Wednesday, February 15, 2012

ကြောက်တတ်သူများမကြည့်ရ

facebook ထဲက အထူးအဆန်းလေးမို့ ပြန်ပြီးမျှဝေလိုက်ပါတယ်။
ံယုံတာမယုံတာကတော့.......
 


လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့

ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။ လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ် ။

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။ လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင်ရှိနေဆဲပါပဲ ။

သက်တန့်ချို



 
Ramanya Ravika
ဖုတ်ဝင်တာကို ကြားဖူးသလို မြင်လည်း မြင်ဖူးတယ်။ ဘုန်းကြီးတစ်ပါးကို ဖုတ်ဝင်တာ ဟုတ်မဟုတ် လက်နဲ့စမ်းဖူးတယ်။ ပရလောကက ပယောဂဖြစ်ယင် စမ်းကြည့်လို့ ရပါတယ်။ တကယ်လို့ ဖုတ်ဝင်စားတယ်ဆိုယင် လူမြင်ကွင်းမှာ သူက မစားမသောက်ပါ၊ စားရမယ်ဆိုယင်တောင် အနည်းအကျဉ်းပဲ စားပါတယ်။ လူတွေ အိပ်မှ၊ လူသူမရှိမှ အားရပါးရ စားသောက်ပါတယ်။ ခန္ဓာကိုယ်ကို စမ်းကြည့်ယင် သွေးလည်ပတ်နှုန်း မရှိပါ။ အသားကို လက်ချောင်းနဲ့ နှိပ်လိုက်ယင် ချိုင့်ဝင်သွားပြီး ပြန်တက်မလာပါ။ ဒါဆိုယင် ဖုတ်ဝင်နေပြီလို့ သိရပါတယ်။ ဒါတွေက လုပ်စားဖို့မဟုတ်၊ စားပေါက်ထွင်ဖို့မဟုတ်။ တကယ့်အဖြစ်အပျက်ပါ။ ဘုန်းဘုန်းက ဗုဒ္ဓဘာသာနဲ့ရိုးရာနှစ်ခုလုံးကို လေ့လာပါတယ်။
 ဘုန်းဘုန်းတို့ရွာမှာ အင်မတန်မြင့်တဲ့ ထန်းပင်တစ်ပင်မှ လူတစ်ယောက် ပြုတ်ကျဖူးပါတယ်။ သူ့နာမည်က (ပရေ)လို့ ခေါ်တယ်။ အဲဒီလောက် အမြင့်ကြီး ကျတာတောင် သူက မသေပါဘူး။ နာကျင်တဲ့ပုံလည်း မပြပါဘူး။ ဒါပေမယ့် လမ်းတော့ လျှောက်လို့ မရတော့ဘူးပေါ့။ အိမ်ကို သယ်သွားပြီး တစ်ပတ်လည်း မသေပါဘူး။ ကောင်းလည်း ကောင်းမလာဘူး။ လူကြီးတွေက သံသယဝင်လို့ ရိုးရာနည်းနဲ့ ဖျာအောက်မှာ အရွက်တစ်မျိုး ထားကြည့်ရာ ဖုတ်ကောင်က ထွက်သွားပြီး အလောင်းကောင်က ချက်ချင်းပုပ်သွားပါတယ်။ ချက်ချင်း အသုဘချရပါတော့တယ်။ သူ့အလောင်းကို အပြေးကလေး သွားကြည့်ရာ ငါးနှစ်သာသာပဲ ရှိသေးတဲ့ စာရေးသူတို့က လန့်ခဲ့ဖူးတယ်။ အခုထိ မြင်ယောင်တုန်းပဲ။ ဒါတွေက အစွဲကြီးဖို့ မဟုတ်ဘဲ လေ့လာဖို့ ပြောခြင်းဖြစ်ပါတယ်။
 Khine Myo Lynn ဒီဓါတ်ပုံအကြောင်း တစ်ခါလေ့လာဖူးပါတယ်။ အင်းဒိုနီးရှားနိုင်ငံက လူမျိုးစုတစ်စုရဲ့ မိုးခေါင်တဲ့အခါ မိုးခေါ်ပွဲပြုလုပ်တဲ့ ဓလေ့တစ်ခုလို့ဆိုပါတယ်။ ကျွန်တော်က မလေးရှားမှာအလုပ်လုပ်နေတာပါ။ ကျွန်တော့်အသိ အင်ဒိုမတစ်ယောက်ကိုမေးကြည့်တော့ သူကဟုတ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကမျိုးနွယ်စုတစ်စုက ဒီလိုပုံစံမျိုးနဲ့မိုးခေါ်တယ်လို့ပြောပါတယ်။ တခြားအတွေ့အကြုံလေးတွေရှိရင်လည်းမျှဝေနိုင်ပါတယ်ဗျာ...
 Linn Khant မကြောက်ကြပါနဲ့ photoshop လဲမဟုတ်ပါ၊ အမှန်က ဒီပုံနဲ့ အရင်ကသတင်းတစ်ခုဖတ်ဖူးပါတယ်
သေဆုံးပြီးသွားလို့မြုပ်ထားတဲ့ သူတို့မိသားစုဝင်ရဲ့ အဘိုးဘွားတွေရဲ့
တစ်နှစ်ပြည့်အထိန်းအမှတ်စသည်ဖြင့် အလောင်းကိုပြန်ဖော်ပြီး
သန့်ရှင်းရေးပြုလုပ်ပေးကြခြင်းဖြစ်ပါတယ်၊ ဒါကသူတို့ရဲ့ ဓလေ့တစ်ခုဖြစ်မှာပါ။
(ဖုတ်သရဲ တကယ်ရှိမရှိတော့ကျွန်တော်လဲမသိပါ)
 
 

No comments: