ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 7 Sep, 2012
by Myit Makha Mediagroup on 7 Sep, 2012
ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော်မြို့နယ်တွင် ဂတ်စ်ဆိုင်တွင်း ဂတ်စ်ယိုစိမ့်ရာမှ ၁နာရီကြာ
မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ
လမ်းမတော်မြို့နယ် လမ်းမတော် (၁)လမ်းမှ ချို ဂတ်စ်ဆိုင်တွင်းရှိ ဂတ်စ်အိုး
ဂတ်စ်ယိုစိမ့်နေရာမှ မီးရထားဝန်ထမ်းအိမ်ရာမီးဖိုမီးသို့ ကူးစက်ခဲ့ပြီး
မီးစတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
''ဂတ်စ်ဆိုင်ပိုင်ရှင်ကတော့
မျက်နှာနဲ့ လက်မှာထိခိုက်သွားတာနည်းနည်းရှိတယ်။ မီးသတ်သမား ၇ယောက်၊
၈ယောက်လောက်က ဂတ်စ်အငွေ့ကြောင့်မူးလဲသွားခဲ့တယ်''ဟု မီးလောင်နေသည်ကို
လာရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။
ယနေ့
နေ့လည် ၁ နာရီ ၄ဝ မိနစ်ခန့်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ
၁၅ မိနစ်မှမီးထိန်းနိုင်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်
မီးငြိမ်းသက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဂတ်စ်ဆိုင်တွင်
ဂတ်စ်အိုးအသေး ၇၅ လုံးနှင့် ဂတ်စ်အိုး အကြီး ၆ဝ လုံး မီးလောင်
ဆုံးရှုံးခဲ့ပြီး ဂတ်စ်ဆိုင်အပါအဝင် ဂတ်စ်ဆိုင်ဘေးရှိ မီးရထား
ဝန်ထမ်းအိမ်ရာပါ မီးလောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါဖြစ်ပွားမူတွင်
ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ် ၄၃၂၃ဝဝဝ (လေးဆယ့်သုံးသိန်း)
ခန့်ပျက်စီးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မီးငြိမ်းသတ်ရန်
စမ်းချောင်း၊ တာမွေ၊ သာကေတ၊ ကျောက်တံတား၊ လှိုင်အစရှိသည့် မြို့နယ်များမှ
မီးသတ်ယာဉ် ၁၉ စီး၊ ရေသယ်ယာဉ် ၁ဝ စီး၊ အခြားအထောက်အကူပြု ယာဉ် ၇ စီးနှင့်
အုပ်ချုပ်မှုယာဉ် ၅ စီးရောက်ရှိကာ မီးသတ်အင်အား ၃၅ဝ ခန့်ဖြင့် တစ်နာရီကြာ
ငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါမီးလောက်ဖြစ်အား
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေအပါအဝင် တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်ကြီးများလည်းရောက်ရာကြည့်ရှုခဲ့ကြောင်း သိရသည်။





















No comments:
Post a Comment