Monday, February 13, 2012

ဂက်စ်အနံ့များထွက်ပေါ်နေရခြင်းမှာ မြေကြီးထဲမှ ထွက်ပေါ် လာခြင်းမဟုတ်ကြောင်း MOGE မှပြောကြား



ဂက်စ်အနံ့များထွက်ပေါ်တဲ့ နေရာ
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရပ်ကွက်သစ္စာလမ်းသွယ် အတွင်း၌ ဂက်စ်အနံ့များထွက်ပေါ် နေရခြင်းမှာမြေထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။

"ကျွန်တော်တို့ ယူဆတာက အရင်တုန်းက ဖို့ထားမြှုပ်ထားတဲ့ သစ်ရွက်၊ သစ်ဖုစတဲ့သဘာဝ ပစ္စည်းတွေ ဓာတ်ပြုပြီးဖြစ်တာလို့ ယူဆပါတယ်။ သဘာဝအရ ထွက်လာတဲ့ဓာတ်ငွေ့အနံ့တော့ မဟုတ်ပါဘူး။ မီးခြစ်ထဲထည့်တဲ့ ဂက်စ်အနံ့ပါ။ ပြီးတော့မြေကြီးထဲက ထွက်လာတဲ့အနံ့မဟုတ်ဘူး။ ဘေးကနေရောက်လာတဲ့ အနံ့လို့ပဲ ယူဆပါတယ်။ ဒါပေမယ့် ဘယ်ကလာတာလဲဆိုတာတော့ စုံစမ်းလို့မရသေးပါဘူး။ ကျွန်တော်တို့နဲ့ မင်္ဂ လာဒုံတာဝန်ရှိတဲ့သူတွေက သစ်ရွက်၊ သစ်ဖုကထွက်လာတဲ့ အနံ့လို့ပဲ အတည်ပြုပါတယ်" ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လက်ရှိတွင် အဆိုပါဂက်စ်အနံ့များ ထွက်ပေါ်နေသည့် လမ်းသွယ်ကို ဖွဲပြာများခင်းထား ကြောင်းလည်း သိရသည်။

" ဖွဲပြာက မြေကြီးအပေါက်တွေကို ပိတ်တယ်လို့ ယူဆပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အခြား တာဝန်ရှိသူတွေက ခင်းပေးသွားတာပါ။ ဒါပေမယ့် လက်ရှိမှာ ဂက်စ်အနံ့တွေကတော့ ရနေတုန်းပါပဲ" ဟု အဆို ပါလမ်းသွယ်အတွင်းတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
EMG

No comments: