ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်)ခေတ်သစ်မူးယစ်ဘုရင် Steven Law
(ဆောင်းပါးရှင်-ရွှေဓူဝံ)
ရင်းနှီးသူတွေက
ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့
လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည်
ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။
ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World
ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့
မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong
အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ
သုံးစွဲလေ့ရှိပါ သည်။
Steven Law ဟာ
ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိုင်း သိုသိုသိပ်သိပ်
နေထိုင်တတ်သလို မူးယစ်ဆေးဝါးကြောင့် ရရှိလာတဲ့ငွေမဲတွေကို ယခင်စစ်အစိုးရ
လက်ထက် လူကြီးများနဲ့ပေါင်းပြီး ငွေဖြူ လုပ်နိုင်ခဲ့သူ
တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဦးရှစ်လုံးလို့ နာမည်ကြီးသည့် ယခု ဒုသမ္မတ(၁)
ဦးတင်အောင်မြင့်ဦးကို Steven Law အဓိက ချဉ်းကပ်နိုင်ခဲ့ပြီး ဦးတင်အောင်မြင့်ဦး၏
လက်ရင်းတပည့် ဗိုလ်ကြီးအေးချစ်(ငြိမ်း)နှင့် ပူးပေါင်းပြီး အရပ်ဘက်၊
စစ်ဘက်စီးပွားရေးဂွင် အားလုံးကို လက်မလွှတ်တမ်း ရယူထားပါသည်။
Steven
Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ
ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး
ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က
ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက်
လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့်
ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့်
ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။
သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည်
၎င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း
လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့်
အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများစသည့် စီးပွားရေးနယ်ပယ် အသီးသီးတွင်
ဝင်ဆန့်လာ ခဲ့ပြီး စစ်အစိုးရ မျက်နှာသာပေးမှုအရ ထိပ်တန်း စီးပွားရေးသမားကြီး
ဖြစ်လာခဲ့ပါသည်။
ဇနီးဖြစ်သူ
စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ
အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်း(Hondi)
အကြီးအကျယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး Steven Law ရဲ့ငွေမဲတွေကို
စင်္ကာပူနိုင်ငံရှိ UOB ၊ OCBC ၊ DBS ကဲ့သို့သော ဘဏ်ကြီးများမှာ
အကောင့်ဖွင့်သိမ်းဆည်း ထားလို့ အမေရိကန် CIA က စောင့်ကြည့်ခံနေရပါသည်။ Cecillia
Ng သည် သူ့ယောက်ျား Steven Law ပိုင်သည့် Asia World ၏
ပြည်ပကုမ္ပဏီခွဲသုံးခုဖြစ်သော စင်္ကာပူအခြေစိုက် Golden Aron.Pte, S.H Ng
Trading Company, K0kang Singapore Pte.Ltd များကို ဦးဆောင်
လုပ်ကိုင်နေလျက် ရှိပါသည်။ မူးယစ်ဆေးဝါး အပါအ၀င် မြန်မာနိုင်ငံ၏
စီးပွားရေးဥပဒေများနှင့် မညီမညွတ်သည့် တရားမ၀င် စီးပွားရေးလုပ် ငန်းများမှ
ရရှိသည့် ၀င်ငွေအားလုံးကို လွှဲပြောင်းရယူရန် ၄င်းကုမ္ပဏီများကို
အသုံးပြုလျက် ရှိပါသည်။
Steven Law ၏
မူးယစ်ဆေးဝါးကျော်ဇောမှုနှင့် တရုတ်နိုင်ငံ၏ ကျောထောက်
နောက်ခံပြုမှုများကြောင့် ယခင် စစ်ထောက်လှမ်းရေးများက ပြည်တွင်းစီးပွားရေး
နယ်ပယ်မှာ နေရာပေးခြင်း မရှိသဖြင့် သူ့အဖေရဲ့ဇာတိမြေ ကိုးကန့်ဒေသကို
အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်သာ ရင်းနှီး ကျွမ်းဝင်မှုရှိအောင်
ကြိုးစားခဲ့ပါသည်။ ပါးရေနပ်ရေရှိပြီး
စီးပွားရေး အကွက်မြင်သည့် တရုတ်လူမျိုးပီပီ ထိုစဉ်က ရှမ်းပြည်နယ်
