ဦးခင်ညွန့်ဟာ တနည်းနဲ့မဟုတ် တနည်းနဲ့တော့ ပြန်ဝင်ကို ၀င်လာမှာပဲ။ ၂၀၁၅
အတွက် ကြိုတင်ခင်းကျင်းနေတယ်လို့ မြင်ပါတယ်။ မနေ့က
မေးလ်တစောင်ဝင်လာတယ်။“ဒေါ်စု မရှိတော့ရင် ဘယ်သူတွေ
ခေါင်းဆောင်နိုင်မလဲဆိုတဲ့ မေးခွန်း မျိုး အစချီပါတယ်။ နောက် ဒီပဲယင်းမှာ
ဦးခင်ညွန့်ကို သူရဲကောင်းသဖွယ် အန်တီစုအပေါ်မှာ အပြည့်ကာကွယ်ခဲ့တဲ့ ဒီမို
ကရေစီ လိုလားသူသဖွယ် ရေးထားတယ်။
မိတ်ဆွေတို့ရေ.. အပြင်ဗန်းမှာ ပြုပြင်ပြောင်းလဲရေး အသွင်ရှိပေမယ့်
အာဏာရှင်တွေဟာ စနစ်တကျနဲ့ကို ကျားကွက် ရွှေ့ ရွှေ့နေတာကို မြင်နေရပါတယ်။ ၈၈
တုန်းက ဗိုလ်အောင်ကြီး ၀င်လာတာကို မမေ့ကြပါနဲ့။ ကျနော်တို့ဘက်က ရှိသ မျှ
နိုင်ငံရေး အင်အားစုတွေ ပွဲတက်၊ ပွဲထွက် နေကြသလို၊ သူတို့ကလည်း
ထောက်လှန်းရေးတွေ အကုန်ပြန်ထုတ်ပြီး၊ ပြန်ဖွဲ့စည်း ပြန်စောင့်ကြည့်နေတဲ့
သဘောမှာလည်း ရှိပါတယ်။ နောက်မှာ ကျားကွက် ရွှေ့နေတဲ့ သူတွေ ရှိနေတယ်။
သူတို့ဘက်က လူတွေကို ပုံသသဏ္ဌာန်မျိုးစုံနဲ့ သွင်းထားတယ်။
မီဒီယာထဲမှာကော၊ (ပြည်ပမီဒီယာအထိ)၊ အတိုက်အခံ လှုံ့ဆော်ရေးသမားအသွင်နဲ့ကော၊
တချို့နာမည်ရှိတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ သူတွေကိုလည်း အပေးအယူတွေနဲ့
ပြန် မွေးနိုင်တယ်။ တချိန်က လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေကို ပြောပြ၊
သတိပေးတာပါ။ ကျနော်ဘယ်သူ့ဘယ်သူကိုမှ စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဦးနေ၀င်းမောင်
သေသွားပေမယ့် ဦးနေ၀င်းမောင်ရဲ့ ရောင်းရင်းတွေ ကျန်နေ၊ လှုပ်ရှားနေသေးတယ်။
ဘယ်သူဘယ်ဝါတွေဆိုတာ မကြာခင်မှာ ပေါ်လာပါလိမ့်မယ်။
တပ်မတော်ထဲမှာလည်း အန်တီစုကို အမျိုးသားရေးနဲ့
ရှုံ့ချတိုက်ခိုက်ထားခဲ့တာ ဟိုးတုန်းကတည်းကပါ။ ခုချိန်မှာ သမ္မတ နဲ့
အစိုးရကိုပါ ဆုံးဖြတ်ချက်တချို့ကြောင့် စစ်သည်တွေ
ဆုံးရှုံးနစ်နာရသယောင်ယောင် သတင်းလွှင့်စ ပြုနေတယ်။ အ မျိုးသားရေး၊
ဘာသာရေးတွေ လှုံ့ဆော်စ ပြုလာတယ်။ နိုင်ငံခြားသားနဲ့ ပြဿနာဖြစ်တာကအစ ကာချုပ်က
အမျိုးသား ရေး စိတ်ဓါတ်ပြင်းထန်သူ ဆိုတာမျိုး တဘက်လှည့်နဲ့
သတင်းလုပ်လာတာတွေလည်း ရှိလာတယ်။
ပြည်ပက အင်အားတွေကို ဖြိုခွဲဖို့ အဓိက သူတို့ ရည်ရွယ်နေတယ်။ ကွန်ဂရက်၊
အီးယူနဲ့ ကုလအဖွဲ့အစည်းအသီးသီးကို အထိ ပေါက်ရောက်နေတဲ့ အင်အားတွေ
ပြည်တွင်းက လှုပ်ရှားမှုတွေကို ငွေအား လူအား မီဒီယာအားနဲ့ ထောက်ပံ့မှုတွေ ကို
ဖြတ်တောက်ဖို့ အဓိက ကြိုးပမ်းနေကျတာတွေကို တွေ့ရတယ်။ တကယ်လို့
ရိုးဖြောင့်စွာ တိုင်းပြည်တည်ဆောက်ရေး မှာပါဝင်ဖို့ ခေါ်တယ်ဆိုရင်
နိုင်ငံရေးအကျဉ်းသားတွေကို ပတ်စ်ပို့တွေပိတ်စရာ အကြောင်းမရှိဘူး။
ဝိုင်မေးလ်၊ ၀ိုင်တော့ခ် ဆိုတာတွေဟာ တကယ့်လွတ်လပ်တဲ့
အင်တာနက်ဆက်သွယ်မှုတွေကို အပြည့်အ၀ ပေးမယ်ဆိုရင် လိုကို မလိုပါဘူး။
ရည်ရွယ်ချက်က တရုတ်ပြည်မှာလို ကန့်သတ် ဆက်သွယ်ရေးစနစ်တွေလုပ်လာဖို့
ရည်ရွယ်ဟန်တူပါတယ်။
သတင်းအမှောင်ချရေး၊ ပြည်တွင်းပြည်ပဆက်သွယ်မှုတွေကို
ကန့်သတ်ဖြတ်တောက်ရေးနဲ့ တချိန်တည်းမှာ ပြည်သူတွေ ဆီက အမြတ်ထုတ်ရေးလည်း
ပါပါတယ်။ မီဒီယာသမားတွေ လမ်းဖွင့်ပေးလိုက်တာနဲ့ အစုလိုက်အပြုံလိုက်
ဝင်ကြတယ်။ ကျောထောက်နောက်ခံအားကြီးတဲ့ ဗီအိုအေလို သတင်းဌာနမျိုးကို
သူတို့ထိလို့ မရပေမယ့်၊ ပုဂ္ဂလိက ဌာနအသေးလေး တွေ ဒုက္ခရောက်သွားနိုင်တယ်။
ပြည်ပမှာရှိတဲ့သူတွေကို အမျိုးမျိုး ရန်တိုက်ပေး၊ သိက္ခာချတာတွေ လုပ်ပြီး
မ၀င်လာဝင် လာအောင် ဆွလိမ့်မယ်။
ကျနော်တို့ မေးခွန်းထုတ်ရမှာ “ဘာတွေ ပြောင်းလဲတိုးတက် လာပြီလဲ”
ဆိုတဲ့မေးခွန်းပါ။ ကျနော်တို့ ဖမ်းထားတဲ့သူတွေ ကို လွှတ်ပေးတာ၊
ကြားဖြတ်ရွေးကောက်ပွဲမှာ အန်တီစုကို ပြိုင်ခွင့်ပေးတာ အပြုသဘော
အပေါင်းလက္ခဏာတွေပါ။ ဒါ ပေမယ့် ခုချိန်ထိတော့ ပြည်သူ့လက်ထဲကို
အာဏာမရောက်သေးပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD နိုင်သည့်တိုင် အနည်းစု
minority ဆိုတာ မမေ့ပါနဲ့။ အဲဒီရွေးကောက်ပွဲ ဘယ်လောက် လွတ်လပ်သန့်ရှင်း
တရားမျှတတယ်၊ မမျှတဘူး ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့
တပ်မတော်ကို ကိုယ်စားပြုထားတဲ့ အမတ်တွေဟာ ဘယ်လောက် ပြုပြင် ပြောင်းလဲရေးကို
ဦးတည်တယ် မတည်ဘူးဆိုတာ လွှတ်တော်အစည်းအဝေးတွေကျရင် ပေါ်လာပါဦးမယ်။
