
--------------------------
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ရဲ့ ဒီပြည်ထောင်စုအဆင့်အငြင်းပ
ုရုံးကို
စွပ်စွဲပြစ်တင်ဖို့ကိစ္စကို မဲခွဲဆုံးဖြတ်တော့ NLD အမတ်တစ်ဦးက
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ထပြီးတော့ တင်ပြပါတယ်..ဒီကိစ္စဟာ အရမ်းအရေးကြီးတဲ့
ကိစ္စဖြစ်တဲ့အတွက် ကြားနေတဲ့သူတွေလဲ နေလို့ရအောင်..ထိုင်ထစနစ် နဲ့ မဲခွဲ
ဆုံးဖြတ်မှု မပြုလုပ်ဘဲ လျှို့ဝှက်ဆန္ဒမဲ ပေးတဲ့ စနစ်နဲ့
ပြုလုပ်ပေးဖို့တောင်းဆိုခဲ့ တာသိရပါတယ်..ဒါပေမယ့် ဥက္ကဋ္ဌကြီးက ပယ်ခဲ့ပါတယ်..ဒီမှာတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရဲ့ ဒီပြသနာအပေါ် ရပ်တည်ချက်က ရှင်းနေခဲ့ပါတယ်..သူတို့ မထောက်ခံ
နိုင်ဘူးပေါ့..ဒါကလဲ ဒေါ်စုကြည်တို့က သိတယ်..ဒီပြသနာက ရိုးရိုးပြသနာ
မဟုတ်ဘူး..နက်ရှိုင်းတယ် ဆိုတာ..တစ်ခါပြည်သူ့လွှတ်တော်မှာ မဲခွဲ
ဆုံးဖြတ်တော့ ကြားနေမဲတွေတွေ့ရတယ်..ဒါအပြ င် တပ်မတော်သားကိုယ်စားလှယ်အရေ အတွက်ထက်
ပိုတဲ့ ကန့်ကွက်မဲတွေကို လည်းတွေ့ရတယ်..ဒါတွေကို ကြည့်ချင်းအားဖြင့်
ခုံရုံးကိစ္စမှာ လွှတ်တော်အတွင်း ကန့်ကွက်သူတွေ၊ ကြားနေချင်သူတွေရှိတယ်ဆိုတာ ထင်ရှားပါတယ်..အခု ခုံရုံးကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဖို့ လုပ်နေတယ်..ခုံရုံးကတော့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ ကန့်ကွက်တယ်..ပြီးတော့ လွှတ်တော်ဘက်မှာက အမှန်အမှားကို ခွဲခြားသိနိုင်စွမ်းရှိပေမယ့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအရ နောက်ဆုတ်ဖို့က တွေဝေနေကြပါတယ်..ခုံရုံးကမလာလဲ မျက်ကွယ်စစ်မယ်..ပြီးရင် ဒီစစ်ဆေးချက်ကို ပြည်သူ့လွှတ်တော်မှာ ပြန်မဲခွဲမယ်ပေါ့လေ..ဒေါ်စြု ကည်ကတော့ ဒီကိစ္စကို မထောက်ခံချင်ဘူး..သူ့အဖွဲ့ေ တွကိုလည်း မထောက်ခံစေချင်ဘူး..ဒီတော့သူမ ဘာလုပ်လဲ..ရှင်းပါတယ်..ခွင့် ယူပြီးပြန်တယ်..ဒါက လွှတ်တော်ကိုယ်စားလှယ်တစ်ယော က်အနေနဲ့ ခွင့်က ယူလို့ရပါတယ်..အဲဒီမှာ ဒေါ်စုကြည်က ဘာကြောင့် မထောက်ခံချင်ရတာလဲ..ကြားနေချင်ရတာလဲ..မေးခွန်းပေါ်လာပါတ ယ်..ကျွန်တော်သုံးသပ်မိရသလောက်ကတော့ အခုအချိန်မှာ ဒေါ်စုကြည်က ပြည်သူ့ထောက်ခံမှုကို အမြင့်ဆုံးရနေတဲ့ အချိန်ဖြစ်ပါတယ်..သူကကောင်း ကောင်းသိပါတယ်..ဒီပြည်ထောင် စုအဆင့် အငြင်းပွားမှုသည် ပြည်သူတွေ၏ဆန္ဒ၊ ပြည်သူ့အသံ၊ ပြည်သူတွေရဲ့ သဘောထားမဟုတ်ဘူးဆိုတာကိုပါ။ ပြီးတော့ နိုင်ငံတော်သမ္မတရဲ့သဘောထား. .သမ္မတသဘောထားကလည်း သ၀ဏ်လွှာမှာ ပါပြီးသား စွပ်စွဲပြစ်တင်ခြင်းမလုပ်ဘဲ ..အခြေခံဥပဒေပြင်ဆင်တဲ့နည်း လမ်းကို သုံးဖို့ဆိုတာပါ..ပြည်သူ့လွှ တ်တော်မှာ ဒေါ်စုကြည်ကလည်း အားလုံးစေ့စပ်ညှိနှိုင်းကြပါ လို့ဆိုပါတယ်..ဒါကလဲ သမ္မတလမ်းကြောင်းအတိုင်း လိုက်ကြပါလို့ မပြောရုံတမယ်ပါဘဲ..အဲဒီတော့ လက်ရှိမှာ ပြည်သူတွေရဲ့ ထောက်ခံမှု အမြင့်ဆုံးရရှိနေတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ ထောက်ခံမှု အမြင့်ဆုံးရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သဘောထားတွေကို ဆန့်ကျင်လျှက် ကျန်ရှိနေသော..တနည်းအားဖြင့်  ခုံရုံးကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလျှက်ရှိသော ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ပြုလုပ်ဆောင်ရွက်လျှက်ရှိသော
လမ်းကြောင်းသည် မည်သည့်လမ်းကြောင်းကို ဦးတည်နေသည်၊ ပြည်သူတွေရဲ့
ဆန္ဒသဘောထားများနဲ့ ကိုက်ညီနေသလားဆိုတာကတော့ စာဖတ်သူ လုပ်သားပြည်သူများသာ
စဉ်းစားတွေးတောကြည့်ကြပါ... .
ဆုံးဖြတ်တော့ ကြားနေမဲတွေတွေ့ရတယ်..ဒါအပြ
No comments:
Post a Comment