Sunday, September 16, 2012

လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား


ယနေ့ နေ့လည် ၃နာရီခွဲ ၀န်းကျင်က
ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် (၅)ရပ်ကွက်၊
ပန်းလှိုင်အိမ်ရာအနီးတွင်လူတစ်ဦးတိုက်ပေါ်မှ
 ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။


အဆိုပါသေဆုံးမူ ယနေ့ 3:30 Pm ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။။
 ပြုတ်ကျသေဆုံးသူမှာရေပိုက်ပြင်ရာမှ ရေညှိများနှင့် ချော်ကျသေဆုံးခြင်းဖြစ်
သည်ဟုသိရတယ်။

သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဖုန်းပြောသူ အမျိုးသမီး 
အပြင် နောက်ထပ် တိုက်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်သည်။
ဆက် လက်ဖေါ်ပြပါမည်

သတင်းနှင့်ဓာတ်ပုံ-Khant Kyaw Htay



၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ် လှေကားပြုတ်ပြီး လူသေဆုံးမှု (သတင်းအပြည့်အစုံ)

၈ ရက်အတွင်း ဒုတိယအကြိမ်မြောက်
 အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု
ကမာရွတ်မြို့နယ်အတွင်းရှိ အထပ်မြင့်
အဆောက်အဦတစ်ခုတွင် စက်တင်
ဘာလ ၁၆ရက် နေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန်


ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ဖြစ်စဉ်မှာ အမှတ်(၁)အထပ် သားစက်ရုံ၊ ဓားသွေးဝန်ထမ်းဖြစ်သူ ဦးသန်းဝင်း

(၃၅နှစ်) ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူသည် ကမာရွတ်မြို့နယ် ၅ရပ်ကွက်
အမှတ်၂၂၃၊အခန်း ၅၀၂၊ ၆လွှာ၊ စပယ်မာဃလမ်းရှိ ပိုင်ရှင်ဦးခင်မောင်ညွန့် ပိုင်ဆိုင်သည့် နေအိမ်ခန်းနောက်ဘေးတွင် ရေပိုက်ပြုပြင်နေစဉ် အရေးပေါ်လှေကား ပြုတ်ထွက်ရာယင်း ခြောက်လွှာအမြင့်ပေါ်မှ
 ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြုတ်နေသော အရေးပေါ်လှေကားအား

စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းက တွေ့ရစဉ်

အခင်းဖြစ်ပွားရာ အထပ်မြင့်တိုက်တွင် နေထိုင်သူတစ်ဦးကလည်း ''အိမ်ရှင်တွေက ပြောင်းလာတာနှစ်လလောက်ပဲ ရှိသေးတယ်။

 ပြောင်းလာပြီးကတည်းက အိမ်ကိုပြင်ဆင်မှုတွေ ပြုလုပ်နေတာကိုတော့
 တွေ့ရတယ်။
အခုလို ရေပိုက်ပြုပြင်ရင်း ပြုတ် ကျသေဆုံးတာဆိုတော့ နောင်ရေပိုက်တွေပြင်
ချင်ရင် လုပ်ပေးမယ့်သူမရှိမှာတောင် စိုးရိမ်မိပါတယ်''ဟု ပြောပြခဲ့ပါသည်။

အဆိုပါ ပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ

ဒုရဲအုပ်မျိုးသန့်က'' အခုလိုအထပ်မြင့်တွေမှာ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်အသက်
အန္တရာယ်ကို ထိန်းသိမ်းကာကွယ်ပေးနိုင်တဲ့ အကူကရိယာတွေ အသုံးပြုပြီး
လုပ်ဆောင် ဖို့ လိုအပ်ပါတယ်။
 ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူအသုံးပြုပြီး လုပ်ဆောင်ဖို့လည်းလို အပ်ပါတယ်
''ဟု ပြောပြခဲ့ပါသည်။



ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံသည် ၁၉၉၀ ခုနှစ်က ပန်းတိုင်ဆောက်လုပ်ရေးမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယခုကဲသို့ အရေးပေါ်လှေကားများ၏ အရည်အသွေးလျော့နည်းမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်နေမှုနှင့်ပတ်သတ်၍တာမွေမြို့နယ် မေတ္တာညွန့်

ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ''ကျွန်တော်တို့ရပ်ကွက်မှာလည်း
 လွန်ခဲ့တဲ့နှစ်တွေက အခုလို အရေးပေါ်လှေကားပြုတ်လို့ လူသေဆုံးခဲ့
တဲ့ဖြစ်စဉ် ရှိပါတယ်။

အခု ကျွန်တော်တို့ရပ်ကွက်ထဲမှာ သုံးဖို့ စိတ်မချရတဲ့ အရေးပေါ်လှေကားတွေ

အများကြီး ရှိပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာလည်း အများကြီးရှိပါတယ်။


                                    လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြုတ်နေသော အရေးပေါ်လှေ
                                    ကားအား စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းက တွေ့ရစဉ်
 ဆောက် လုပ်တဲ့သူတွေကလည်း အရေးပေါ်လှေကားတွေကို အဖြစ်ပဲ တပ်ဆင်ပေးခဲ့
သလို ဒီအဆောက်အဦတွေကို စစ်ဆေးတဲ့ သက်ဆိုင်ရာအဏာပိုင်အဖွဲ့က စစ်ဆေး
သူတွေရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရား စတာတွေဟာ စဉ်းစားစရာ ဖြစ်နေ
 ပါတယ်''ဟု ပြောပြခဲ့ပါသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း

အမှတ်စဉ် ၁၂/၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် သေဆုံးသူအား
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၉ရက်နေ့ နေ့လည်ပိုင်းကလည်း အလုံမြို့နယ် စောရန်ပိုင်

(မြောက်)ရပ်ကွက်၊ ငုဝါလမ်း၊တိုက်အမှတ် ၂၀၀၊၆လွှာ/ဗ မှ အသက် ၂၃နှစ်အရွယ်
 မသက်ထက်စံသည် အိမ်နောက်ဖက် အရေးပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းအရေး ပေါ်လှေကားနှင့်အတူ ပြုတ်ကျသေဆုံးခဲ့သည်။

Eleven Media Group
 

No comments: