မဲဆောက် ၁၈-၂-၂၀၁၂
မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆-၂-၂၀၁၂
ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည်
အဖွဲ့လိုက်စုပြီး ဈေးကို ၀ိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား
လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရ ပါတယ်။ ဒီလိုဖမ်းဆီးစဉ်
လက်မှတ်ရှိပြီး ဈေးရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့
ဈေးရောင်းတဲ့ သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို
လုပြီး လုပ်ဆောင်တယ် ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ ဆိုရင် ထောင် ၆လ
ကျခံရပါတယ်)ယခု ဖမ်းခံရတဲ့ သူတွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေပြီလို့လည်း
ကြားသိရပါတယ်။
မဲဆောက်ဒေသတွင်
မြန်မာလူမျိုးပိုင်
ကွမ်းယာဆိုင်၊ကုန်စုံဆိုင်၊လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ
ဓါတ်ပုံဆိုင် များအထိ ရှိပါတယ်။ဒီဆိုင်တွေအားလုံးကို လာမယ် မတ်လ ဆန်းတာနဲ့
စပြီးပိုက်စိုက်တိုက်ဖမ်း ဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့
ထိုင်းတာဝန်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ် ဆွေဆိုင်များကို သတိပေး
ပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ)လိုင်စင်ရှိသော်လည်း မရကြောင်း
မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့ လုပ်ရမယ့်
အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ ဆိုပါတယ်။တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင်
ထိုင်းနိုင်ငံသား တစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ်
ဝင်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ
ရမည်ဖြစ်ပါသည်။ထို့သို့ပေးဆောင်ရမည်ဆိုလျှင်
ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀)
ခန့်ရှိကြောင်းသိရသည်။ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း
လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့်သာ
လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပါတ်စပို့ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။
မတ်လအတွင်း လက်မှတ်မဲ့များ၊မြန်မာပိုင် ဆိုင်များ၊လုပ်ငန်းများကို
တိတိကျကျကိုင်တွယ်ဖို့လုပ်ဆောင်နေပါပြီ လို့လည်းသိရပါတယ်။
မဲဆောက်သားလေး
No comments:
Post a Comment