မြောက်ပိုင်းတိုင်းမှုးကို ချဉ်းကပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသည့်
ငွေမဲများဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို
အကြီးအကျယ် ထောက်ပံ့ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုင်းမှုးကြီး၏
အရင်းနှီးဆုံး တရုတ် လောပန်းကြီး ဖြစ်ခဲ့ပါသည်။ ၄င်းနောက်တိုင်းမှုးကြီး
စစ်ထောက်ချုပ်ဖြစ်လာခဲ့ပြီး စစ်ထောက်လှမ်းရေးများ ပြုတ်သွားချိန်မှာ တော့
Asia World ကုမ္ပဏီမှာ ကံဇာတာတက်ခဲ့ရပါသည်။
ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု
အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက်
နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား
လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅
ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင်
လာခဲ့ပါသည်။
အထူးသဖြင့် ဦးရှစ်လုံး
တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့်
မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ
သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး
ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင်
ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး)
နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့်
သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့်
ဝယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည်
ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏
လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး
နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်တွင် စစ်တပ်စီးပွားရေးသာမက
အရပ်ဘက်ဝန်ကြီးဌာန စီမံကိန်းလုပ်ငန်းကြီးများ ကိုပါ လက်ဝါးကြီးအုပ်
ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ငွေမဲမှငွေဖြူပြောင်းခြင်း၊
ငွေဖြူများတိုးပွားအောင် လုပ်ခြင်းတို့ကို ၄င်းရရှိခဲ့သည့် စီးပွားရေး
အခွင့်အလမ်းများအား အသုံးချနိုင်ခဲ့ပြီး ယခုအခါ ထိပ်ထိပ်ကြဲစီးပွားရေး
လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။
တရုတ်ကုမ္မဏီကြီးများ၏
ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ
ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး
လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့်
မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို
အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင်
လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။
၂၀၀၈
ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ
ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့်
ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။
အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ
၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ
ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း
ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်)
ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ
၎င်း၏စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာခဲ့ခြင်းကို အများက
အံ့အားသင့်ခဲ့ကြရပါသည်။
၁၉၉၅ ခုနှစ်ခန့်က
မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏
ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည်
မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည်
အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင်
စင်္ကာပူနိုင်ငံ၏ (Asia News) သတင်းဌာနတွင် ဒေါ်လာသန်းပေါင်းများစွာ
ရှယ်ယာပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ၄င်းရှယ်ယာများသည် သူတစ်ဦး တည်းပိုင်
ဟုတ်-မဟုတ် ဆိုတာ ခေတ်သစ်မူးယစ်ဘုရင် ကိုချူးသာ သိရှိနိုင်မည်ဖြစ်ပါသည်။
ရွှေဓူဝံ
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)
ဆောင်းပါးရှင်- ရွှေဓူဝံ
မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင်
“သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည်
အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊
သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး
ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်-
တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍
အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ
ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ
လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး
စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။
ယနေ့နိုင်ငံတော်သည်
ထင်သာမြင်သာရှိသော နိုင်ငံရေးစံနစ် အပြောင်းအလဲနှင့်အတူ စီးပွားရေးအခွင့်
အလှမ်းနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ယခင်စစ်အစိုးရ လက်ထက်နှင့် မတူသော
ပတ်ဝန်းကျင်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါသည်။ အထူးသဖြင့်
ဒီမိုကရေစီခေါင်းဆောင်ကြီးနှင့် ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပြုပြင်
ပြောင်းလဲရေး လိုလားသူဟု ဆိုသော သမ္မတကြီး ဦးသိန်းစိန်တို့၏
နိုင်ငံရေးကစားကွက်အောက်တွင် အခွင့် အရေးသမား လူလည်
စီင်္းပွားရေးသမားကြီးများ၏ သာတဲ့ဘက်ကို ကူးပြောင်းမည့် ခြေလှမ်းကြီးများကို
သိသာ ထင်ရှား မြင်တွေ့ နေရပါသည်။ ထိုလူလည် စီးပွားရေးသမားများသည်
“သာကူး”များသာဖြစ်ပြီး လက်ရှိကြံ့ဖွတ် အစိုးရကို ညာဘက်အိပ်ကပ်ထဲ ထည့်ပြီး၊
NLD ၏ နိုင်ငံရေးလှုပ်ရှားမှု ရေချိန် မြင့်တက်လာမှုကို အဓိက
ထောက်ပံ့မှုပေးပြီး ဘယ်ဘက်အိတ်ကပ်သို့ ပြောင်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နေသူ လူလည်ကြီး များ၏ လောဘမသတ် နိုင်သည့် လုပ်ရပ်များကို အပိုင်းလိုက် တင်ပြသွားပါမည်။
နိုင်ငံရေးမှ စီးပွားရေး၊ စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲမည့်သူ (သို့မဟုတ်)
စစ်တပ်ကို အသုံးချသော
နိုင်ငံရေးသမား ဦးချစ်ခိုင်(NLD-GE)
ဧဒင်ဥက္ကဌကြီး ဦးချစ်ခိုင်ဆိုတာနဲ့
စစ်တပ်ပိုင် အဆောက်အဦးတွေကို လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့် ရရှိပြီး
ထိပ်ထိပ်ကြဲ သူဌေးကြီးဖြစ်လာတယ်ဆိုတာ လူတိုင်းသိကြပါသည်။ ၁၉၉၀
ပြည့်လွန်နှစ်များက နပခ၊ ရပခ စစ်နယ်မြေများအတွင်း စစ်တပ်ဆောက်လုပ်ရေးတွေကို
ကန်ထရိုက်တာအဖြစ် ကော်မရှင်စား လုပ်ကိုင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ
စစ်တပ်နဲ့ပေါင်းစားပြီး ၂၀၀၀ ပြည့်လွန်နှစ်များကစပြီး
မက်ခရိုစီးပွားရေးလုပ်ငန်း ရှင်ကြီး ဖြစ်လာခဲ့ပါသည်။
ဒီလိုမျိုး
စစ်တပ်နဲ့လုပ်ကိုင်စားသောက်နိုင်တာ ဘ၀အကျိုးပေးကောင်းတယ်လို့ ဆိုရပေမည်။
ဦးချစ်ခိုင်ဟာ ယခင် မဆလလက်ထက်က ဗိုလ်ချုပ်လှဦးရဲ့တူမနဲ့ယူပြီး၊
ဗိုလ်ချုပ်လှဦးရဲ့ အရှိန်အ၀ါနဲ့ စစ်တပ် ကိုသုံးဖို့ အခွင့်အရေး ရခဲ့ရသည်။
ဗိုလ်ချုပ်လှဦးဟာ
လူတော်တစ်ဦးဖြစ်ပြီး ဦးခင်ညွှန့်(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးအောင်တောင်း
(စက်မှု(၁) ၀န်ကြီးဟောင်း)တို့ရဲ့ ဆရာဖြစ်ခဲ့ဖူးသည်။ ဒါ့ကြောင့်
ဦးခင်ညွှန့်နှင့် ဦးအောင်တောင်းတို့ အာဏာစက် ပြင်းထန်နေချိန်မှာ
ဦးလှဦးရဲ့ အထောက်အပံ့နဲ့ ဦးချစ်ခိုင်ကို မဟာအခွင့်အရေးများ ပေးခဲ့ပါသည်။
အထူးသဖြင့် ရှမ်းပြည်ဧရိယာ အတွင်းက စီးပွားရေး အခွင့်အလမ်းတွေကို
ရရှိခဲ့ပြီး အေးသာယာ ဂေါက်ကွင်းနားကမြေကို အလကားနီးပါး ရရှိခဲ့လို့
ဂေါက်ကွင်းနဲ့ ဟိုတယ်လုပ်ကိုင်ခွင့်ကို နှစ်ရှည်လများ အခမဲ့
လုပ်ခွင့်ရခဲ့တယ်လို့ ဆိုရပေမည်။
အထူးသဖြင့် စစ်တပ်
ဆောက်လုပ်ရေးလို့ခေါ်တဲ့ GE တပ်များက အဆောက်အဦး အကြီးအမား ဆောက်လုပ်ရေး
အားလုံးကို ဦးချစ်ခိုင်ရဲ့ ဧဒင်ဆောက်လုပ်ရေးက ရရှိခဲ့ပြီး တည်ဆောက်ရေး
ကုန်ကျငွေတွေကို သူတင်ပြသလောက် ခွင့်ပြု ချက်ရရှိအောင်
လုပ်ဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် ဦးချစ်ခိုင်ရဲ့
ချမ်းသာပိုင်ဆိုင်မှု အားလုံးနီးပါးဟာ စစ်တပ်ကိုမှီခိုပြီး
ရလာခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သတ်မှတ်ခဲ့ကြသည်။ စစ်တပ်ကြောင့်
ချမ်းသာလာတဲ့ ဦးချစ်ခိုင်ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ စစ်တပ်ကလူကြီးများရဲ့
ကိုယ်ပိုင်အိမ်တွေကို တာဝန်ယူ ဆောက်လုပ် ပေးခဲ့ရပါသည်။
စစ်တပ်ကြောင့် သူဌေးကြီးဖြစ်လာတဲ့ ဦးချစ်ခိုင်ဟာ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်က စစ်တပ်တည် ဆောက်ရေး လုပ်ငန်းကြီးများကိုလည်း GEတပ်နဲ့ ပူးပေါင်းပြီး ယခုတိုင်ရရှိဆဲပါ။
၂၀၁၂ ခုနှစ်အလွန် ကြံ့ဖွံ့အစိုးရရဲ့ ဘက်ဂျက်ခွဲတမ်းရ
စစ်တပ်လုပ်ငန်းကြီးများ လျော့ကျလာချိန်မှာတော့ လူလည်ကြီး ဦးချစ်ခိုင်ဟာ
စစ်တပ်နဲ့လမ်းခွဲဖို့ ခြေလှမ်းသစ်ကို စနေပြီလို့ ဆိုရပေတော့မည်။
သူရဲ့ခြေလှမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲက သူရဲ့မူလယုံကြည် ကိုးကွယ်ရာ
တကယ့်မိခင် NLD ပါတီကြီးနဲ့ ပြန်လည်ပူးပေါင်းပြီး NLD အမတ်ဖြစ်ရေး
လမ်းကြောင်းဖြစ်ပါသည်။
၁၉၈၈ အရေးအခင်းမှာ တကယ့်
နိုင်ငံရေးသမားစစ်စစ် NLD ဦးချစ်ခိုင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ NLD
ကိုလမ်းခွဲခဲ့ပြီး အဲဒီအချိန်တုန်းက အာဏာသုံးရပ်ကိုချုပ်ကိုင်ထားတဲ့
စစ်တပ်စီးပွားရေးကို ကူးပြောင်း ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုစဉ်က နာမည်ဆိုးနဲ့
ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံရသူဖြစ်လို့ NLDနဲ့
ကင်းကင်းနေခဲ့ရသူလို့ ဆိုရပေမည်။ ဗိုလ်ချုပ်လှဦး မျက်နှာကြောင့်
လုပ်ပိုင်ခွင့်ပေးရာမှ စစ်တပ်ရဲ့တည်ဆောက်ရေး လုပ်ငန်းကြီးများရဲ့ ၃ ပုံ ၂
ပုံကိုရရှိခဲ့ပြီး ကြီးပွားချမ်းသာလာခဲ့ခြင်းကို စီးပွားရေးနယ်ပယ်၊
စစ်တပ်နယ်ပယ် မှာ လူတိုင်းသိရှိကြပါသည်။
စစ်တပ်အတွင်းမှာ ဒုတပ်ချုပ်
အရှိန်အ၀ါကိုသုံးခဲ့လို့ ရပခတိုင်းမှုး အဆက်ဆက်က ဦးချစ်ခိုင်ကို
ရွံကြောက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စစ်တပ်စီးပွားရေး နယ်ပယ်ကနေ
ဆုတ်ခွာပြီး သူရဲ့မိခင်ရင်း NLD ရဲ့လှုပ်ရှားမှုများမှာ နောက်ကွယ်ကတက်ကြွစွာ
ပံ့ပိုးလုပ်ကိုင်ပေးနေပါပြီ။ စစ်တပ်ရဲ့အရိပ်ရှိနေလို့ NLD ပါတီကို
ရဲရဲဝံ့ဝံ့ မပူးပေါင်းသေးပေးမဲ့ သူယုံကြည်ခဲ့တဲ့နိုင်ငံရေးပါတီကြီးအတွက်
အင်အားပြန်လည် တောင့်တင်းအောင် စစ်တပ်ကြောင့်ရရှိလာတဲ့ ငွေကြေးတွေကို
အသုံးချတော့မည် ဖြစ်ပါသည်။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေး ခရီးစဉ်ကုန်ကျစရိတ်
အားလုံးကို ဧရာဝတီတိုင်း ဆန်စပါး ထုတ်လုပ်ကြီးကြပ်ရေး ဥက္ကဌ ဦးချစ်ခိုင်က
ထောက်ပံ့ပေးခဲ့မှု အပေါ် NLD CEC များက သတိထား ကြိုဆိုခဲ့ပါသည်။
ဒါ့ကြောင့် ဧဒင်ဥက္ကဌကြီးဟာ NLD
နိုင်ငံရေးသမားအဖြစ် ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ရပ်တည်လှုပ်ရှားခဲ့ပြီး
စစ်တပ်တန်ခိုးအာဏာ ကြီးထွားချိန်မှာ (၁၉၉၀ မှ ၂၀၁၁) NLD အနီရောင်မှ GE
အစိမ်းရောင် ပြောင်းလဲခဲ့သူဖြစ်ကြောင်း Wikileaks မှတ်တမ်းများအရ သိရပါသည်။
ယခုအခါမှာတော့ အစိမ်းရောင် GE ကိုယ်စားလှယ်အဖြစ်မှ NLD အနီရောင်ကို
ပြန်ပြောင်းတော့မဲ့ စီးပွားရေးအောင်မြင်သော နိုင်ငံရေးသမား စစ်စစ်ကြီးက NLD
ပါတီဝင်များကို ဘယ်လို အသုံးချအုံးမလဲဆိုတာ စောင့်ကြည့်လျက် ရှိပါသည်။
ရွှေဓူဝံ



No comments:
Post a Comment