
သမ္မတအားထောက်ခံပြီး ကုလသမဂ္ဂ
အထူးကိုယ်စားလှယ်ကင်တားန
မဟာအောင်မြေမြို့နယ်တွင်ယနေ့နံန
နာရီကြာပြုလုပ်ခဲ့သည်။
မန္တလေးမြို့ လူစည်ကားရာလမ်းမတစ်ခုဖြစ်သော ၈၄လမ်းနှင့် ၃၅လမ်းထောင့်မှစတင်ကာ အရှေ့ဘက် ၃၅ လမ်းတစ်လျှောက် ဆန္ဒထုတ်ဖေါ်ခဲ့သည်။
၃၅လမ်း ၈၁လမ်းထောင့်မှ တောင်ဘက်(၄၁)လမ်းထိ လမ်းလျှောက်ဆန္ဒုပြခဲ့ကြသည်။ တရားဝင်
ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီးဆန္ဒပြ လူဦးရေ(၁၀၀)သာခွင့်ပြုသော်လည်း ထောင်ဂဏန်းကျော်ခန့်ရှိသော သံဃာတော်များနှင့် မြို့ ခံများကလိုက်ပါအားပေးကြပြီး မြို့ ခံများကလည်း ဆန္ဒထုတ်ဖော်သူများကဲ့သို့ 
ကင်တား နားကို ကန့်ကွက်သည့်ပုံပါတီရှပ်များ ၀တ်ဆင်အားပေးလိုက်ပါခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များလည်း ဆန္ဒထုတ်ဖေါ်ရာတွင်ပါဝင်ခဲ့ကြပြီး ပြည်သူ့ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းများက လုံခြုံရေးတာဝန်ယူပေးခဲ့ကြသည်။
မန္တလေးမြို့ မစိုးရိမ်ကျောက်တိုက်ဆရာတော်ဦး ၀ီရသူက ကားဖြင့်လိုက်လံထိန်းသိမ်းပေးခဲ ပြီးမွန်းလွဲ(၁)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် ဆန္ဒထုတ်ဖေါ်ပွဲကို ၁၂လမ်း လမ်း ၈၀ထောင့်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖော်ပြပေးပါမယ်
7 day news
No comments:
Post a Comment