စွမ်းဆောင်
နိုင်ရမည်။ မိမိအဖြစ်အပျက်ကို ငိုပြ၍ တိုင်းသူပြည်သားများအား
ဝမ်းနည်းပက်လက် ယူကြုံးမရဖြစ်ကာ အင်အားချည့်နဲ့ သွားသည့် ပုံစံမျိုးကို
မဖြစ်စေသင့်ပေ။
ကိုယ့်လမ်းကိုယ် ရွေးကြသည်ဖြစ်ရာ ကိုယ်ရွေးသောလမ်းအတွက် ဖြတ်သန်းရသော
ခရီးကြမ်း၌ အခက်အခဲများ ရှိတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ အနည်းနှင့်အများ
အခက်အခဲဟူသည်မှာ ရှိကြသည်။ သို့သော် နိုင်ငံရေး သမားကောင်းတို့သည်
ထိုအခက်အခဲကို တိုင်းသူပြည်သားအား ငိုညည်းပြရိုး ထုံးစံမရှိချေ။
အကြောင်းမပြုသည့်သဘော၊ မမှုသည့်သဘော၊ မသိလိုက် မသိဘာသာအဖြစ်နှင့်
တိုင်းသူပြည်သားများအား ရှေ့တွန်းပို့ရန်သာ ဖြစ်သည်။
တိုင်းသူပြည်သားများသည် မသိသည်များရှိသည် – ယင်းအချက်ကို သိရန် လုပ်ပေးအပ်သည်။
တိုင်းသူပြည်သားများသည် မတတ်သည်များရှိသည် – ယင်းအချက်ကို တတ်အောင် လုပ်ပေးရမည်။
တိုင်းသူပြည်သားများသည်
သူတို့ကိုယ်သူတို့ ဘဝရှင်သန် တိုးတက် ကောင်းမွန်အောင် လမ်းညွှန်နိုင်သော
ခေါင်းဆောင်မှသာလျှင် နိုင်ငံရေးသမားကောင်း ဖြစ်နိုင်သည်။
ထို့ကြောင့် လက်တွေ့ကွင်းဆင်းရန်လိုသည်။ ယခုကြားသိနေရသည်မှာ ပြည်သူလူထုအား လက်တွေ့ကွင်းဆင်း၍ သူတို့ကိုယ်သူတို့ တိုးတက်အောင်
လုပ်နိုင်သောစွမ်းရည် ဖြန့်ဖြူးပေးခြင်းထက် အပေါ်ယံမှာသာ စိတ်ကူးယဉ်၍
ကိုယ့်ရေပန်းစားမှု အပေါ်မူတည်ကာ၊ အိမ်မက်များ အကောင်အထည် ဖော်ဖို့
အခွင့်အရေး ယူနေလျှင် – ၄င်းတို့သည် အာဇာနည်အဖြစ်မှ လည်းကောင်း၊ နိုင်ငံရေး
သမားကောင်း အဖြစ်မှ လည်းကောင်း၊ ခေါင်းဆောင်ကောင်း အဖြစ်မှ လည်းကောင်း
ကိုယ့်ကိုယ်ကို လျှော့ချသကဲ့သို့ ဖြစ်မည်။
ထို့ကြောင့် တိုင်းပြည်ကို ချစ်ပါသည်ဆိုသော၊ ပြည်သူလူထုကို
ချစ်ပါသည်ဆိုသော ပုဂ္ဂိုလ်များသည်၊ တကယ်အမှန် ပြည်သူတို့ တိုးတက်အောင်
လက်တွေ့ လက်တွဲ၍ ခေါ်ဆောင်သင့်သည်။ ထိုအခန်းကဏ္ဍများ မြန်မာနိုင်ငံ
တပြည်လုံးကို ပြန့်နှံ့လျှင် မည်မျှကောင်းမည်နည်း … ယခုအခါ ၄င်းကဲ့သို့သော
လက်တွေ့လက်တွဲမှုများ ပြန့်နှံ့နေခြင်းထက် ပေါ်ယံမှာသာ
တိုက်ခိုက်နေခြင်း၊ နေရာရမှုအတွက် အခွင့်အရေး တောင်းဆိုနေခြင်းများကိုသာ
ပြုလုပ်နေလျှင် တိုင်းသူပြည်သားများမှာ မည်သို့လျှင်
နှစ်သိမ့်နိုင်ပါတော့မည်နည်း …
ယခုအခါ တိုင်းသူပြည်သားများ၏ အကျိုးကို ထက်ထက်သန်သန် လက်တွေ့သယ်ပိုး၍
လက်တွေ့ဆုချသော လမ်းစဉ်များသာလျှင် အကျိုးဖြစ်ထွန်း နိုင်ပေလိမ့်မည်။
ထို့ကြောင့် -
တိုင်းသူပြည်သားများကို လှည့်ကြည့်၍ ဆုချပါဦး …
ပညာများဖြင့်လည်း ဆုချပါဦး …
အတတ်ပညာ အမျိုးမျိုးဖြင့်လည်း ဆုချပါဦး …
လိုအပ်သည်များကို ဖြည့်နိုင်သမျှ ဖြည့်၍လည်း ဆုချပါဦး …
သို့မှသာလျှင် တိုင်းသူပြည်သားများသည် တဖြည်းဖြည်းနှင့် မိမိတို့ဘဝ
တိုးတက်ရာကို ရှေးရှု၍ စွမ်းဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်း သတင်းကောင်း
ပေးအပ်ပါသည်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

No comments:
Post a Comment