မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ခေတ်လူငယ်တွေရဲ့ စွမ်းအား
လက်ရှိအခြေအနေအရ မြန်မာပြည်ကို အမှန်တကယ် ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တခုအဖြစ်တည်ဆောက်ချင်တယ်ဆိုရင် အစိုးရအနေနဲ့ လူငယ်တွေရဲ့ စွမ်းအင်တွေကို တိုင်းပြည်အတွင်းမှာ အမှန်တကယ်အသုံးချနိုင်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။ ကျွန်တော်ဆိုလိုတာက ဥပမာပြောရရင် - - - - လက်ရှိအခြေအနေမှာ နိုင်ငံခြားရင်းနှီးမြုတ်နှံမူ့တွေ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်လာခဲ့တယ်ဆိုရင်တောင် ကျုပ်တို့လူငယ်တွေ အလ...ုပ်အကိုင်ရရှိဖို့ မလွယ်ကူပါဘူး ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တိုင်းပြည်မှာ နိုင်ငံတကာအဆင့်မှီ စာရင်းအင်းပညာ ၊ အင်ဂျင်နီယာပညာ ၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု့ပညာ ၊ ကုန်ကုန်ပြောရရင် လက်ရှိအဆောက်အဦးတွေမှာပါတဲ့ အိမ်သာ စတာတွေကို တောင်စနစ်တကျ သန့်ရှင်းရေးလုပ်ပေးတတ်သူတွေ အလုံအလောက်မရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ကြားတဲ့ သတင်းတခုကို ပြောပါရစေ။ ရခိုင်ကို ဖြတ်ပြီး တရုတ်နိုင်ငံက ဓါတ်ငွေ့ပိုက် သွယ်တန်းပါတယ်။ အဲ့ဒီလုပ်ငန်းခွင်မှာ ဒေသခံတွေ အလုပ်အကိုင်မရရှိဘူလို့ ဒေသခံတချို့က ဇောဒက တက်ပါတယ်။ ဒါကို သိတဲ့ တရုတ်အင်ဂျင်နီယာတယောက်က ဘာပြောလဲဆိုတော့ ဒို့တွေ နင်တို့ကို အလုပ်မပေးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ နင်းတို့ဆီမှာ ဒို့တွေအလုပ်ပေးခဲ့ရင်တောင် ဒို့အလုပ်တွေကို လုပ်နိုင်တဲ့သူတယောက်မှမရှိဘူးဆိုတာတော့ ငါပြောရဲတယ် ဘာကြောင့်လဲဆိုတော့ ဒို့လုပ်နေတဲ့ အလုပ်တွေက အချိန်နဲ့တပြေးညီ လုပ်နေရတာ ဒါကြောင့် နေရာတိုင်းမှာ စက်ယန္တယား တွေကိုဘဲ သုံးရတယ်။ နင်တို့ဒေသခံတွေထဲမှာ ဒို့သုံးနေတဲ့ စက်ပစ္စည်းတွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်သူ ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ သူဆက်ပြောတာက နင်တို့အစိုးရက တော်တော်ညံ့တယ် နင်းတို့တိုင်းပြည်မှာ မကြာခင် နိုင်ငံခြားက လာရောက် ရင်းနှီးမြုတ်နှံသူတွေလာတော့မယ် ဒါပေမဲ့ နင်တို့ကို ဘာမှစနစ်တကျ လေ့ကျင့်သင်ကြားပေးတာမရှိဘူး။ နင်တို့ဒီအတိုင်းဆက်သွားနေရင် နင်တို့တိုင်းပြည်ထဲမှာ နိုင်ငံခြားသားတွေက အလုပ်အကိုင်တွေရပြီး နင်တို့က တခြားတိုင်းပြည်တွေမှာ သွားအလုပ်လုပ်ရတာဘဲ အဖက်တင်မယ်။ ငါတို့ တိုင်းပြည်ဒီလို တိုးတက်ဖို့ ငါတို့အစိုးရက ဟိုးအရင်ထဲက အခြေခံကအစ ပြုစုပျိုးထောင်လာတာကွလို့ ပြောပါတယ်။
သူပြောတာကို ကျွန်တော်ထောက်ခံပါတယ်။ လက်ရှိအခြေအနေအရ ကျွန်တော်တို့ တိုင်းပြည်ကို ပြည်ပရင်းနှီးမြုတ်နှံသူတွေ ဝင်လာခဲ့ရင်တောင် သူတို့က သူတို့တိုင်းပြည်က လူတွေကိုသာ အလုပ်ခန့်ထားကြဖို့များပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိအနေအထားအရ ပညာရပ်တခုခုကို အမှန်တကယ် တတ်သိအောင်သင်ကြားပေးတဲ့ နိုင်ငံတကာအဆင့်မှီ သင်တန်းကျောင်းဆိုတာမရှိသလို လူငယ်အများစုဟာလဲ အောင်လက်မှတ်သာရှိပြီး လက်တွေလုပ်ငန်းအတွေအကြုံမရှိသူတွေက များနေလို့ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူငယ်တွေရဲ့ စွမ်းအားတွေကို ခေတ်နဲ့ အညီအသုံးချနိုင်အောင် လူငယ်တွေရဲ့ ပညာအရည်အချင်းအလိုက် ခေတ်နဲ့ညီတဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု့ သင်တန်းတွေကို နိုင်ငံတော်ကငွေကြေးနဲ့ အကုန်အကျခံပြီး စနစ်တကျ သင်ကြားပို့ချပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
No comments:
Post a Comment