သို့ ကိုအောင်ဝေး ........ မှ ရန်ကုန်
by Ko Wai on Saturday, September 8, 2012 at 9:14pm ·
ရန်ကုန်ကို ကာပြန်
အာခံတဲ့ အောင်ဝေး
ရန်ကုန်ကကျွေးတဲ့ ထမင်းကိုစား
အော် မင်းမလို့ မှားတတ်တယ် အောင်ဝေးရယ်
အတွေးကြွခဲ့တဲ့ မင်းကဗျာအလှကိုမှ
တသသ လွမ်းခဲ့တဲ့ ရန်ကုန်
ကံမကုန်ရင် ပြန်ဆုံချင်သေးတဲ့ ရန်ကုန်ကိုမှ
မင်းက သွေးရဲ ဆဲရဲခဲ့တယ်နော်
ရန်ကုန်ဟာ ဘေးထွက်သူတွေအတွက်ဘဲ
အေးစက်ရင် အေးစက်မယ်
ဒါပေမယ့် ရန်ုကုန်သူသူရန်ကုန်သားတွေ ဟာ
သွေးပျက်တတ်သူလို့ မင်းထင်သလားအောင်ဝေး
သူတို့တွေက ထွက်မပြေးတက်ကြဘူး
ဒါပေမယ့် ရန်ကုန်ရဲ့ သွေးပွက်တဲ့နေ့တွေမှာ
မင်းတို့က ဘီယာခွက်ချင်းထပ်နေနိုင်သေး
ဒီမှာ ကိုအောင်ဝေး
အပြောင်းလဲဆိုတဲ့ စာမျက်နှာဟာ
တောင်းတတ်သူတစ်ချို့အတွက် ခွက်ဗလာ
လေသေနတ် နိုင်ငံရေးကို မကြိုက်တဲ့ရန်ကုန်
မီးပျက်ရက်တွေမှာ မီးခွက်ထွန်းပြီး
အပြောင်းလဲကို စောင့်ခဲ့ရတဲ့ရန်ကုန်
ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်ခဲ့တာ
နှလုံးလှသူတို့ရဲ့ကဗျာ
မင်းပြောတဲ့ အရူးတွေနေတဲ့ရန်ကုန်ဟာ
ဒေါင်းတွေကိုချစ်ပါတယ်
ငါပြောတဲ့ ဒေါင်းဆိုတာ ဒေါင်းစစ်စစ်ကိုပြောတာ
ရန်ကုန်ဟာ အမေရိကန်လို မီးမမှန်သေးဘူး အောင်ဝေး
ရန်ကုန်ဟာ အမေရိကန်လို အင်တာနက် နပ်မမှန်သေးဘူး အောင်ဝေး
ရန်ကုန်မှာ လမ်းဘေးဈေးသည်တွေ စည်ပင်ရဲကို ကြောက်ရဆဲဘဲ အောင်ဝေး
မိုးရွာရင်ရေတက် ကားတွေလဲကျပ်ဆဲဘဲအောင်ဝေး
ဒီလိုဒီလို အသက်ရှုကျပ်တဲ့ ရန်ကုန်ကို
ငါတို့တွေကချစ်ဆဲ
အော်
ဒါပေမယ့် ကိုအောင်ဝေး ခင်ဗျာကတော့
ခွက်ပုန်းခုတ် ရမ်တစ်ခွက်နဲ့
ရန်ကုန်ကို ဆဲရက်လိုက်တာဗျာ။
ရန်ကုန်က ခင်ဗျားကို မဆဲဘူး
မိုးသီးဇွန်ကိုမဆဲဘူး
ခင်ဗျားတို့ ဟစ်ကြွေးခဲ့တဲ့ လွတ်လပ်တဲ့ ပြောဆိုခွင့်မှာ
ခင်ဗျားတို့ကို ဝေဖန်ပိုင်ခွင့်မရှိတာလား ကိုအောင်ဝေး
ဝေဖန်ရေးဆိုတာ တော်လှန်ရေးလိုဘဲ
ပေးဆပ်ရမှုတွေတော့ ရှိသပေါ့ဗျာ
ပေးဆပ်ရမှုတွေတော့ ရှိသပေါ့ဗျာ
လက်ဗလာတော်လှန်ရေးနဲ့
အာဏာရှင်ကိုဖီဆန်
အဲဒီလိုသွေးရဲပြန်တဲ့ ရန်ကုန်ဟာ
လက်ဝေခံ တော်လှန်ရေး အမည်ခံတွေထက်တော့
သာမှပေါ့
ကိုဝေ
No comments:
Post a Comment