Monday, February 13, 2012

မြန်မာအလုပ်သမ ၃၁ ဦး မီးခိုးငွေ့ရှုရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင်ထား



Thai Union Frozen Products စက်ရုံမှ အလုပ်သမားများ (ဓါတ်ပုံ-MNN)
မြန်မာအလုပ်သမား အများ ဆုံးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ အအေးခန်းစက်ရုံတစ်ခုတွင် မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မြန်မာ အလုပ်သမ ၃၁ ဦးမီးခိုးငွေ့ရှူရှိုက်မိ ကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင် ထားခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်ပွားမှုတွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂နာရီခန့်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ Samut Sakhon ခရိုင်၊ Samut Sakhon မြို့ Thasai နယ်မြေ ၇ ရပ်ကွက် Big C ကုန် တိုက်အနီးရှိ Thai Union Frozen Products စက်ရုံ ပုစွန်အအေးခန်း၌ ဂက်(စ်)အိုး ပေါက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်များ အရ သိရသည်။ အဆို ပါမီးလောင်မှု ဖြစ်ပွားသော စက်ရုံသည် ဝင်လမ်းကျဉ်း သဖြင့် မီးသတ်ယာဉ်များ ဝင်ထွက်ရန် အခက် အခဲရှိသဖြင့် ရဟတ်ယာဉ် နှစ်စင်း ဖြင့် ညနေ ၃နာရီ ၁၅မိနစ်ခန့်မှ စတင် ငြှိမ်းသတ်ခဲ့ရာ ည ရနာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း  သိရသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ် သမား ၈၀၀၀ ကျော်၊ ထိုင်းအလုပ် သမား ၂၀၀၀ ကျော် ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီး မီးလောင်မှု ကြောင့် မြန်မာအလုပ်သမ ၃၁ဦး၊ ထိုင်းအလုပ်သမား ခြောက်ဦး၊ စုစု ပေါင်း ၃ရ ဦး မီးခိုးငွေ့ရှူရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဝီချိုင်ဝေ့(ဒ်)ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။ ဆေးရုံသို့ တင်ပို့ထားသည့် အလုပ်သမားများအနက် ထက်ဝက် ခန့်သည် ယင်းနေ့ အတွင်း ဆေးရုံမှ ပြန်လည်ဆင်းနိုင်ခဲ့ပြီး  ကျန်အလုပ် သမားများ သည် နောက်သုံးရက် အတွင်း ဆေးရုံမှဆင်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်

No comments: