရည်းအချင်းနဲ့ အင်အားရှိလျှင် ၁၀ထရီလျံကိုကိုင်ပါ။ ၁၀ ဘီလျံဘဲ ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိလျှင် ၁၀ဘီလျံဘဲကိုင်ပါ။

 
 
အခုလက်ရှိအချိန်မှာ အရေးကြီးဆုံးကိစ္စက ဒီမိုကရေစီရေးပါ။ ဒီမိုကရေစီ စံနစ် ပီပြင်စွာ ဖြစ်ထွန်းလာလျှင် ကြွေးမြီသည် မြန်မာပြည် အတွက် ပြဿနာမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးသည် ကိုယ့်တိုင်းပြည် လူမျိုးအရည်အချင်းအဆင့်နှင့် ကိုက်ညီတဲ့ စိတ်နေ သဘောထား ပိုက်ထားဖို့ လိုပါသည်။ မိမိကိုယ်ကို သေးသိမ်အောင် နှိမ့်ချ နှိမ့်ချပြီးမနေသင့်ပါ။ ထိုအလေ့အကျင့်ကို ပြောင်းလဲပစ်သင့်ပါသည်။ (မောက်မာဖို့ ကိုလည်းမဆိုလိုပါ။ ပကတိ အနေအထား နှင့် ကိုက်ညီအောင် ကျင့်ကြံဖို့ ဖြစ်ပါသည်။ မြင့်မြတ်ပြီး မြင့်မားတဲ့ စိတ်ဓာတ် ထားရှိဖို့ ဖြစ်ပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ကိုက်ညီအောင် ကျင့်ကြံဖို့ဖြစ်ပါသည်။)
ယနေ့မှစပြီး ကျွန်တော်တို့ နိုင်ငံသားတိုင်း ဒီမိုကရေစီ စံနစ် အကြောင်းကို အနုလုံ ပဋိလုံ နားလည်အောင် လေ့လာကြသင့်ပါသည်။ ဒီမိုကရေစီစံနစ် လေ့လာရေး လှုပ်ရှားမှုကြီးတရပ် ပြုလုပ်သင့်ပါသည်။ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီ အကြောင်း စာစောင်တွေ၊ စာတမ်းတွေ၊ စာအုပ်တွေ ထုတ်ဝေဖြန့်ဖြူးပြီး ပြည်သူတရပ်လုံး ၏ ဒီမိုကရေစီ အသိ မြှင့်တင်ပေးသင့်ပါသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်ကိုယ်တိုင် တောင်မှ ဒီမိုကရေစီ စံနစ်ကို ကောင်းကောင်းမွန်မွန် မသိသေးပါဘူး။ ဒီရှင်နာရီရှာကြည့်တော့ Demo ဆိုတာ Greek ကဆင်းသက်လာတဲ့ စကား၊ ပြည်သူ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူကို သို့မဟုတ် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အမြင့်ဆုံးအာဏာ အပ်နှင်းထားတဲ့ အစိုးရ အားဖြင့် အုပ်ချုပ်တဲ့စံနစ်လို့ဆိုပါတယ်။ တန်းတူညီမျှမှုရှိရေးသည် အဓိကဖြစ်၏ (equality of rights and privileges)။ တန်းတူညီမျှမှုရှိမှ စီးပွားရေးတိုးတက်နိုင်ပါမည်။(သို့သော် absolute equality) တော့ မဖြစ်စေရပါ။ လူရဲ့ လက်ငါးချောင်းတောင်မှ အတိုအရှည်ရှိသေးတာ တိုင်းပြည်တပြည်ရဲ့ ပြည်သူအားလုံး တပုံစံ တစ်စံညွှန်းတည်း ညီနေရမည်တော့ မဟုတ်ပါ။ အနှစ်သာရအားဖြင့် တန်းတူညီမျှနေရမည်ဖြစ်ပါသည်။ လက်ဝါးကြီး အုပ်မှုများကို တားဆီးရပါမည်။ သို့မှသာ တိုင်းပြည်၏စီးပွားရေး ကျန်းမာကြံ့ခိုင်စွာ ဖွံ့ဖြိုး တိုးတက်နိုင်ပါမည်။ အမေရိကန် မှာ တောင်မှ antimonopoly ဥပဒေတွေရှိပါတယ်။ Computer software Giant ---- Microsoft ကြီးတောင်မှ monopoly (လက်ဝါးကြီးအုပ်)လုပ်တယ်ဆိုပြီး ခဏခဏ တရား စွဲဆို ခံရပါတယ်။ အင်မတန်ကောင်းမွန်တဲ့ ဒီမိုကရေစီ စံနစ်ဖြစ်ပါသည်။ ဒါကြောင့်လည်း အမေရိကန်က ကမ္ဘာ့ အတိုးတက်ဆုံးနိုင်ငံ ဖြစ်နေတာကိုး။
 
 
 
ဒီအကြွေးလောက်ကတော့ လွယ်ပါတယ်။ ထိုင်းမှာတော့ သူဌေးတွေ ရွှေထုတ်ပေးကြတယ်။ မြန်မာမှာတော့ ဝန်ကြီး ဝန်ကလေးတွေနဲ့ အပေါင်းအပါသူဌေးတွေ၊ တစ်ယောက် Land Cruiser တစ်စီးစီနဲ့ ဘတ်ထားတဲ့ တိုက်တစ်လုံးစီလောက်ထုတ်ရောင်းခိုင်းပြီး စိုက်ခိုင်းရမယ်။ အိမ်နဲ့ ကားဆိုရင် တစ်ယောက်စီကနေ ဒေါ်လာ ၄ဝဝဝဝဝ စီလောက်ပြေးမလွတ်ဘူးဗျို့၊ ပြည်သူဆီကနေ ကောက်စရာမလိုလောက်ပါဘူး။ ဟီး .. ဟီး ......
 
 
 နိုင်ငံတော် ဘဏ္ဍာရေး နဲ့ ပါတ်သတ်ပြီး ပြောရပြီ ဆိုရင် အတော့်ကို ခံပြင်းစရာကောင်းတဲ့ ကိစ လို့ မြင်မိပါတယ်။
ဘာစာရင်း ဇယားမှ မရှိ မြန်မာနိုင်ငံတော်ကြီး ရဲ့  သယံဇာတ နဲ့  ပြည်သူတွေရဲ့  ချွေးနဲစာတွေ (နိုင်ငံခြား အလုပ်သွားလုပ်တဲ့သူတွေအပါအ၀င်) ကရသမျှ ပိုက်ဆံငါတို့  ဟာဆိုပြီး ယူချင်တိုင်း ယူ ၊ ဘုန်းချင်တိုင်း ဘုန်းခဲ့ ကြတဲ့သူတွေ ဒီသတင်း ဖတ်ပြီး ဘယ်လိုခံစားရမလဲ မေးကြည့်ချင်ပါတယ် (သေချာတာကတော့ သူတို့  တတွေ ဘယ့်နှယ့်မှနေမှာ မဟုတ်ပါဘူး)၊ ဒါပေမယ်လို့  ပါးစပ်ကတော့ လူကြားကောင်းအောင် လျှောက်ပြောပြပါလိမ့်မယ်။ နိုင်ငံတစ်ခုအတွက် ဒီပိုက်ဆံ ဟာများတယ်လို့  မပြောသာပေမယ် လို့  ကျွန်တော်တို့  မြန်မာ ပြည်သူတွေ အတွက်ကတော့ လုံးဝကို လက်သင့်ခံ စရာ မကောင်းတဲ့ ငွေကြေး ပမာဏပါဘဲ။ နိုင်ငံတော် အနေနဲ့  ရောင်းလိုက်ရတဲ့ သယံဇာတ မှန်သမျှကို ဒေါ်လာလဲလှယ်နှုန်း ခြောက်ကျပ်နဲ့  ပြောနေတဲ့ ကာလ တစ်လျှောက်လုံး အပြင် ပေါက်ဈေး လဲလှယ်နှုန်းက အမြင့်ဆုံး တစ်ထောင့်သုံးရာကျပ် နီး အထိ ဖြစ်သွားဖူးတယ် ဆိုတာကို လဲဖူး သူတိုင်း သိကြပါလိမ့်မယ်။ ဒါဆိုရင် ကျန်တဲ့ အဆ တစ်ထောင့်နှစ်ရာ ကျော် ဘယ်နားကို ရောက်သွားမလဲဆိုတာ မေးခွန်းထုတ်ဖို့ တောင် မလိုဘူးလို့ ထင်ပါတယ်။ အဲဒီတုန်းက ချေးခဲ့တဲ့ ငွေကြေးတွေ ဟာရော ဘယ်နေရာမှာ ဘယ်လိုသုံးခဲ့ကြသလဲ။ အဲဒါကြောင့်မိုလို့  ပြည်သူတွေက အခွန်ထမ်းရတော့မယ်ဆိုရင် ထမ်းချင်စိတ် ပျောက်ဆုံးခဲ့ကြတာ ပြည်သူတွေ အပြစ်လား (ဒါမှမဟုတ်)အဲလိုစိတ်တွေ ဖြစ်လာအောင် လုပ်ခဲ့သူတွေ အပြစ်လား ဆိုတာ ဒီစာကိုဖတ်ရသူတွေ (ရှက်တတ်မယ် ဆိုရင်) နောက်တစ်ခါ ပြည်သူကို အပြစ်တင် စကားတွေ ကိုတစ်ဆင့်ခံ ကြားခွေးတွေကို သုံးပြီးမပြော ခိုင်းပါနဲ့ လို့  သတိပေးလိုက်ပါတယ်ဗျာ။
 
 
 
+234 #1 NyanHtet 2012-02-01 16:48
ဟိုနေ့ ကတည်းက ဖေ့စ်ဘုတ်မှာ တက်နေတဲ့ ကွန်မင့်တစ်ခုပါ....
ဖတ်ကြည့် နိုင်ဘို့ ပြန်လည် ရှယ်ယာ လိုက်ပါတယ်...

သေစမ်း....။
ကျုပ်တို့  ရွှေနိုင်ငံရွှေပြည်ကြီးရဲ့  ပေးဆပ်ရန် တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီပမာဏက
နည်းနည်းလွန်းလွန်းမှ မဟုတ်ပါလားဗျို့ ...။
၈၈ ခုနှစ် မတိုင်မီ တစ်ပါတီ ဗိုလ်နေ၀င်းလက်ထက်မှာ ဒေါ်လာသန်းပေါင်း ၈၄၀၀ ကျော်၊
ဗိုလ်သန်းရွှေ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀ ကျော်၊
စုစုပေါင်း ကြွေးမြီ ဒေါ်လာသန်းပေါင်း ၁၂၀၀၀ နီးပါးတဲ့ဗျာ...။
ကျုပ်တို့ ပြည်တွေဘ၀... ဆင်းရဲစုတ်ပြတ် မွဲတေပြာကျ၊ ဘာခံစားမှု ဘာအခွင့်အရေးမှ မရ၊
လူပီပီသသ လူလိုသူလို နေထိုင်ရှင်သန်သေဆုံးနိုင်ခွင့် မရှိရတဲ့ ကြားထဲ
နေရင်းထိုင်ရင်း တစ်ယောက်ကို ဒေါ်လာ (၂၀၀) စီ အကြွေးတင်နေပြီဗျို့ ။
ကြွေးတင် ရှင်ဘုရင်ဆပ် ဘဲ ကြားဖူးပါတယ်၊ ခုတော့ဗျာ.. “တောက်” ။
ငါတကောကော လုပ်ချင်ရာလုပ်သွားတဲ့ အာဏာရှင် သေချင်းဆိုးတွေရဲ့  ကြွေးတွေကို
ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်တွေက ကျုပ်တို့ ကို ဆပ်ခိုင်းဖို့  ပြင်ဆင်နေပြီပေါ့။
မီးဖွားခန်းတွေထဲက ပြွတ်ခနဲ ထွက်လာတဲ့ “အူဝဲ” အော်သံနဲ့  ပိစိကွေးလေးတွေခမျာလည်း
လောကကြီး ဘာမှန်းမသိခင်ကတည်းက ဒေါ်လာ (၂၀၀) ကြွေးပူမိနေတဲ့ ကလေးတွေပါလား။
“ဆီကိုရေချိုး ဆေးရိုးမီးလှုံ” တိုင်းပြည်ကြီးဆို...။
အဲဒီ့ ဆေးတွေ ဆီတွေ ဘယ်နေရာရောက်သွားတာလဲ... ဖြေကြစမ်းပါဗျာ။


ပြည်သူ့ရှေ့ ကို ချ ပြတဲ့ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးကို လေးစားပါတယ်..ပြည်သူကို ပွင့်လင်းစွာ ဆက်ဆံ
ပြီး ပြည်သူများ အားနဲ့ ၀ိုင်းဝန်းဆောင်ရွက် မှ ဖြစ်မှာပါ...
မလိုအပ်တဲ့ စီမံကိန်းတွေ ရပ်ပြီး တိုင်းပြည် အကျိုးရှိမဲ့ လုပ်ငန်းများကို ယနေ့မှ စ လုပ်ကြစို့...
 
 
 ဒီလို ကြေငြာဘို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း လဲ လူကြီး အဆင့်ဆင့်ကို အကြိမ်ကြိမ်တင် ပြီးတော့မှ ထုတ်
ပြန်ရမဲ့ သဘောရှိတယ်....

အိမ်တအိမ်မှာ မိဘက ဖြစ်သလို ရုန်းကန်..သားသမီးကို
ဟန်ဆောင်ကျွေး...သားသမီးတွေက နားမလည် အပျော်
အပါးနဲ့ ငွေသုံးဖြုန်း လုပ်ချင်ရာလုပ်......

သားသမီးကို ချစ်ယင် ဘ၀မှန်ကို ပွင့်ပွင့်လင်းလင်း
ပြောပြတဲ့ မိဘဖြစ်သင့်တယ်...
အဲဒီလို မိဘမျိုးရဲ့ သားသမီးတွေ လိမ်မာတာများတယ်.....

အဖေတို့ အမေတို့ရယ်...ရှိသမျှရွှေတွေကုန်ဘီ..အကြွေးတွေလဲ
များ ဆိုတော့ အိမ်နဲ့ခြံလေး ရောင်းပစ်လိုက်တော့...
သားတို့ သမီးတို့ လဲ မလေးရှားထွက် အလုပ်လုပ်ကြ
မဲ့ ကိန်း..လို့ ပြောရအောင်လဲ...အကုန်လုံး...ထွက်
ကုန်ကြတာ ကြာခဲ့ဘီ...လေ..
 
 
 
 
 
+100 #9 အောင်ဘု 2012-02-01 20:11
မလန့်ကြပါနဲ့ ပါးပါးလေးပါ
"ပွင့်လင်းမြင်သာ"တွေအပြောများနေလို့ နည်းနည်းလေး ဟ ပြလိုက်တာ အဟဲ
အလွယ်လေးပါ ၈၈ မတိုင်ခင်ကနဲ့ ၈၈ နောက်ပိုင်း
ဆရာကြီး/လတ်/ငယ်တွေရဲ့လုပ်သက်နဲ့လစာကို တွက်ချလိုက်
ခြေသလုံးဖက် စီးပွါးတက်ခဲ့တဲ့ ခရိုနီ ခရိုဝါတွေရဲ့
လုပ်ငန်းနဲ့ဝင်ငွေတွေကို စီစစ်လိုက် အဲ. နောက်
အထက်ပါပုဂ္ဂိုလ်များအားလုံးရဲ့ လက်ရှိပိုင်ဆိုင်မှု့အားလုံးကို
စစ်တမ်းကောက်ပြီး နုတ်ချလိုက်ဗျာ
ထွက်လာပါလိမ့်မယ် များလွန်းလို့
ချမ်းသာတယ်ဆိုတဲ့ မျက်မှေးတို့တောင်
"ဟိုက်" ဆိုပြီး မျက်စိထွက်ကျသွားမယ် ဟဲ ဟဲ
 
 
ဘာမှမပူကြနဲ.ဒို.တိုင်းပြည်မှာဒေါ်လာသန်းပေါင်းများစွာချမ်းသာသွားတဲ့သေဌေးတွေအများကြီးရှိတယ်။ သူတို.တတွေမျိုးချစ်စိတ်ရှိကြောင်းပြကြလိမ့်မယ်။

မထင် မထင် မထင် သိန်းစိန် ပြီးခဲ့တဲ့ ၂ ပါတ်လောက်က မြန်မာနိုင်ငံသားတယောက် ဒီဖင်လန်မှာ စာအုပ်လာဖြောက်သွားတယ် မင်းလည်းစိတ်ပါ အချိန်မီသေးတယ်
 
 
+88 #18 ရန်ကုန်အောင် 2012-02-02 00:06
နောက်ပြီးထပ်ပြောရရင် ကိုရွှေပေါက်ဖော်ဆီက သုံးပြီးသား ခေတ်မမှီတဲ့ စစ်ရေယာဉ်တွေ၊ စစ်လက်နက်တွေကို ကြားခံပွဲစားနဲ့  အကြွေးဝယ်ခဲ့တာတွေက ပြည်သူတွေကို နစ်မွန်းစေတာက အတော်များများပါ။
ညူကလီးယား နည်းပညာကို တိုးတိုးတိတ်တိတ် ပိုက်ဆံတွေအကုန်ခံပြီး ၀ယ်လိုက်တာတွေကလည်း စာရင်းပျောက်ပေါ့။
တက်လာတဲ့ အကြွေးကျေအောင် ထွက်တဲ့ ဂက်စ်တွေကို အောက်ဈေးနဲ့  ထိုးပေးနေရတာလည်း မှန်းဆလို့ ရမှာပါ။
ပြောရင်တော့ မကုန်နိုင်အောင်ပါပဲဗျာ။
 
 
+70 #17 khinmgxxxx40 2012-02-02 00:05
အဲ့ဒါ ကျုပ်တို့နဲ့ မဆိုင်ဘူး ဘာမှခံစားခဲ့တာလဲ မရှိဘူး ကျန်းမာရေး ကို့ဘာသာကိုပေးတယ် ပညာရေး ကားစပယ်ရာလုပ်ပြီး တက်တယ် အဲ့ဒီအကြွေးကို တေဇတို့  သန်းရွှေမိသားစုတို့  ဇော်ဇော်တို့  ခင်ရွှေတို့ ဆပ်ရမှာ မြန်မာ့တပ်မတော်လို့ ပြောတဲ့ စစ်တပ်နဲ့ ဆိုင်တဲ့ အတိုင်းအဝိုင်းအားစပ်ရမှာ ခြေးလာသမျှသမျငွေတွေကို သူဌေကြီးတွေနဲ့ ခိုးစားခဲ့ကြတာလေ ကျုပ်တို့ရဲ့ အိမ်သာကျင်းထဲမှာတော့ ကဇင်းရွက်နဲ့ဖော်စပ်ထားတဲ့ ဝါပုဒ်ပုဒ် တွေပဲရှိတယ်
 
 
+60 #16 kyawzinwi 2012-02-01 23:43
သိပ်လည်းစိတ်ပူမနေကြပါနဲ့ တစ်ဒေါ်လာကို ၆ ကျပ်နှုန်းခေတ်က စပြီးယူခဲ့တာဆိုတော့ ၆ ကျပ်နှုန်းနဲ့ပဲပြန်ဆပ်ပေါ့ဗျာ။ စိုးရိမ်စ၇ာမရှိပါဘူး။
 
 
+94 #15 Shwe Myanmar 2012-02-01 23:11
တောက် !
အသုံးမကျလိုက်တဲ.အစိုးရ၊ ဒီလောက်သယံဇာတပေါတဲ့နိုင်ငံကိုမွဲအောင်အုပ်ချုပ်တတ်တယ်။
အာဏာလည်းပြချင်၊ ရှိသမျှလည်းအကုန်လိုချင်၊ ကျေးဇူးရှင်လည်းဖြစ်ချင်။ မလွန်လွန်းဘူးလား။
စိုက်ကြအုံးလေ .. ကြက်ဆူပင်ကို။ အခုတော့လည်းမသိတော့သလိုလုပ်နေကြ။ ဒင်းတို.သတ်တိရှိရင် စီးမယ့်ကား၊လေယာဉ်၊သင်းဘောတွေကိုဒင်းတို.အတင်းအဓမစိုက်ခိုင်းထားတဲ့ကြက်ဆူဆီနဲ.မောင်ရဲလား????
 
 
+82 #14 အောင်ဘု 2012-02-01 22:12
အရင်ဆရာကြီးတွေ အစွမ်းအစနဲ့လုပ်သွားတဲ့ အကြွေးတွေကျေဖို့
ဖြေရှင်းရရင် ခေါင်းမွှေး တော်တော်ကျွတ်လောက်တယ်

အော် . သိပြီ . . ဒါကြောင့်မို့ ဘဘစိန်ကို သေချာရွေးပြီး တာဝန်တွေလွှဲခဲ့တာပဲ

သူ့ကြတော့ သိပ်မသိသာဘူးလေ ခပ်ကျဲကျဲလေးဆိုတော့
အင်း . . ဒီလိုကြတော့လဲ အမျှော်အမြင်ကြီးသားဟ
သိပ်လျှော့တွက်လို့မရဘူး
 
 
+71 #13 ရန်ကုန်အောင် 2012-02-01 21:41
တရားဝင် ၀င်ငွေတွေက မများလှပါဘူး။ တစ်ဒေါ်လာ ၆-ကျပ်နှုန်းနဲ့ လေ။
တရားဝင် သုံးငွေတွေက တစ်ဒေါ်လာ ၈၀၀-၉၀၀ ပြနေကြတော့ အကြွးတင်တယ်ပေါ့။
ကိုတေဇတို့  အဲယားပုဂံကို ဘယ်က ပိုက်ဆံတွေဘယ်က ရပါသလဲ။ ကိုတေဇရဲ့ အကြွေးတွေသည် နိုင်ငံတော်ရဲ့ အကြွေးများဖြစ်အောင် လုပ်လိုက်ကြပါသလားဗျာ။
နိုင်ငံတော်ရဲ့  အသွင်ပြောင်းလဲမှု အရွေ့ မှာ ခေတ်သစ်သူဌေးတွေ(ပေါ်တင်တစ်မျိုး ပုန်းလျိုးကွယ်လျိုးတစ်မျိုး) အသစ်မွေးဖွားလိုက်ကြသလားဗျာ။
 
 
+96 #12 Thu Kha 2012-02-01 21:33
နေပြည်တော်မြို့သစ်ကြီးကိုတည်လိုက်လို့ တိုင်းပြည်ကငွေတွေဘယ်လောက်ထိ အဲ့ဒီprojectကိုဝင်သွားလဲဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ဝန်ထမ်းတွေလည်း မပြောင်းချင်လည်းပြောင်းရ စီးပွားရေးသမားတွေလည်း ရုံးကိစ္စတစ်ခုပေါ်တိုင်း ဟိုကိုပြေးလိုက်ရနဲ့ အချိန်တွေအပိုကုန် စရိတ်တွေအပိုကုန်လွန်းလှပါတယ်။ တိုင်းပြည်အခွန်ငွေတွေလည်း ဒီထက်အရေးကြီးပြီးဦးစားပေးသုံးသင့်တဲ့နေရာတွေအများကြီးရှိရက်သားနဲ့ နေပြည်တော်ကြီးဝင့်ကြွားနေဖို့အတွက် ပြည်သူတွေပိုပြီးအမွဲတေခံနေရသလိုဖြစ်ခဲ့ပါတယ်။ ရှိပြီးသားမြို့တော်တွေမှာပဲကို ပြုပြင်မွမ်းမံပြင်ဆင်စရာတွေအများကြီးပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ဦးတည်နေပြီဖြစ်တဲ့အတွက် ပြည်သူတွေဆက်လက်ပြီး ထိုကဲ့သို့ အစတေးခံ အမွဲတေခံဖို့မသင့်တော်တော့ပါဘူး။ လူတွေတကယ်နေထိုင်ပြီးဖြစ်တဲ့ဒေသတွေမှာ လိုအပ်တဲ့နေရာတွေအများကြီးမှာ ပြည်သူ့ဘဏာတွေကို အရေးကြီးတဲ့ကဏတွေမှာဦးစားပေးသုံးစွဲသင့်နေပါပြီ။ ထို့ကဲ့သို့ ပြည်သူ့များရဲ့ကောင်းကျိုးကိုရှေးရှုပြီး ပြောင်းလဲသင့်သောအပြောင်းအလဲများကို လတ်တလောပြောင်းလဲခဲ့သော အပြောင်းအလဲများကဲ့သို့ ဆက်လက်လုပ်ဆောင်သင့်ပါသည်။ ပြည်သူ့များရဲ့မွဲတေမှုကို ကိုယ်ချင်းစာနိုင်ကြပါစေ။
တိုင်းပြည်တစ်ပြည်မှာ သင့်တင့်လျောက်ပတ်တဲ့ အခွန်ကောက်တယ်။ ပြီးရင် ပြည်သူ့တွေအတွက် ဘယ်လိုနေရာမှာဘယ်လိုပြန်အသုံးချပေးတဲ့ဆိုတာမျိုး တိတိကျကျစာရင်းအင်းနဲ့ဆိုရင် အခွန်ဆောင်ရကျိုးနပ်ပါတယ်။ ကိုယ်ပေးတဲ့အခွန်က ကိုယ်တွေလိုပြည်သူတွေအတွက် ဘာအကျိုးမှမရှိဘဲ အလကားပေးနေရတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုရင် အခွန်ရှောင်ချင်ကြတဲ့လူရဲ့အပြစ်မဟုတ်တော့ပါဘူး။ အခွန်ရှောင်ချင်အောင် အားပေးနေသလိုတောင်ဖြစ်နေပါတယ်။ policy ကိုပြင်ရမှာဖြစ်သွားပါပြီ။ policy က transparent ဖြစ်ရဲ့သားနဲ့ တကယ့်ပြည်သူလူထုအတွက် အရေးကြီးတဲ့နေရာတွေမှာ ခွဲဝေသုံးစွဲရဲ့သားနဲ့ အခွန်မဆောင်တာဆိုရင်တော့ မဆောင်သူအပြစ်ပေါ့။
 
 
+128 #11 ညိုမြ 2012-02-01 20:35
အင်း..တမြန်နေ့ကမှ လစာလေး ထုတ်လို့ လက်ငင်းကြွေး၊ သံသရာကြွေးလေး ဆပ်ပြီးပါတယ်..အခုမှ ငါ့ အကြွေး မကင်းဘူးဆိုတာ သတိရအောင် စာအုပ်အနီလေး ထုတ်ထုတ်ကြည့်ရမလို ဖြစ်နေပြီ။ ဓာတ်ငွေ့တွေ့ ကျွန်းတွေ ကျောက်စိမ်းတွေ ရေနံတွေ ရောင်းရတုံးက ဘဘကြီးတို့ ခရိုနီကြီးတို့ အားရပါးရ တစ်ဒေါ်လာ ခြောက်ကျပ်နှုံးနဲ့ ဘုံးကြ၊ ခိုးကြ၊ ဖွက်ကြ၊ မျိုကြ၊ စို့ကြ လုပ်နေရတုံးက ဘာသံမှ မကြားရဘူး။ အခု ပွင့်ပွင့်လင်းလင့် လေး နည်းနည်းပါးပါးလေး လုပ်ရမယ်လဲဆိုရော အကြွေးတွေ ဘယ်လောက်ရှိဆိုပြီး လုပ်လာရော..ဆက်မခိုးတော့ကြဘဲနဲ့ လုပ်မစားကြတော့ဘဲနဲ့ ထုတ်ပြန်တယ် အသိပေးတယ်ဆိုရင်တော့ ဘာပြောလို့ရမှာလဲ..လက်ခံရမှာဘဲပေါ့..ဘယ် မအေxxိုး ခရိုနီမှ ဆိုင်ရာ ပိုင်ရာပေါင်းပြီး ဆက်မခိုးကြရင် ပြီးတာပါဘဲ။ အခွန်ပြန်ဆောင်ဆိုလဲ ဆောင်ရုံပ..မြန်မာနိုင်ငံသား ကျနော် ဘာစောဒကမှ တက်စရာမရှိ..သံယံဇာတ ပေါတယ် ပေါတယ် မပြောကြနဲ့ နားညည်းတယ် စောက်ကြွေးတွေ တင်နေပြီ..သူခိုး သူဝှက်များ အလင်းဝင်ကြလော့..
 
 
+78 #10 LuMin 2012-02-01 20:14
ထိုင်းနိုင်ငံ ၏ tourism က တနှစ် ဝင်ငွေ သည် ကျွန်တော်တို့ အခုတင် နေ တဲ့ အကြွေး ထက်များပါ တယ်။
 
 
 
 

No comments: