Wednesday, February 15, 2012

မရမ်းကုန်းရောက် ဒေါ်အောင်ဆန်းစုကြည်



ဒေါ်မေ၀င်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ မမိုးမိုးစုကြည်
(ဓာတ်ပုံများ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်က သူ့နေအိမ်နဲ့ သိပ်မဝေးတဲ့ မရမ်းကုန်းမြို့နယ်ကို ဒီကနေ့ သွားရောက်ပြီး NLD ရုံးခွဲ ဖွင့်ပွဲမှာ ဒေသခံတို့နဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာဘက်က နှင်းဆီပန်းတွေနဲ့
ဒေါက်တာဒေါ်မေ၀င်းမြင့်က
NLD မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်ခဲ့၊ အင်းစိန်မှာ နှစ်အတန်ကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကို ရွေးချယ်ထားသူပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက်က အမျိုးသမီးက
ဒေသခံ NLD အဖွဲ့ဝင် မမိုးမိုးစုကြည် ဖြစ်ပါတယ်။



No comments: