၁၉၄၅-၄၆ ခုနှစ်
ကာလများတွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြသည်။
စစ်ကြီးပြီးဆုံးသွားပြီးနောက် ဂျပန်ငွေစက္ကူများ သုံးစွဲခြင်းမပြုရတော့ဘဲ
အင်္ဂလိပ်ကျပ်ငွေများကိုသာ သုံးစွဲကြရသည်။ ဂျပန်ငွေစက္ကူများ သာ
လက်ဝယ်ကျန်ရှိနေသော လူအများအခက်အခဲတွေ့ကြရသည်။ ဂျပန်ခေတ်လက်ကျန်
လက်နက်ပုန်း များလည်း ကျေးရွာအတော်များများ၌ ကျန်ရှိနေသည်။ ဤသည်ကို
အကြောင်းပြု၍ ဆိုးခိုးတိုက်ခိုက်သူများ ပေါ်ပေါက် လာသည်။ စစ်ကျန် လက်နက်များ
ကို ကိုင်ဆောင်၍ ဓားပြဂိုဏ်းများ ဖွဲ့ကြသည်။ တစ်ရွာမှ တစ်ရွာကူး ကာ
လုယက်တိုက်ခိုက်ကြသည်။ ဤသို့ ကျေးရွာများ၌ မငြိမ်မသက် ရှိနေသလို
ဓားပြတိုက်မှုများသည် မြို့ ပေါ်မှာပါ ဖြစ်ပေါ်နေသည်။ ကျွန်တော်တို့
ဒေးဒရဲမြို့ကလေး သည် ဂျပန်ခေတ်စစ်ကာလကတည်း က မငြိမ်းချမ်းပေ။ တောတွင်း လက်
နက်ကိုင် အဖွဲ့အစည်းများက မကြာ ခဏ လာရောက်ပစ်ခတ်တိုက်ခိုက် သည်။
လက်နက်ပုံးများရှိနေသော ဓားပြများကလည်း ငွေကြေးချမ်း သာသော အိမ်များကို
ညစဉ်လိုလို အနုကြမ်းစီးကြသည်။ ရဲအဖွဲ့သည် ဓားပြရန်ကို
ခုခံကာကွယ်ပေးနိုင်သော အနေအထားမရှိပေ။ ထို့ကြောင့် ချမ်း သာသော ရွှေကုန်သည်၊
ဆန်ကုန် သည်ကြီးအချို့သည် ရန်ကုန်သို့ ပြောင်းရွှေ့ကြသည်။ သို့သော်
ဓားပြများကတော့ လျော့မသွားပေ။ ညစဉ်လိုလိုပင် အနု
ကြမ်းစီးလုယက်ကြမြဲဖြစ်သည်။ ဒေး ဒရဲမြို့ကလေးသည် တိတ်ဆိတ် လျက်
ကျီးလန့်စာစားဖြစ်နေချိန်။ ကျွန်တော်၏ ဖခင်ကြီးသည်
ချမ်းသြာ<ွကယ်ဝသူမဟုတ်ပေ။ ပန်း ထိမ်ဆရာကြီးတစ်ဦးဖြစ်၏။ ပန်းထိမ်
ဆရာနာမည်ရသူတစ်ဦးဖြစ်ရာ ရွှေ ထည်ပစ္စည်းအပ်နှံကြသူများလေ သည်။ သို့သော်
ခေတ်ပျက်၌သူ့ကို ရွှေထည်ပစ္စည်း အပ်နှံသူ နည်းပါး လှသည်။ အလုပ်မကောင်းချေ။
ဖခင် ကြီးက သူ့ကို ချမ်းသာသောသူ၊ အလုပ်အပ်နှံသော ရွှေများရှိသူဟု ထင်ပြီး
အနုကြမ်းစီးမှာ စိုးရိမ်သည်။ ဓားပြတို့ နှိပ်စက်ခံရမှာ ကြောက် သည်။
ထို့ကြောင့်သူသည်ရန်ကုန်သို့ ပြောင်းနိုင်ရန် ကြိုးစားတော့သည်။
ရန်ကုန်မြို့၊ အလုံရပ်ကွက်၊ နတ် စင် လမ်းတွင် အမေ၏ မောင်တစ်ဦးရှိ သည်။
သူတို့ မိသားစု အိမ်ငှားနေ ကြသည်။ အမေ၏ မောင် ကိုခင် မောင်က စက်ချုပ်သည်။
သူ့ဇနီး မကြည်က ဈေးရောင်းသည်။ သူတို့ က ဝါးထရံကာ၊ ဓနိမိုး အိမ်တစ် လုံး
ငှားနေကြသည်။ အိမ်က ပေ ၃ဝ x ပေ ၅ဝ လောက်ရှိ၍ အတော် ကလေးကျယ်သည်။ အမေက
ရန်ကုန်ပြောင်းလိုကြောင်း ပြောတော့ သူတို့အိမ်မှာ ခေတ္တနေပြီးမှ အိမ်ရှာ
ရန်အကြံပေးသည်။ သည်လိုနှင့် ကျွန်တော်တို့ မိသားစု မိုးရာသီမှာ
ရန်ကုန်ပြောင်း လာသည်ကို မှတ်မိသည်။ မိုးထဲ လေ ထဲ ဧရာဝတီ သင်္ဘောကြီး စီးလာကြ
၍ ကျွန်တော်တို့ ညီအစ်ကို ပျော်နေ သည်။ သူတို့ လင်မယားက ကလေး
တစ်ယောက်သာရသေးသည်။ ကျွန် တော်တို့ မိသားစုက အဖေ၊ အမေ နှင့် ကျွန်တော်တို့
ညီအစ်ကို သုံး ယောက်ဖြစ်သည်။ ကျွန်တော်တို့က ရန်ကုန် ပြောင်းရသည်ကို
ပျော်သည်။ ရန် ကုန် လမ်းမကြီးများပေါ်မှာ ပြေးလွှား နေသော
မော်တော်ကားများကို ကြည့် ၍ မဝ။ လူတွေသွားကြ လာကြ သည်ကို ကြည့်ပြီး
သဘောကျသည်။ ကျွန်တော်တို့ နေသော နတ်စင်လမ်း ကလေးတွင် အရှေ့ဘက်တွင်သာ
အိမ်များရှိ၍ အနောက်ဘက်၌ မူစ လင် ဗလီဝင်းကြီး ရှိသဖြင့် အုတ်ခြံ
စည်းရိုးကာထားလေသည်။ နတ်စင် လမ်းသည် တောင်နှင့် မြောက်ရှိ
ဘတ်စ်ကားလမ်းမကြီးများသို့ ပေါက် သည်။ နတ်စင်လမ်းနေသူများအစုမှာ
ပန်းပုဆရာများဖြစ်ကြသည်။ သူတို့ သည် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်
စသည်တို့ကို ထုလုပ်ကြပြီး ရွှေတိ ဂုံဘုရားဈေးသို့ ပို့ပေးကြသည်။
ကျွန်တော်ကား ကျွန်တော်အား ဆင် ရုပ်ကလေး တစ်ရုပ်ပေးသော ပန်း ပု ဆရာကြီး
ကိုကြီးမြင့်ဆိုသူကို မှတ် မိနေသည်။ ကျွန်တော် အသက် ခုနစ် နှစ်
ရှစ်နှစ်လောက် ရှိဦးမည်။ ကိုကြီး မြင့်က အသက် ၂ဝ ကျော်အရွယ်။
ကျွန်တော်တို့နှင့် တစ်အိမ်ကျော် သူတို့ အိမ်မှာ ပန်းပု အလုပ်ရုံကလေးရှိ
သည်။ ပန်းပုဆရာ အဘိုးကြီး တစ်ယောက်နှင့် လူငယ် လူရွယ် လေး၊ ငါးဦးခန့်
အလုပ်လုပ်နေကြ သည်ကို သွားရောက်ငေးမောဖူးသည်။ ကိုကြီးမြင့်က
ကျွန်တော့်ကို ခေါ်ပြီး ဆင်ရုပ်ကလေးတစ်ရုပ် ပေး လေသည်။ သူပေးသော ဆင်ရုပ် ကား
ခြေထောက်များ မဆိုစလောက် အနာကလေးပါသည်။ ဆိုင်သွင်းလို့ ဖြစ်ပုံမပေါ်။ ထို့
ကြောင့် ကျွန်တော် ကစားဖို့ ပေးပုံရသည်။ လှပသော ဆင်ရုပ်ကလေးပါပဲ။
ကျွန်တော်က အိပ်ရာခေါင်းရင်းတွင် အမြတ်တနိုး ထား၍ အရိပ်တကြည့်ကြည့်။
ကျွန်တော်တို့ ညီအစ်ကို အလုံ ရပ်ကွက် ကမ်းနားလမ်းရှိ မြူနီ
စပါယ်ကျောင်းတွင်နေကြရသည်။ အုတ်တိုက် နှစ်ထပ်အိမ်နှင့်တူသည်။ ကျွန်တော်က
ဒုတိယတန်းဖြစ်၍ အောက်ထပ်မှာ နေရသည်။ အတန်း ငယ်ကလေးများကို အောက်ထပ်မှာ
ထား၏။ ကျောင်းအုပ်ဆရာကြီးကား အသက် ၅ဝ ကျော် ကတုံးပြောင် ပြောင်
နှုတ်ခမ်းမွေးဖြူဖြူနှင့် ဖြစ် သည်။ ထိုစဉ်က နိုင်ငံခြား စစ်တပ်များ
ရှိသေး၍ စီးကရက်ဘူးမျိုးစုံတွေ့ရ သည်။ ဂိုးဖလိတ်၊ ရွက်လှေ၊ ကပ်စ တန် စသည့်
နာမည်မျိုးစုံနှင့်ဖြစ် သည်။ ထိုစီးကရက်ဘူးများကို ဖြတ်၍
ကျွန်တော်တို့ကားထပ်တမ်း ကစားကြသည်။ အတန်းထဲမှာ ကစားနေကြစဉ် ဆရာကြီးမိသွား၍
ကြိမ်လုံးနှင့် အရိုက်ခံရဖူးလေသည်။ ကျွန်တော်တို့အိမ်နှင့် ကျောင်း သည်
အတန်ငယ်ဝေးသော်လည်း ကားစီး၍ မရ။ လမ်းလျှောက်ရလေ သည်။ နေပူပူ မိုးရွာရွာ
ကျွန်တော် တို့ ကျောင်းသားတစ်စုသွားအတူ၊ လာအတူ ဖြစ်ကြသည်။ မိုးရွာလျှင်
လမ်းလျှောက်ရတာ ပို၍ ပျော်ကြ၏။ တစ်နေ့တွင် ကျွန်တော်တို့ ညနေကျောင်းအလွှတ်၊
မိုးကလေး နည်းနည်းရွာနေသော အချိန် ကျွန် တော်တို့ လမ်းကလေးသို့ အဝင်၌
ကျယ်ဝန်းသော ကွက်လပ်တစ်ခုရှိ သည်။ မြက်ခင်းလေးဖြစ်နေသည်။ ထိုနေရာတွင်
လူစုလူဝေးတစ်ခုကို တွေ့ရသည်။ ထိုင်သူများက ထိုင်နေ ကြပြီး အချို့က
ရပ်နေကြသည်။ သူတို့ ရှေ့တွင် မော်တော်ကား တစ် စီးရှိသည်။ လူတစ်ယောက်သည်ကား
စက်ဖုံးပေါ်ကရပ်ပြီး စကားပြော တရား ဟောနေ၏။ သူက အသားညိုညို၊ ပိန်ပိန်
ပါးပါးပင်ဖြစ်၍ စစ်ဝတ်စုံကို ဖိုသီ ဖတ်သီဝတ်စား၏။ ဒေါနှင့် မောနှင့်
စိတ်လိုက်မာန်ပါပြောနေသဖြင့် ကျွန် တော်တို့ စိတ်ဝင်စားစွာရပ်ကြည့်ကြ သည်။
စကားပြောနေသော လူကြီး အနားမှာ စစ်ဝတ်စုံနှင့် လူငယ် လူ
ရွယ်အချို့ရှိနေကြသည်။ သူတို့သည် လက်ခုပ်တီးသည့်အခါ တီးကြသည်။ ကားပေါ်မှ
ရပ်၍ ပြောနေသော လူကြီး၏ စကားများ၌ ညီညွတ်ကြမှ အလုပ်လုပ်ကြမှ ဟူသော
စကားလုံး များပါသည်။ သူစကားပြောတာမြန် ၍ တစ်ခါ တစ်ခါ မကြားလိုက် သလို
ရှိသည်။ သို့သော် လမ်းပေါ် တွင် စုဝေးနေကြသူအားလုံးသည် သူ ပြောသမျှကို
စိတ်ဝင်တစားရှိနေကြ လေသည်။ ''အင်း ဗိုလ်ချုပ်အောင်ဆန်းက တော့
တော်ပါပေတယ်ဗျာ။ တိုင်း ပြည်အတွက် မနားမနေ အလုပ်လုပ် နေတယ်''ဟူ၍
ကျွန်တော့်ဘေးမှ ဦးထုပ်ဆောင်းထားသော လူကြီး ပြော သံကြားလိုက်ရ၏။
အလုပ်သမား ကြီး တစ်ဦးနှင့် တူ၏။ ကျွန်တော်တို့ အိမ်ပြန်ရောက် သောအခါ
အိမ်ရှေ့တွင် သတင်း စာ ဖတ်နေသော အဖေ့အား ဗိုလ်ချုပ် အောင်ဆန်းတရားဟောနေတာ
တွေ့ ခဲ့ရတယ်ဗျဟု ပြောပြကြသည်။ အဖေက ''မင်းတို့ကံကောင်း တယ်။
ဗိုလ်ချုပ်ကို အဖေတစ်ခါမှ မတွေ့ဖူးသေးဘူး''ဟု ပြောလေ သည်။
ကျွန်တော်တို့သည် ဗိုလ်ချုပ် အောင်ဆန်းကို တွေ့ခဲ့ရသဖြင့်
ဆုလာဘ်ကြီးတစ်ခုရသလို ပျော်ရွှင် နေကြလေသည်။ တစ်နေ့တွင် ကျွန်တော်တို့
ပျော် ရွှင်ကြည်နူးမှုသည် မမျှော်လင့်ဘဲ ဆုံးရှုံးခဲ့ရမှုနှင့်
ရင်ဆိုင်ရလေသည်။ နောက်နေ့များတွင် ကျွန်တော်တို့သည် ကျောင်းသွား၊
ကျောင်းပြန် ဗိုလ်ချုပ် ကိုတွေ့ရဦးမလားဟု မျှော်လင့်ကြ သည်။ မတွေ့ရပေ။
နေ့တွေ၊ လတွေ အတော်ပြောင်းခဲ့လေပြီ။ တစ်နေ့တွင်တော့ နေ့လယ် ၁၂ နာရီခန့်
ကျွန်တော်တို့အတန်းထဲမှာ စာကူးနေကြစဉ် ဆရာကြီးဝင်လာ သည်။
''ကျောင်းလွှတ်လိုက်တယ်။ မင်း တို့အိမ်ကောင်းကောင်းပြန်ကြ'' ဟုဆိုသည်။
ကျောင်းလွှတ်ပြီဆို၍ ပျော်သွား ကြသည်။ ဟေးခနဲ အော်လိုက်ကြ ၏။
မိုးကလေးတဖွဲဖွဲမှာ ကျွန်တော် တို့ ကျောင်းဆင်းလာကြသည်။ လမ်း ပေါ်မှာ
ယခင်ကလို ကားတွေ များများစားစားမတွေ့ရ။ လူကြီးအချို့ ခပ်သုတ်သုတ်
လျှောက်သွားကြသည် ကိုတွေ့ရသည်။ ကျွန်တော်တို့ကား ကျောင်း
စောစောလွှတ်သဖြင့် အိမ်သို့ဖြည်း ဖြည်းသာ လျှောက်ပြန်ကြ၏။ လမ်း
ဘေးမှာတွေ့သော ရေအိုင်ရေဗွက်ထဲ ဆင်းသည်။ ဘောလုံးကန်ချင်စိတ် တွေ
ပေါက်လာသော်လည်း ဘောလုံး ကမပါ။ အိမ်ကို ရောက်တော့မှ ဆော့ ကြမည်ဟု
စိတ်ကူးလာကြသည်။ ကျွန်တော်တို့နေထိုင်ရာ နတ်စင်လမ်း ကလေးမှာလည်း
တိတ်ဆိတ်နေ၏။ ပန်းပုရုံကလေးများမှ ထုသံဖြတ်သံ များပင် မကြားရ။
ဘယ်လိုကြောင့် ပါလိမ့်။ ကျွန်တော်တို့အိမ်သို့ ရောက် သောအခါ အဖေသည်
အလုပ်မှ စော စီးစွာ ပြန်ရောက်နေပုံရသည်။ သူသည် ရွှေတောင်တန်းရှိ ပန်းတိမ်
ဖို၌ နေ့စဉ် အလုပ်ဆင်းသည်။ သည်နေ့ နေမကောင်းလို့လားဟု ထင် မိသည်။ အဖေသည်
စိတ်မကောင်း ဟန်ဖြင့် ကျွန်တော်တို့ရှေ့လာရပ်နေ သည်။ ''သားတို့၊
မင်းတို့တစ်လောက တွေ့ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း မရှိ တော့ဘူး။
လူသတ်သမားတွေ ပစ် သတ်သွားလို့ သေပြီတဲ့''အဖေက ဆို့ ဆို့နစ်နစ် ပြော၏။
ကျွန်တော်တို့သည် ဘာမှ နား မလည်လှသော်လည်း ဝမ်းနည်းစွာ ခံစား လိုက်မိသည်။
တို့တွေ့ခဲ့ဖူးတဲ့ ဗိုလ် ချုပ်အောင်ဆန်း သေပြီတဲ့ ဟု တီးတိုး
အသံထွက်မိလေ၏။ မြတ်ဆွေ
|
Sunday, February 12, 2012
ငယ်စဉ်က ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်မထင် တွေ့ဖူးခဲ့ပုံ
Labels:အတိတ်က မြိတ်သမိုင်း
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment