Monday, June 11, 2012

မသုံးလဲခက်၊ သုံးလည်း ခက်တဲ့ ပလတ်စတစ် ပြဿနာ


  
ပင်လယ်ပြင်မှ ပလတ်စတစ်အမှိုက်များ
၂ဝဝ၉ ခု ဖေဖော်ဝါရီလ၊ ဟာဝိုင်အီကျွန်းနှင့် ကယ်လီဖိုးနီးယား အကြားရှိ ပစိဖိတ်ပင်လယ်ပြင်သည် အပြောကျယ်လှသည်။ ကျွန်းများ လည်းမရှိ။ ပင်လယ်ကူး သင်္ဘော လမ်းကြောင်းလည်းမရှိ။ လူသားဟူ၍ လည်းမရှိသော မိုင်ထောင်ချီ၍ ကျယ် ဝန်းသော အဏ္ဏဝါတစ်ခွင် တစ်ပြင် တွင် အနန္တကောင်းကင်နှင့် အပြော ကျယ်သော ရေပင်လယ်ကြီးသာ ရှိရ ပေမည်။ သို့သော်၊ သို့သော် ထို ပင်လယ်ပြင်ကြီးတွင် စီးမျောနေသော ပလတ်စတစ်အမှိုက်များ များစွာ၊ များစွာရှိနေပါသည်။ ပင်လယ်ပြင် တစ်စတုရန်းမီတာတွင် ပလတ်စတစ် အမှိုက်စ တစ်သန်းကျော်ရှိသည်။ စုစုပေါင်း အမှိုက်တန် သန်းတစ်ရာ ကျော်ရှိသည်ဟု သုတေသီတို့က မှတ် တမ်းတင်ခဲ့သည်။ ထိုပင်လယ်ပြင် တွင် ရှိနေသည့် ပလင်ကတန်ဦးရေ ထက် ၁၁၂ ဆ ပိုများနေသည်။ အမှိုက် များက နေ့စဉ်တိုးများလာနေ ပေသည်။ ၂ဝ၁၁ ခု မတ်လတွင် လှုပ်ခတ်ခဲ့သည့် ဂျပန်နိုင်ငံ ဆူနာမီ တွင် ပျက်စီးခဲ့သော များစွာသော အပျက်အစီး အမှိုက်တို့သည် ပစိဖိတ် သို့ပင် စီးမျောလာကာ အမေရိကန် ပြည်ထောင်စု ကမ်းခြေအထိပင် ရောက်ရှိ လာခဲ့သည်။ သာမန်အခြေ အနေတွင် ပလတ်စတစ်အမှိုက် တိုး များ လာနေသော ပစိဖိတ်ပင်လယ် ပြင်တွင် အမှိုက်တို့သည် တိုးသည် ထက်သာ
တိုးများလာရတော့သည်။
    ၂ဝ၁၂ နှစ်ဦးတွင် စခရစ်သမုဒ္ဒ ရာ သိပ္ပံ- Scripps Institution of Oceanography  ၏ သုတေသီများ သည် ပစိဖိတ် ပင်လယ်ပြင်ကို သုတေ သနပြုလုပ်ခဲ့ရာ၊ ပလတ်စတစ်အမှိုက် စများသည် လွန်ခဲ့သောလေးဆယ် နှစ်ထက် အဆတစ်ရာပိုများ လာသည်ကို တွေ့ရှိခဲ့ရသည်။ ရေတွင်မြုပ်မသွားသော ပလတ်စတစ်အမှိုက်များသည် နေရောင် ခြည်နှင့် လှိုင်း ရိုက်ပုတ်မှု ဒဏ်ကြောင့် အဆင့်ကျသွားသည်။ လက်သည်းခွံလောက်နှင့် ပို၍သေးငယ်သော အပိုင်းအစ ကလေးများဖြစ်သွား ကာ ပင်လယ်ပြင် အနှံ့တွင် ပေါလောမျောနေ ကြသည်။ ဤပလတ်စတစ် အစသေးသေး ကလေးများသည် ရေသတ္တဝါများ အစာစားသောအခါ၊ အသက်ရှူသောအခါ ခန္ဓာ ကိုယ်ထဲ ရောက်သွားနိုင်ပေသည်။ ထိုငါးများကို ဖမ်းဆီး၍ ရောင်းချကြသောအခါ စားသုံးသူ၏ ခန္ဓာကိုယ် အတွင်း ရောက်ရှိ လာမည်ဖြစ်သည်။ သို့သော် သုတေသီတို့သည် ပို၍စိတ်ဝင် စားဖွယ် ဖြစ်ရပ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ရ သည်။
    ရေပေါ်လျှောတိုက်သွားတတ်သူ- Sea Skatersရေပေါ် လမ်းလျှောက်သွားတတ်သူ- Water Striders Halobates Sericeus မျိုးရင်း ရေပိုးမွှားကလေးများသည် ဥဥ ရန်အတွက် ရေပြင်ပေါ်တွင် ငှက်မွှေး၊ ကတ္တရာဖတ်၊ ကျောက်ပွတုံး- Pumice Rock စသည့် အမှီပစ္စည်းတို့ကို ရှာဖွေကြရသည်။ ယခုအခါ ရေပိုး မွှားကလေးများသည် ထိုအမှီပစ္စည်းကို အထူး ရှာဖွေရန် မလိုတော့ဘဲ ပလတ်စတစ်အပိုင်းအစများတွင် ဥဥကြ သည်ကို သုတေသီတို့ တွေ့ရှိ လာခဲ့ရသည်။ ပလတ်စတစ်အပိုင်း ကလေးများသည် ၅ မီလီမီတာခန့် (သို့မဟုတ်) ထို့ထက်ပင် သေးငယ်ကြသည်။ ပလတ်စတစ်အပိုင်းအစကလေးများနှင့် ရေပိုးမွှားကလေးများတို့ အတူယှဉ်တွဲ ပေါင်းစည်းမှုသည် လွန်ခဲ့သော နှစ်လေးဆယ်က မဖြစ်ဖူးသော ဖြစ်ရပ်ပင်ဖြစ်သည်။ သုတေသီတို့က ပလတ်စတစ် အပိုင်းအစများသည် အဆိပ် အတောက်ဖြစ်ကာ ရေပိုးမွှားတို့ကို လျော့နည်းသွားစေလိမ့် မည်ဟု ယူဆခဲ့ကြရာ၊ ယခုတွေ့ရှိရမှုသည် သူတို့၏ တွေးယူမှု နှင့် ပြောင်းပြန်ဆန့်ကျင်နေသည်။ ပလတ်စတစ် အပိုင်း အစများသောနေရာများတွင် ရေပိုးမွှားတို့ကို အများ အပြား တွေ့ရှိခဲ့ရသည်။ သုတေသီ- Ms Goldstein  နှင့် အဖွဲ့သည် ယခုနှစ် တွေ့ရှိမှုများကို ၂ဝဝ၉ တွေ့ရှိမှုများနှင့် နှိုင်းယှဉ် စစ်ဆေးခဲ့သည်။ တစ်ဆင့်တိုး၍ ၁၉၇ဝ ခုနှစ် သုတေသန တွေ့ရှိချက်တို့ဖြင့် နှိုင်းယှဉ်ခဲ့ကြသည်။သဘာဝရေဝဲ တစ် ခု ဖြစ်သော မြောက်ပစိဖိတ်ဝဲသည် စိတ်မြွှာစုပေါင်းနေသော ပလတ် စတစ်အမှိုက်စတို့ကို ကြာရှည်စွာ စုဖွဲ့နေစေကာ အမှိုက် နယ်မြေ ဖြစ်လာခဲ့သည်။ အမှိုက်နယ်မြေတို့ကို အရှေ့မြောက်ပစိဖိတ် ဒေသ၊ ဟာဝိုင်အီကျွန်းနှင့် ကယ်လီဖိုးနီးယား ကမ်းခြေအတွင်း
ပင်လယ်ပြင်တွင်တွေ့ရှိရသည်။ သုတေသီတို့သည် ဖမ်းဆီးရမိ သည့် ငါး ၉ရာခိုင်နှုန်းတို့၏ ဝမ်းထဲတွင် ပလတ်စတစ်အမှိုက်စ များကို တွေ့ရှိခဲ့ရသည်။ သုတေသီတို့က ဤနယ်မြေရှိငါးတို့ တွင် တစ်နှစ်တွင် ပလတ်စတစ် ၂၄ဝဝဝ တန် ရောက်ရှိနေမည် ဟု ခန့်မှန်းခဲ့ကြသည်။ သုတေသီတို့သည် ပင်လယ်ပြင်ရောက် ပလတ်စတစ် အမှိုက်တို့သည် အဏ္ဏဝါသက်ရှိတို့အပေါ် အဆိပ် အတောက်ဖြစ်စေမည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့သော် ဂိုးစတိုင်းတို့၏ တွေ့ရှိချက်အရ ဤပြဿနာအတွက် ပိုမို၍ဆန်း စစ် လေ့လာရန်လိုအပ်မည်ဖြစ်သည်။ ပင်လယ်ပြင်အမှိုက်တို့သည် အဏ္ဏဝါ သက်ရှိတို့၏ ဘဝအောင်မြင်မှုအပေါ် လွှမ်းမိုးမှုရှိ သကဲ့သို့ ပြောင်းလဲမှုအပေါ် လိုက်လျောစွာ ပြုပြင်နေထိုင်တတ်သူ တို့အတွက် မှီခိုရာ ဖောင်များလည်း ဖြစ်လာကြသည်။ ပင်လယ်ပြင်အမှိုက် တို့သည် အကာအကွယ်တစ်ခုခု အောက်တွင် နေထိုင်လေ့ရှိသော ကဏန်း၊ ခရင်းကောင်နှင့် ငါးအချို့တို့ အပေါ် သက်ရောက်မှုရှိသကဲ့သို့ ရေပေါ်ပိုးမွှားတို့ အပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ ကျယ်ပြန့် သောပင်လယ်ပြင်တွင် အမာခံ မျက်နှာ ပြင်များ တိုးတက်ဖြစ်ပေါ်လာသည် ဟု ဂိုစတိုင်းကဆိုသည်။ မြောက်ပစိ ဖိတ် ပင်လယ်တွင် မြောက်အတ္တ လန္တိတ်၊ ဆာဂတ် ဆိုပင်လယ်ကဲ့သို့ ရေမျောပင်လယ် ရေညှိများမရှိပေ။ အမာ မျက်နှာပြင်တွင် နေထိုင်သော ပိုးမွှား တို့၏ သဘာဝသည် ရေတွင် စီးမျော၍ နေထိုင်သော သတ္တဝါတို့ နှင့် ကွဲပြားခြားနားကြသည်။ ပလတ် စတစ်အမှိုက်များသည် အမာမျက်နှာ ပြင်တို့ကို တိုးများ လာစေရာ၊ ကြီးမား သော အပြောင်းအလဲပင်ဖြစ်သည်။ ပင်လယ် ဝဲကတော့များနှင့် လှည့်ပတ် ရေစီးကြောင်းများသည် အမှိုက်စုဝေး နယ်မြေတို့ကို ဖြစ်ပေါ် တိုးများလာစေ မည်။
ပလတ်စတစ်အိတ်၏ သမိုင်းကြောင်း
    ဥရောပနှင့် အမေရိကန်ပြည် ထောင်စုတွင် ပလတ်စတစ်အိတ် ထုတ်လုပ်ရေးကို ၁၉၅ဝ ခုနှစ်တွင် စတင်၍ မှတ်ပုံတင်ခဲ့သည်။ သို့သော် တွင်ကျယ်စွာမထုတ်လုပ်နိုင်ခဲ့ပေ။ ခေတ်သုံးပေါ့ပါးသော ဈေးဝယ် ပလတ်စတစ်အိတ်ကို ၁၉၆ဝ ခုနှစ် တွင် ဆွီဒင် အင်ဂျင်နီယာ စတန်ဂတ်စ် တဖ်သူလင်- Sten Gustaf Thulin  က တီထွင်ခဲ့သည်။ သူလင်၏ အိတ်သည် ပေါ့ပါးခိုင်ခန့်ကာ အလေးချိန်ထည့်၍ သယ်ဆောင်နိုင်သဖြင့် အသုံးတွင် ကျယ်ခဲ့ရာ ဆဲလိုပလပ် Celloplast ကုမ္ပဏီက ၁၉၆၅ ခုနှစ်တွင် ကမ္ဘာ အနှံ့တွင် မှတ်ပုံတင်ခဲ့သည်။ နောက် ပိုင်းတွင်မူ ပလတ်စတစ်အိတ်ပါး သုံး စွဲမှုသည် ကမ္ဘာအနှံ့တွင် တွင်ကျယ် လာခဲ့သည်။
    ပလတ်စတစ်အိတ်ကို ပလတ် စတစ်အမျိုးမျိုးဖြင့် ပြုလုပ်နိုင်သည်။ အများဆုံးအသုံးပြုသည်မှာ ပိုလီအီ သလင်း- Polyethylene ဖြစ်သည်။ ပိုလီအီသလင်းကို အီသလင်းမှ ထုတ် လုပ်သည်။ အီသလင်းကို သဘာဝ ဓာတ်ငွေ့နှင့် ရေနံစိမ်းတို့မှ ရရှိသည်။ သိပ်သည်းဆ ဝ.၉၁ မှ ဝ.၉၃ ဂရမ်/စင်တီ၃ရှိ သိပ်သည်းဆနိမ့်ပိုလီ အီသလင်း- Low Density Polye-thylene-LDPE  သည် ဈေးသက်သာ ခြင်း၊ ကွေးနိုင်ခြင်း၊ ခိုင်ခန့်ခြင်း၊ ဓာတု ပစ္စည်းထိတွေ့မှုကို ခံနိုင်ခြင်းတို့ ကြောင့် အများဆုံးအသုံးပြုကြသည်။ ပလတ်စတစ်၏ အားသာချက်တစ် ရပ်မှာ ကုန်ကြမ်းအနည်းငယ်မျှဖြင့် ပစ္စည်းပြုလုပ်နိုင်မှုဖြစ်သည်။
    စက္ကူအိတ်များအား ပလတ် စတစ်အိတ်များက အစားထိုး နေရာ ယူလာသကဲ့သို့ သစ်သား၊ သတ္ထု၊ မှန်၊ ကြိမ်၊ ဝါး၊ ဝါဂွမ်းစသည်တို့နေရာ တွင်လည်း အစားထိုးဝင်ရောက်လာခဲ့ ကြသည်။ ၂ဝဝ၉ ခုနှစ်တွင် အမေ ရိကန်ပြည်ထောင်စုတွင် ပလတ် စတစ်အိတ် ၁ဝ၂ ဘီလီယံသုံးစွဲခဲ့ သည်။ သဘာဝပတ်ဝန်းကျင် ချစ်သူ များက တစ်ကမ္ဘာလုံး၏ ပလတ်စ တစ်အိတ်သုံးစွဲမှုသည် ဘီလီယံ ၅ဝဝ မှ တစ်ထရီလီယံအထိရှိသည်ဟုဆို သည်။ ပရိဘောဂ၊ အိုးခွက်ပန်းကန်၊ ဆောက်လုပ်ရေး၊ စက်ပစ္စည်း၊ လျှပ်စစ် ပစ္စည်းစသည်ဖြင့် နယ်ပယ် အသီး သီးတွင် ပလတ်စတစ်ပစ္စည်းများကို အစား ထိုးသုံးစွဲလာကြသော်လည်း မြင်ကွင်း အားလုံးတွင် ပလတ်စတစ်အိတ်များကိုသာအမှိုက်များအဖြစ် တွေ့မြင်နေရရာပလတ်စတစ်အိတ် များသည်သာ အဝေဖန်ခံရ ဆုံးဖြစ်နေ ပေသည်။
     ပေါ့ပါးမှု၊ အဆင့်နိမ့်ပျက်စီးရန် ခက်ခဲမှုတို့အရ အသုံးတွင်ကျယ်လာခဲ့ သော ပလတ်စတစ်အိတ်တို့သည် ထိုအရည်အသွေး တို့ကြောင့်ပင် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ် ဖြစ်လာခဲ့ရသည်။ ခိုင်ခန့်လှသော ပလတ်စတစ်အိတ်တို့သည် ဆွေးမြည့် ရန် နှစ်ရာချီ၍ကြာမြင့်သည်။ မြေပေါ် တွင် စုပုံထားပါက နှစ်များစွာနေရာ ပေးထားရပြန်သည်။ ၁၉၈၈ နှင့် ၁၉၉၈ ခုနှစ်များတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မနီလာမြို့ စသည်တို့တွင် ပလတ်စတစ်အမှိုက်များ ပိတ်ဆို့မှု ကြောင့် ဆိုးရွားသော ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခဲ့ရသည်။ ပလတ်စတစ် အိတ်အများဆုံးပါဝင်သော ပလတ် စတစ်အမှိုက်များ စွန့်ပစ်ရေးသည် မြို့တိုင်း၊ ရွာတိုင်း ၊ နိုင်ငံ တိုင်းတွင်ပင် ပြဿနာဖြစ်လာခဲ့ရသည်။ပင်လယ်ထဲ သို့ရောက်ရှိသွားသော ပလတ်စတစ် အမှိုက်တို့သည် သမုဒ္ဒရာရေ စီးကြောင်း များအတိုင်း မျောပါကာ အဏ္ဏဝါ သက်ရှိတို့အား ငြိတွယ်၍ အသက် အန္တရာယ်ဖြစ်စေခြင်း၊ အစာအိမ် အတွင်းသို့ ရောက်ရှိသွားကာ၊ အဆိပ် မိသေဆုံးခြင်းတို့ ဖြစ်ခဲ့ရသည်။ ပလတ်စတစ်အဆိပ်မိမှုကြောင့် ပင်လယ်လိပ်နှင့် ဒေါ်လဖင်တို့ အများ အပြားသေဆုံးခဲ့ရ သည်။ ယနေ့ခေတ် တွင် ပလတ်စတစ်များဖြစ်သည့် ပိုလီ အက်စတာ၊ အခရီးလစ်၊ ပိုလီနမိုက် ဟူသော နိုင်လွန်တို့ဖြင့် ရက်လုပ် ထားသည့် အဝတ်အထည်များ များ လှပေသည်။ ဤပလတ်စတစ် အမျိုး မျိုးတို့ဖြင့် ရက်လုပ်ထားသည့် အဝတ် တို့သည် တစ်ကြိမ်လျှော်ဖွပ်တိုင်း ပလတ်စတစ်စ ကလေးများ ၁၉ဝဝ ထွက်ကျလာသည်။ တစ်မီလီမီတာ ထက် သေးငယ်သော ပလတ်စတစ် အစ ကလေးများသည် နေရာအနှံ့သို့ နည်းမျိုးစုံဖြင့် ရောက်ရှိကာ သက်ရှိ တို့၏ အစာအိမ်လမ်းကြောင်း အတွင်း သို့ အလွယ်တကူ ပင်ရောက်ရှိသွားနိုင် ပေသည်။ အထူးသဖြင့် ရေသတ္တဝါ တို့သည် ရေထဲသို့ရောက်ရှိ သွားသော ပလတ်စတစ်အစကလေး များကို မရှောင်ကွင်း မဖယ်ရှားနိုင်ကြဘဲအစာ အိမ်ထဲသို့ ရောက်ရှိကြရပေသည်။ အစာအိမ်ထဲသို့ ရောက်သွားသော ပလတ်စတစ် အစ ကလေးများသည် ကလာပ်စည်းများသို့ ရောက်ရှိ စုဝေး လာကာ ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေ တော့သည်။ သုတေသီတို့သည် ဗြိတိန်၊ အိန္ဒိယနှင့် စင်္ကာပူအပါ အဝင် ကမ်းခြေ ၁၈ ခုမှ ရေနမူနာ များကို စစ်ဆေးခဲ့ကြရာ ဆိပ်ကမ်းအားလုံး တွင်ပင် ပလတ်စတစ် အမှိုက်စများ များစွာပါရှိနေသည်ကိုတွေ့ရှိခဲ့ရသည်။ စင်စစ်မူ တစ်ကမ္ဘာလုံးမှ နမူနာများ တွင် ပလတ်စတစ်အမှိုက်စကလေး များ
ပါရှိနေပေသည်။
ပလတ်စတစ်အိတ်များကိုဘာလုပ်ကြမည်နည်း
    ဥရောပကော်မရှင်သည် ပလတ် စတစ်အိတ်သုံးစွဲမှုကို လျှော့ချနိုင်ရန် နည်းလမ်းရှာလျက်ရှိသည်။ ပြည်သူ ၁၅ဝဝဝသည် ပလတ်စတစ်အိတ်သုံးစွဲ မှုအား လုံးဝတားမြစ်ပိတ်ပင်ရန် အကြံ ပေးခဲ့ကြသည်။ ဥရောပတွင် နှစ်စဉ် တစ်ကြိမ်သုံး ပလတ်စတစ်အိတ် တန်ရှစ်သိန်းသုံးစွဲလျက်ရှိသည်။ ဥရော ပသားတစ်ဦးစီသည် ၂ဝ၁ဝ ခုနှစ်တွင် ပလတ်စတစ်အိတ် ၁၉၁အိတ် သုံးစွဲခဲ့ ကြသည်။ ¤င်းတို့အနက် ၆ရာခိုင်နှုန်း ကိုသာ ပြန်လည်ပြုလုပ်သုံးစွဲခဲ့ ကြသည်။ ပလတ်စတစ်အိတ် လေး ဘီလီယံကို စွန့်ပစ်ခဲ့ကြသည်။ ဤ ပလတ်စတစ်အိတ်များသည် မြေပြင် အနှံ့ရှိ အရိုင်းသဘာဝနယ်မြေတို့တွင် အမှိုက်များအဖြစ် ရောက်ရှိလာကြ သည်။ အဆင့်ဆင့် စီးမျောကာ ပင် လယ်ပြင်သို့ ရောက်ရှိလာပြီး စတုရန်း မီတာ ၁၅သန်း ကျယ်သော ပင်လယ် ပြင်သည် ပလတ်စတစ် ဆံပြုတ် ရည် ဖြစ်လာမည်ဟု ဥရောပကော်မရှင်၏ ဂျနက်ပိုတော့နစ်- Janez Potocnik ကပြောသည်။ ပလတ်စတစ်အိတ် ပြဿနာကို မည်သို့ဖြေရှင်းကြမည် နည်း။
ပလတ်စတစ်အိတ်ကို ပိတ်ပင်ခြင်း
    ကမ္ဘာ့နိုင်ငံလေးပုံတစ်ပုံသည် ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင် ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ပလတ် စတစ်အိတ် များကို ပြန်လည်ပြုလုပ်သုံးစွဲရန် တွန်းအားပေးလျက်ရှိသည်။ ဘယ်လ် ဂျီယံ၊ အိုင်ယာလန်နှင့် ဟောင်ကောင် တို့သည် ပလတ်စတစ်အိတ်များ အပေါ် အခွန်များစည်းကြပ်သည်။ အီတလီနိုင်ငံသည် ၂ဝ၁၁ ခု ဇန်နဝါရီ လမှစ၍ ပလတ်စတစ်အိတ်သုံးစွဲမှု ကို လုံးဝ တားမြစ်ထားသည်။ ရဝမ်ဒါ နိုင်ငံသည် ၂ဝဝ၆ ခုနှစ်ကပင် ပလတ် စတစ်အိတ် သုံးစွဲမှုကို ပိတ်ပင်ခဲ့ သည်။ အီသီယိုးပီး ယားနိုင်ငံသည် ၂ဝ၁၁ခု နိုဝင်ဘာလမှစ၍ ပလတ် စတစ်အိတ်များ ပြည်ပမှတင်သွင်းမှု နှင့် ထုတ်လုပ်မှုတို့ကို ပိတ်ပင်ခဲ့သည်။ ကွန်ဂိုသည် ၂ဝ၁၁ခုတွင် ပလတ် စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်ရန် ကြေညာခဲ့သည်။ တိဘက်သည် ၂ဝဝ၉ ခု ဒီဇင်ဘာလ တွင် နိုင်ငံဒေသ အများအပြားတွင် ပလတ်စတစ်အိတ် သုံးစွဲမှုကို ပိတ်ပင်ခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်၊ တောင်အာဖရိကနှင့် သြစတေး လျ ပြည်နယ်သုံးခုတွင်လည်း ပလတ် စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်ထား သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရေမြောင်းများတွင် ပလတ်စတစ်အိတ် များ ပိတ်ဆို့မှုကြောင့်၊ ဆိုးရွားသော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရသည်။ အိန္ဒိယ၊ မက္ကဆီကိုနှင့် ဗြိတိန်နိုင်ငံ တို့တွင်လည်း ပလတ်စတစ်အိတ် သုံး စွဲမှုကိုကန့်သတ်ပိတ်ပင်လျက်ရှိသည်။
    တရုတ်၊ ကင်ညာ၊ ယူဂန်ဒါ၊ ဆိုမာလီယာနှင့် တန်ဇန်နီးယားနိုင်ငံ တို့တွင် ပလတ်စတစ်အိတ်ပါးသုံးစွဲမှု ကို ပိတ်ပင်ထားသည်။ အာရတ်ပြည် ထောင်စုသည် ကုလားအုပ်နှင့် အခြား တိရစ္ဆာန်များအတွက် အန္တရာယ်ရှိ သောကြောင့် ဇီဝမပြိုကွဲနိုင်သော ပလတ်စတစ်အိတ်များမှအပ ကျန် ပလတ်စတစ်အိတ်များကို ပိတ်ပင် ထားသည်။ တရုတ်နိုင်ငံတွင် ၂ဝဝ၈ ခုနှစ်တွင် ပလတ်စတစ် အိတ်သုံးစွဲမှုကို ပိတ်ပင်ခဲ့ရာ ထုတ်လုပ်မှုသည် သုံးပုံ နှစ်ပုံ လျော့ကျသွားသည်။ ဥရောပ သမဂ္ဂတွင် အကြံပေးသူ ၇ဝ%သည် ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင် ရန်အကြံပေးခဲ့ကြသည်။ အီတလီ သည် ဥရောပတွင် ဇီဝမပြိုကွဲနိုင်သော ပလတ်စတစ်အိတ် များ သုံးစွဲမှုကို ပိတ်ပင်သော ပထမဆုံးနိုင်ငံ ဖြစ်လာ သည်။ ဗြိတိသျှဝန်ကြီး ဟန်လေ သည် လေးနှစ်ဆက်၍ ပလတ်စတစ် အိတ်သုံးစွဲမှု လျော့နည်းလာခဲ့ရာမှ ၂ဝ၁ဝ တွင် ၅%တိုးများ လာသည့် အတွက် မပျော်ရွှင်နိုင် ဖြစ်နေရသည်။ သူသည် ပလတ်စတစ် အိတ်သုံးစွဲမှုကို ပိတ်ပင်ရန် စဉ်းစားနေသည်။ မြေ ကမ္ဘာချစ်သူများက ဤအစီအစဉ်ကို သဘောကျနေသည်။ သူတို့က ပြည်သူ များနှင့် ဈေးဆိုင်တို့သည် ပြင်ဆင်ချိန်လုံလောက်စွာ ရခဲ့ပါပြီဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု တွင် ပြည်နယ်အလိုက် ပလတ် စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်ကန့်သတ် လျက်ရှိသည်။ လော့အိန်ဂျလိမြို့တွင် ပိတ်ပင်ထားသော်လည်း နယ်တွင်မူ သုံးစွဲလျက် ရှိသည်။ စူပါမတ်ကက် တစ်ခုတွင် အသုံးပြုနေသော်လည်း မိုင်အနည်းငယ်ဝေးသောနေရာတွင် ပိတ်ပင်ထားပြန်သည်။
အခွန်ကောက်ခြင်း
    အိုင်ယာလန်သမ္မတနိုင်ငံတွင် ၂ဝဝ၂ မတိုင်မီက ပလတ်စတစ်အိတ် သုံးစွဲနှုန်းသည် လူတစ်ဦး ၃၂၈ အိတ် အထိ ရှိခဲ့သည်။ ၂ဝဝ၂ မှ စတင်၍ အိတ်တစ်လုံးအပေါ်တွင် ယူရို ၁၅ ဆင့် အခွန်စည်းကြပ်ခဲ့ရာ ပလတ် စတစ်အိတ်သုံးစွဲမှုသည် ၉ဝ% လျော့ နည်းသွားသည်။ ၂ဝဝ၇ တွင် လူတစ်ဦးသုံးစွဲမှုသည် ၂၁ အိတ်မှ ၃ဝ အထိ တိုးလာသောကြောင့် အခွန်ကို ၂၂ ဆင့်အထိ တိုးမြှင့်ခဲ့ သည်။ အိုင်ယာလန်၏ အခွန်သည် ယူရို ၇၅ သန်း တိုးတက်ရရှိခဲ့သည်။ အခွန်ရရှိငွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ်အိတ် များအား ပြန်လည်ပြုလုပ်သုံးစွဲရေးတို့ တွင် အသုံးပြုခဲ့သည်။ ဘယ်ဂျီယန်၊ ဂျာမနီ၊ စပိန်၊ နော်ဝေးနှင့် နယ်သာလန် နိုင်ငံတို့သည် အိုင်ယာလန်ကို အတုယူ ခဲ့ကြသည်။ ဝေးလ်စ် ပြည်နယ်သည် အိတ်တစ်လုံး အပေါ် ယူရိုခြောက်ဆင့် စည်းကြပ်ခဲ့သည်။ ဝေးလ်စ်သည် ပလတ်စတစ်အိတ် အခမဲ့ထုတ်ပေး သော ဆိုင်တို့အား ပေါင်စတာလင် ၅ဝဝဝ ဒဏ်ရိုက် မည်ဟု ပြဋ္ဌာန်းထား သည်။ ပလတ်စတစ်အိတ် ဥပဒေများ ကို လေ့လာသူ အမေရိကန်ဥပဒေ ပညာရှင် ဂျင်နီရိုမာ- Jennie Romer  သည် အိုင်ယာလန်၏ ပလတ်စတစ် အိတ် အခွန်စည်းကြပ်မှုကို ထောက်ခံ ခဲ့သည်။ တိုင်ဝမ်ကုန်တိုက်ကြီးများ တွင် ပလတ်စတစ် အိတ်ကို ဝယ်ယူ သုံးစွဲရသည်။ အမေရိကန်ပြည်ထောင် စု၊ ဆီယက်တယ်ပြည်နယ်တွင် ၂ဝ၁၁ ခု ဒီဇင်ဘာလတွင် ပလတ်စ တစ်အိတ်သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီး စက္ကူအိတ် တစ်လုံးအပေါ်တွင် ငါး ဆင့်အခွန် စည်းကြပ်ခဲ့သည်။ ဝါရှင် တန်တွင် ပလတ်စတစ်အိတ် တစ် လုံးအပေါ် ငါးဆင့်အခွန်စည်းကြပ်ခဲ့ရာ အိတ်သုံးစွဲမှုသည် တစ်လအတွင်း ၂၂.၅ သန်းမှ သုံးသန်းသို့ လျော့ ကျသွားသည်။ မွန်ရိုမာရီနှင့် မေရီလင်း ပြည်နယ်တို့သည်လည်း အလားတူ အခွန်စည်းကြပ်ခဲ့ကြသည်။
ပြန်လည်ပြုလုပ်သုံးစွဲခြင်း
    အမှိုက်သိမ်းဆည်းမှု စနစ်ကျပါ က ပလတ်စတစ်အိတ်အားလုံးကို ပြန်လည်ပြုလုပ်သုံးစွဲနိုင်သည်ဟု ဆိုသည်။ ၂ဝဝဝ ခုနှစ်တွင် အမေ ရိကန်ပြည်ထောင်စုသည် ပလတ် စတစ်အိတ်များ၏ ၇%ကိုသာ ပြန် လည်ပြု လုပ်သုံးစွဲနိုင်ခဲ့သည်။ ၇% သည် တန်၃၆ဝဝဝဝ ရှိသည်။ ပလတ် စတစ်အိတ် တစ်တန်ကို ပြန်လည်ပြု လုပ် သုံးစွဲနိုင်ခြင်းသည် ရေနံစိမ်း ၁၁ စည် သက်သာစေသည် ဟု သုတေသီ တို့ကဆိုသည်။ ခိုင်ခန့်သော ပလတ် စတစ်အိတ်တို့ကို ထပ်မံ၍ အသုံးပြု နိုင်ပေသည်။ ၂ဝဝ၂ ခု သုတေသန တစ်ရပ်အရ သြစတေးလျတွင် ပလတ် စတစ်အိတ် ၆ဝ% ကို ထပ်မံအသုံးပြု ခဲ့ကြပြီး ၇%ကိုမူ ပြန်လည်ပြုလုပ် သုံးစွဲနိုင်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ၇၆%တို့ကို ထပ်မံအသုံးပြုခဲ့ကြသည်။ ၂ဝ၁ဝခုနှစ် အရီဇိုးနားတက္ကသိုလ်၏ သုတေသနတစ်ရပ်တွင် ပြန်လည် အသုံးပြုသော ဈေး သုံးအိတ်တို့တွင် ဘက်တီးရီးယားများ ခိုအောင်းနေကြရာ ကျန်းမာရေးအတွက် အန္တရာယ်ကြီးသည်ဟု ဖော်ပြခဲ့သည်။ ထို သုတေသနကို ပလတ်စတစ်ထုတ် လုပ်သူများပါဝင်သည့် အမေရိကန် ဓာတုကောင်စီ၏ ပံ့ပိုးမှုဖြင့် ဆောင် ရွက်ခဲ့ရာ ဘက်တီးရီး ယား ပါဝင်မှုသည် သီးနှံအစိမ်း ထုတ်ပိုးမှုတိုင်းတွင် ရှိနိုင် သည်ဟု တုံ့ပြန်ခဲ့ကြသည်။ ပလတ် စတစ်အိတ်များကို ပိတ်ပင်လျှင် မည် သည့်အိတ်မျိုးကို သုံးကြမည်နည်း။ ဗြိတိန်နိုင်ငံ သဘာဝပတ်ဝန်းကျင်လုပ်ငန်းသည် ဈေးဆိုင်များတွင် အသုံးပြုနေသော ဈေးဝယ် အိတ်များ ၏ သက်တမ်း အကဲဖြတ်ချက်- Life Cycle Assess-ment  ကို ပြုလုပ်ခဲ့ သည်။ သက်တမ်း အကဲဖြတ်ချက် ဟူသည် ပစ္စည်းတစ်ခု ထုတ်လုပ်ရန် အတွက် အသုံးပြုရသော ကာဘွန် ဓာတ်ပမာဏကို ခြေရာကောက် တွက်ချက်မှုဖြစ်သည်။ အကဲဖြတ် ချက်အရ အိတ်များကို အကြိမ်ကြိမ် သုံးစွဲမှသာ ကာဘွန်တွက်ခြေကိုက် မည်ဟု အဖြေရရှိခဲ့သည်။ ပလတ် စတစ်အိတ်ကို တစ်ကြိမ်သုံးစွဲပါက စက္ကူအိတ်တစ်လုံးကို သုံးကြိမ် သုံးစွဲ မှသာ ကာဘွန်တွက်ခြေကိုက်မည် ဖြစ်သည်။ ပလတ်စတစ်အိတ်တစ်လုံး ကို လေးကြိမ်သုံးစွဲသင့်ပြီး၊ အဝတ် အိတ်တစ်လုံးကို ၁၃၁ကြိမ် သုံးစွဲသင့် သည်ဟု ဆန်းစစ်တွေ့ရှိခဲ့သည်။ ကာဘွန်တွက် ခြေ ကိုက်စေရန် အတွက် ပလတ် စတစ်အိတ်တစ်လုံးကို အ ကြိမ်ကြိမ် သုံးစွဲရမည်ဖြစ်သည်။ ကာ ဘွန်တွက်ခြေ ကိုက်စေရန်အတွက် မည်သည့် အိတ်မျိုးကို သုံးစွဲကြမည် နည်း။
    တစ်ကြိမ်စီသာသုံးစွဲပါက ပလတ်စတစ်အိတ်သည် ကာဘွန် တွက်ခြေကိုက်ပေသည်။ အိတ်ဆယ် လုံးမှ လေးလုံး ကို ပြန်လည်သုံးစွဲပါက ကာဘွန်တွက်ခြေသည် ပို၍သက်သာ လာသည်။ အိတ်အားလုံးကို ပြန် လည်သုံးစွဲပါက ကာဗွန်တွက်ခြေ သည် အသက်သာဆုံးဖြစ်သည်။ မည် သည့်အိတ်အမျိုးအစားကို အသုံးပြု သည်ဖြစ်စေ၊ အကြိမ်ကြိမ် ထပ်မံ အသုံးချ၊ ပြန်လည်ပြု လုပ် အသုံးပြု ရေးသည် အဓိကအရေးကြီးသော အချက်ဖြစ်သည်။
စက္ကူအိတ်များ
    အမေရိကန်ပြည်ထောင်စုတွင် စက္ကူအိတ်များကို ဈေးဝယ်အိတ်များအဖြစ် သုံးစွဲခဲ့ကြသည်။ သစ်တောဝါး တောများ ပေါများ ကြွယ်ဝစဉ်က စက္ကူအိတ်ပြုလုပ်ရန် သစ်နှင့် ဝါး အလုံအလောက်ရရှိနိုင်သော်လည်း သစ်တောဝါးတောများ ရှားပါးလာ သော ယနေ့ခေတ်တွင် သစ်နှင့်ဝါးကို အလုံအလောက် ရရှိနိုင်တော့မည် မဟုတ်ပေ။ ရရှိနိုင်သည့်တိုင် စက္ကူ အိတ်များ ထုတ်လုပ်ရာ မှ ဆွေးမြည့်ရာ မှ မှန်စိမ်းအိမ် ဓာတ်ငွေ့ထွက်မှုသည် ပလတ်စတစ်အိတ်များထက်များသည် ဟု ဥရောပသဘာဝ ပတ်ဝန်းကျင် အဖွဲ့က ထောက်ပြခဲ့သည်။ ထို့အပြင် စက္ကူအိတ်များသည် နောက်တစ် ကြိမ် ထပ်မံသုံးစွဲရန် အဆင်မပြေလှ သဖြင့် ထပ်မံသုံးစွဲမှု နည်းလှပေ သည်။ သဘာဝပတ်ဝန်းကျင်သမား တို့က စက္ကူအိတ်သည် ပလတ်စတစ် အိတ်ထက် ကာဘွန်ထုတ်လွှတ်မှု များနေ သည်ဟု ကန့်ကွက်နေကြ သော်လည်း စူပါမတ်ကက်များသည် စက္ကူအိတ်များကို ပိုမိုသုံးစွဲနေကြပေ သည်။
ဇီဝပြိုကွဲနိုင်အိတ်များ- Biodegra-dable bags
    ယနေ့အခါ ပလတ်စတစ်အိတ် ထုတ်လုပ်သူများ၊ ဖြန့်ချိသူများသည် ¤င်းတို့၏ အိတ်များကို ဇီဝပြိုကွဲနိုင် အိတ်ဟု အမည် တပ် ဖြန့်ဖြူးလာကြ သည်။ ဇီဝပြိုကွဲနိုင်အိတ်ဟူသည် အလင်းရောင်၊ ရေငွေ့၊ အောက်ဆီဂျင် တို့နှင့် ထိတွေ့သည့်အခါ ဇီဝသဘော ပြိုကွဲနိုင်သော အိတ်များဖြစ်သည်။ သို့သော် ထိတွေ့သည်ဆိုရာတွင် မည် သည့်အခြေအနေဖြင့် ထိတွေ့ရမည်ကို ရှင်းလင်း စွာ ဖော်ပြရန် လိုအပ်ပေ သည်။ ဇီဝပြိုကွဲနိုင်အိတ်အများစု သည် မြေသားဖြည့် လုပ်ငန်းအဖြစ် စုပုံစွန့်ပစ်ခံရသော အခါတွင် ပြိုကွဲမှု လွန်စွာ နှေးကွေးလှသည်ကို တွေ့ရှိ နေကြရသည်။
    ဇီဝပြိုကွဲနိုင်အိတ်များကို ပိုလီ သလင်းစသော ပလတ်စတစ်ပိုလီမာ တို့ကို အောက်ဆိုက်ဖြစ်ခြင်းဖြင့် စိတ်မြွှာသွားစေနိုင်သည့် ကိုဘော့ စသော သတ္ထုတို့ထည့်၍ ထုတ်လုပ် ကြသည်။ အချို့က ဇီဝပစ္စည်းများ ထည့်၍ ထုတ်လုပ်ကြသည်။ စင်စစ်မူ စိတ်မြွှာ သွားခြင်းသည် ဇီဝပြိုကွဲမှု မဟုတ်ပေ။ ပလတ်စတစ်၏ ဇီဝ ဖွဲ့စည်းပုံ ပျက်ယွင်းပြိုကွဲသွားမှသာ ဇီဝပြိုကွဲခြင်းဖြစ်ပေသည်။ ဇီဝ သဘော မပြိုကွဲဘဲ စိတ်မြွှာသွားမှုသည် သတ္တ ဝါတို့၏ ခန္ဓာကိုယ်အတွင်းသို့ လွယ် ကူစွာ ဝင်ရောက်နိုင်သဖြင့် အန္တရာယ် သည် ပို၍ ပင်ကြီးမားပေသည်။
    အချို့ ဇီဝပြိုကွဲနိုင်အိတ်များ တွင် ပြောင်းမှရရှိသည့် ပိုလီအက်တစ်အချဉ် ဓာတ်- Polylactic acid-PLA  ကို ထည့်သွင်းထုတ်လုပ်ကြသည်။ ဇီဝ ပြိုကွဲနိုင်အိတ်များသည် ခိုင်ခန့်မှုနည်း သဖြင့် ပလတ်စတစ်ကို ပိုမိုသုံးစွဲကြ ရရာ မူလ ရည်ရွယ် ချက်ဖြင့် မကိုက်ညီ ဖြစ်နေပေသည်။
    ပလတ်စတစ်အိတ် ထုတ်လုပ်သူ တို့သည် ဆွေးမြည့်နိုင်အိတ်- Com-postable  နှင့် အောက်ဆီဂျင် ထိတွေ့ ဇီဝပြိုကွဲအိတ်- Oxo-biodegra-dable   တို့ကိုလည်း ထုတ်လုပ်လာကြ သည်။ ဆွေးမြည့်နိုင် အိတ်သည် ဆွေးမြည့်ရန် စီစဉ်ထားသည့် နေရာ ဌာနတို့တွင်သာ ဆွေးမြည့်သည်။ အောက်ဆီဂျင် ထိတွေ့ဇီဝပြိုကွဲအိတ် Oxo-biodegra-dable သည် အောက် ဆီဂျင်၊ ရေတို့နှင့် ထိတွေ့ရမှသာ ဇီဝပြိုကွဲဆွေးမြည့်သည်။ ဤအိတ်များ ကို မြေသားဖြည့်အဖြစ် စုပုံထားပါ။ နှစ်များစွာကြာမှသာ ဇီဝသဘာဝ ပြိုကွဲ မည်ဖြစ်သည်။
         ရိုမာက ဇီဝပြိုကွဲနိုင်အိတ်ဟူ သော စကားသည် အဓိပ္ပါယ်ကောက် လွဲမှားနိုင်သည်။ ဇီဝပြိုကွဲနိုင်မှုကို ရှင်းလင်း စွာ ဖော်ပြရန် လိုအပ်ပြီး တာဝန်ယူရန်လည်း လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ရိုမာကို စတက် ဖင်က ထောက်ခံခဲ့ပြီး မည်သို့ဇီဝပြိုကွဲ မည်ကို ရှင်းလင်းစွာ ဖော်ပြသင့်သည်။ သို့မဟုတ်ပါက ဆွေးမြည့်နိုင်မှုနှင့် ဇီဝပြိုကွဲမှုတို့ကို နားလည်မှုလွဲမှား နိုင်သည်ဟု ပြောကြားခဲ့သည်။
    ယနေ့အချိန်တွင် ပလတ်စတစ် အိတ်အစားထိုးနိုင်မည့်၊ သဘာဝပတ် ဝန်းကျင်ကို အန္တရာယ်မဖြစ်စေမည့် အိတ်ကို မထုတ် လုပ်နိုင်သေးပေ။ ဈေး သက်သာစွာ လွယ်လွယ်ကူကူရနေ သောကြောင့် ပလတ်စတစ်အိတ် သုံးစွဲမှုမှာလဲ တစ်နေ့ထက် တစ်နေ့ တိုးများ လာနေသည်။ ပလတ်စတစ် အိတ် သုံးစွဲမှု လျော့ကျစေရန်အတွက် အခွန်စည်းကြပ်ခြင်း၊ ထုတ်လုပ်မှုအား ကန့်သတ်ခြင်း တို့ကို စဉ်းစားလာကြ ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စီမံခန့်ခွဲမှု ပုံစံဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ ထုတ်လုပ် သူများ၊ သုံးစွဲသူများကလည်း သဘာ ဝပတ်ဝန်းကျင်ကို ချစ်ခင်သော မြစိမ်း ရောင် စိတ်ဓာတ်ဖြင့် ပလတ်စတစ် အိတ် သုံးစွဲမှုကို အဖြစ်နိုင်ဆုံး လျှော့ချရန် လိုအပ်ပါသည်။ အကယ်၍ ပလတ်စတစ်အိတ် တစ်လုံး၏ သဘာဝပတ်ဝန်းကျင်နှင့် လူသား၏ လူနေမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်စေမှုသည် ကျပ် တစ်ရာမကရှိသည်ဟု မှန်းဆလျက် ပလတ်စတစ်အိတ်တစ်လုံး သုံးစွဲတိုင်း ထိုဆိုးကျိုး၏ တန်ဖိုးကို ပေးဆပ်ကြ ရမည်ဆိုပါလျှင်...

Source   :  :  1 Wikipedia, the free encyclopedia : 2. BBC News.
ဖိုးဆွေ(သစ်လုပ်ငန်း

No comments: