Saturday, September 15, 2012

မောင်တောတွင် ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရသော လင်မယားနှစ်ဦးအား ဘူးသီတောင်ဆေးရုံသို့ ပြောင်းရွှေ့


Written by မိုးဇော်    Saturday, 15 September 2012 22:38    PDF Print E-mail
485855 413986368661844 1746776148 nစက်တင်ဘာ (၁၄) ရက်နေ့က မောင်တောမြို့နယ် ကံသာယာ ရွာအနီးတွင် ဘင်္ဂလီများ၏ ကြမ်းဖက်ခြင်းခံရသော ဦးအောင်လှဖြူ၏ ဦးခေါင်းတွင် သေနတ်ကျည် ရှိနိုင်သည့်အတွက် ခွဲစိတ်ကုသရန်လိုအပ်နေရာ မောင်တောဆေးရုံတွင် ခွဲစိတ်ဆရာဝန်မရှိသောကြောင့် ယနေ့ နေ့လည်က ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ဦးအောင်လှဖြူနှင့်၊ ဒေါ်မအောင်စိန်တို့ လင်မယားအားမှာ မောင်တောမြို့နယ် (၄) မိုင်ရှိ ကံသာယာကျေးရွာအနီးတွင် လယ်ယာလုပ်ငန်းတွင်ကင်းစောင့်နေရာ ဘင်္ဂလီ (၂၀)ခန့်က သေနတ်၊ တုတ်၊ ဓါးများဖြင့် ၀င်ရောက် အကြမ်းဖက်ခြင်းရသဖြင့် မောင်တောဆေးရုံတွင် အရေးပေါ်ကုသခံယူနေပြီးမှ ဆေးရုံတွင် ခွဲစိတ်ဆရာဝန် မရှိ၍ ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
" ပြဿနာက ညနေ (၇) နာရီကနေစတာပါ။ ရန်ငြိုးလည်းမရှိဘဲနဲ့ လာပြီးတော့ ပြဿနာရှာကြတယ်။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘဲ အရပ်သားအဝတ်နဲ့ ခန့်မှန်းခြေ (၂၀) ယောက်ရှိမယ်ထင်ပါတယ်။ ကျနော့်ကို သေနတ်နဲ့ တစ်ချက်ပစ်တာ။ တစ်ချက်နဲ့ ခေါင်းကို ထိသွားပါတယ်။ သူတို့ဝင်လာချိန်မှာ မိန်းမကို ဓါတ်မီးမထိုးပါနဲ့ မီးငြိမ်းထားလိုက်လို့ပြောလိုက်ပါတယ်။ ကျနော်တို့လည်း လယ်ကွင်းထဲသို့ ဆင်းဖို့လုပ်နေကြတာပါ။ သူတို့က သတ်ဖို့လာကြတာဆိုတော့ ကျွန်တော်လည်း မထူးတော့ပါဘူး ဆိုပြီးတော့ ဒုတ်ကိုကိုင်ပြီး ထိုင်နေလိုက်ပါတယ်။ ထိုင်နေတုန်းမှာ လူတွေက တစ်ခဲနက် အများကြီးအုံလာပါတယ်။ ကျနော်မိန်းမကိုလည်း ဘင်္ဂလီများက ဆံပင်ဆွဲပြီး ရိုက်နှက်ခဲ့ပါတယ်။ " ဟု အသတ်ခံရသူ ဦးအောင်လှဖြူက ပြောသည်။
အသေးစိတ်ကို အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါတယ်။
SAM 0006
SAM 0007

No comments: