|
|
| Sunday, 19 February 2012 12:36 |
မရမ်းကုန်းမြို့နယ် ပါရီမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ကို တွေ့ရစဉ်
လက်ရှိရန်ကုန်မြို့၏ Central Business District-CBD ဖြစ်သော မြို့တွင်းဧရိယာများတွင် လူဦးရေထူထပ်မှုနှင့် စီးပွားရေးအချက်အချာကျမှုများကြောင့် တိုးပွားလာမည့်လူဦးရေအပေါ် ခံနိုင်ဝန်အားမရှိသည်ကို ကြိုတင် တွက်ချက်ထားခဲ့ပြီး ယင်းဧရိယာကို မှီခိုနေရမည့်အစား အခြားတစ်နေရာတွင် ဒုတိယမြောက်မြို့လယ်စီးပွားရေးဗဟိုဌာနအဖြစ် တိုးချဲ့ရန် အဆိုပြုမှုများရှိခဲ့ကြောင်း သိရသည်။ ''လက်ရှိရန်ကုန်ရဲ့ CBD ဧရိယာက လူနေထူထပ်ပြီး စီးပွားရေးအချက်အချာကျတယ်။ အလုပ်အကိုင်တွေက ဒီမှာပဲ အများဆုံးဖြစ်နေတာဆိုတော့ ဒီဧရိယာကို လူတွေစုပြုံလာကြတယ်။ ဒါကြောင့် တိုးပွားလာမယ့် လူဦးရေ ကို CBD ဧရိယာ က မခံနိုင်တော့ဘူးဆိုတာ ကြိုတင်တွက်ချက်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီ CBD ဧရိယာကို မှီခိုမယ့်အစား ရန်ကုန်မြောက်ဘက်ပိုင်းဖြစ်တဲ့ မရမ်းကုန်းဘက်ကို ဒုတိယ CBD ဧရိယာအဖြစ် ထပ်လုပ်ဖို့ recomand ပေးခဲ့တယ်''ဟု မြို့ပြစီမံကိန်းပညာ ရှင်ဦးသံမိုးက ပြောပြခဲ့သည်။ ဒုတိယ CBD ဧရိယာ သတ်မှတ်ပြုလုပ်ရေးကိစ္စကို ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့နှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် UN-Habitat တို့ပူးပေါင်းကာ အဆိုပြု ဆောင်ရွက်ခဲ့ဖူးကြောင်း၊ လက်ရှိကာလတွင်လည်း ယင်းအဆိုပြုမှုကို ပညာရှင်များက လက်ခံခဲ့ကြသည်။ ရန်ကုန်မြို့နေ လူထုထဲတွင် CBD ဧရိယာသို့ အလုပ်အကိုင်ဖြင့်ဖြစ်စေ၊ ဖျော်ဖြေရေးပုံစံဖြင့်ဖြစ်စေ ၀င်ထွက်သွားလာလှုပ်ရှားနေသော လူဦးရေမှာ ၇၅ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းကျော်အထိရှိနေပြီး ယင်းပမာဏကို လျော့ချနိုင်ရန်အတွက် ငွေကုန်ကျမှုလည်း သက်သာစေမည့် ရန်ကုန်မြောက်ပိုင်း၊ မရမ်းကုန်းမြို့နယ်ဘက်အား ချဲ့ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ |




No comments:
Post a Comment