တချိန်တည်းမှာ အန်တီစုနဲ့ ၈၈ တွေကြားမှာ အပါအ၀င်၊ အတိုက်အခံ
နိုင်ငံရေးအင်အားစုတွေကြားမှာ ပုံသသဏ္ဌာန် အ မျိုးမျိုးနဲ့ သွေးခွဲဖို့လည်း
ကြိုးစားပါလိမ့်မယ်။ သူတို့လိုချင်တာ အန်တီစုနဲ့ ၈၈ တွေ
ပါတီပြိုင်ထောင်ပြီး သူတို့ဆင်ပေးတဲ့ ရွေးကောက်ပွဲမှာ တဘက်နဲ့တဘက်
အနိုင်ရအောင် ပြိုင်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ အန်တီစုနဲ့ ၈၈ တွေ၊
ဒီမိုအင် အားစုအားလုံး လွှတ်တော်တွင်းမှာဖြစ်စေ၊ လွှတ်တော်ပြင်မှာဖြစ်စေ၊
လွှတ်တော်တွင်း လွှတ်တော်ပြင် ချိတ်ဆက်ပြီးပဲ ဖြစ်စေ တညီတည်း၊
တသံတည်းဖြစ်နေမှာ ကို သူတို့မလိုချင်ဆုံးပဲ။
ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ်၊ ညီညွတ်ရေးက အဓိကအကျဆုံး
အင်အားပါ။ဘာမှကိုမသေချာ၊ စိတ်မချရသေးတဲ့ သဘောမှာ ရှိပါတယ်။ အစိုးရ၊
ကြံ့ဖွံ့နဲ့တပ်မတော်ထဲက တကယ့်ကို တိုင်းပြည်အတွက် စိတ်ရင်းမှန်နဲ့
ပြုပြင်ပြောင်းလဲလိုတဲ့ အင်အား တွေကိုပါ ညီညွတ်ရေး၊ တကယ့်ကို
အမျိုးသားညီညွတ်ရေးဆိုတာ ကိုယ့်အချင်းချင်း မညီညွတ်ပဲနဲ့လည်း မရနိုင်ပါ။
ခုချိန်မှာ စစ်အာဏာရှင်အုပ်စုဟာ တဆင့်ချင်း အောင်မြင်စွာ
ဆုတ်ခွာနိုင်ဖို့အတွက် ခံစစ်ကို အခိုင်အလုံဆုံး တည် ဆောက်နေတယ်။
သေချာသုံးသပ်ကြည့်ပါ။ ခုချိန်ထိ ဘာမှ မရသေးပါဘူး။ ပြည်သူလူထု
တရပ်လုံးအနေနဲ့ အာဏာရှင် တွေ အကြောက်ဆုံးက အမှန်တရားဆိုတာ မမေ့ပါနဲ့။
အမှန်တရားကို ကိုယ်စားပြုတဲ့ သတင်းအချက်အလက်တွေကို လက်နက်အနေနဲ့
ပြည်သူလူထုက ကိုင်စွဲပါ။ သတင်းမီဒီယာဆိုတာ မီဒီယာသမားမှ သတင်းထောက်မှ
လုပ်ရတဲ့အလုပ် မဟုတ်ပါ။
အိုင်တီခေတ်မှာ လက်ကိုင်ဖုန်းလေးကပဲဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့
မမှန်ကန်တဲ့၊ မတရားတဲ့ ဖြစ်ရပ်တွေကို တင်ဖို့ပို့ဖို့ ၀န်မလေးပါနဲ့။
ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ နောက်ဆက်တွဲ ပြည်သူတွေအောင်ပွဲခံလာရတာ
သတင်းမီဒီယာကြောင့် သာ ဆိုတာ မမေ့ကြပါနဲ့ဗျာ။ မှန်ကန်တဲ့
သတင်းထုတ်ဖေါ်မှုတွေကို နေရာတိုင်းမှာ လုပ်ကြပါ။
ချိုတူးဇော်

No comments:
Post a Comment