Saturday, September 8, 2012

ငွေ ငွေ ငွေ လောကမှာ ငွေဟာလေ



ကျတော်တို့ လမ်းပြကြယ်စာကြည့်တိုက်တွင် ဆရာကြည်မင်း၏ ငွေ ငွေ ငွေ လောကမှာ ငွေဟာလေ
စာအုပ်ကို ငှားရမ်း နိုင်ပြီဖြစ်ပါသည်။

နာမည်ကြီး စီးပွားအောင်မြင်ရေးကျမ်းဖြစ်တဲ့ 'Rich Dad, Poor Dad' ကို ဆရာကြည်မင်းက တိုက်ရိုက်ဘာသာပြန်မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအမြင်၊ အတွေ့အကြုံတွေနဲ့ ပြန်လည် ရေးသားထားတာပါ။ Living Color မဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တဲ့ ဆောင်းပါးတွေ စုစည်းထားတာဖြစ်ပါတယ်။ ငွေကြေးပညာ ဘာကြောင့်တတ်သင့်သလဲ၊ ငွေေ
ရးကြေးရေးမှာ စာတတ်သွားဖို့ (Financial literacy), ငွေကြေးအိုင်ကျူ (Financial IQ) ရဖို့ ဘာတွေ သိရမလဲ၊ အခွန်အကောက် များသမိုင်းကြောင်း၊ ကော်ပိုရေးရှင်းကြီးတို့အင်အား၊ ၀င်ငွေ(၃) မျိုးအနက် ဘယ်လိုဝင်ငွေဟာ ချမ်းသာစေမှာလဲ၊ စာရင်းကိုင်ပညာ၊ ရင်းနှီးမြှပ်နှံမှု၊ ဈေးကွက် နဲ့ ဥပဒေရေးရာ တို့ ကိုသိနားလည်ခြင်းရဲ့ အရေးပါမှု၊ စီးပွားရေးလုပ်ရာမှာ စိတ်အလိုလိုက်တွေးခေါ်ခြင်း (emotional thinking) နဲ့ ဆင်ခြင်ဥာဏ်ဖြင့် တွေးခေါ်ခြင်း (head thinking) စတဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကို နားလည်လွယ်ကူအောင် ရှင်းပြထားပါတယ်။

လမ်းပြကြယ်စာကြည့်တိုက်
04 -09 Peninsula Plaza

No comments: