Saturday, September 8, 2012
မိုးသီးဇွန် အောင်ဝေးနှင့် ပျောက်ဆုံးသွားသော အလှကမ္ဘာ
မျိုး လဲ။
ဒီလို နဲ့ ကျနော့်သူငယ်ချင်းတယောက် သူ့ နာမည်က ဇင်ဂါဦး (ခ) စည်သူ
ခုမန္တလေးမှာနေတယ်။ သူကကျနော့်ကိုပြောတယ် ငါတို့ ကျောင်းသွားမတက်ဘဲ ရန်ကုန်
တက္ကသိုလ် ကိုသွားကြည့် ရအောင် တဲ့ ဒီလိုနဲ့ အဲဒီတုန်းက ကျနော် မမှားဘူး ဆိုရင် ၂၉ ဘက်စ်ကားကြီးစီးပြီး လှည်းတန်း လမ်းဆုံကိုရောက် ခဲ့ကြတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ၀င်းထဲကို ကျနော်တို့ဝင်လိုက်ပြီဆိုတာ နဲ့ အကိုကြီး အမကြီး တက္ကသိုလ်ကျောင်း သူတွေဟာ အခြေ ခံ ကျောင်းသားလေးတွေတောင်လာပြီ ဟေ့လို့
အော်လိုက်တာနဲ့ ဘေးက တက္က သိုလ်ကျောင်းသား ကျောင်းသူတွေက လက်ခုပ်တီးပြီး
ကြိုဆိုကြတယ်။ ဘေးကိုကြည့်လိုက်တော့ ကျနော် အပါအ၀င် အဖြူအစိမ်းတွေ
မနည်းပါလား။ အဲဒါက ရန်ကုန် တက္ကသိုလ်ရဲ့ အာစီဟောဟ် ရှေ့မှာ။
တက္ကသိုလ်ကျောင်းသားကြီးတွေက တယောက်ပီးတယောက် တလှည့်စီ ပြောနေကြတယ်။ သူတို့ပြောတဲ့ထဲမှာ ကျနော်မှတ်မိတာကတော့ ကျောင်းသားသမဂ္ဂဖွဲ့ပေးပါတဲ့ ။ နောက်တော့ ကျနော် တို့ကို တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဆိုတဲ့ အကိုကြီး ၂ ယောက်လာတွေ့တယ်။
အဲဒါကို ကျနော်ဘယ်တော့မှမ မေ့ဘူး။ ပထမတယောက်က မိတ်ဆက်တယ် အကို့နာ မည် မောင်မောင်ကျော် ပါ သချာင်္ တတိယနှစ်ကပါတဲ့။ နောက်တယောက်က ထပ်မိတ်ဆက်တယ် အကို မိုးသီးဇွန် ပါတဲ့။ ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ် ခဲ့တယ်။ မြန်မာနိုင်ငံသားတိုင်း လမ်းမပေါ် ကိုရောက်နေကြပြီ။ ကျနော်တို့မှာ အကသ ဆိုတာမရှိသေးဘူး။ ဗကသများ အဖွဲချုပ်က လသာ၂ မှာ ယာယီဌာနချုပ်လုပ်တော့ ကျနော်နဲ့ အလုံက သက်နိုင်ဝင်းနဲ့ လသ၂ ရဲ့ ဗကသ ယာယီရုံးကို သွားခဲ့တယ်။
ကျနော်က ကိုမိုးသီးနဲ့တွေ့ခွင့်တောင်းပြီး
အထကသ ကို သမဂ္ဂဖွဲ့ဖို့ ပြောခဲ့တယ်။ ကိုမိုးသီး တောင် မှတ်မိချင်မှ မှတ်မိ
လိမ့်မယ်။ အဲဒီနောက်တော့ ကျနော်တို့ အထကသ (အထက်တန်းကျောင်း သားများ သမဂ္ဂကို ယာယီဖွဲ့နိုင်ခဲ့တယ်)။ ခု လက်ရှိ နိုင်ငံခြားသတင်းဌာနတခုမှာ လုပ်နေတဲ့ ပြည်တွင်း ကသတင်းထောက် တယောက် နဲ့
အကသ ရဲကျော်စွာ လဲပါ တယ်။ ကျနော်တို့ကို ကဒ်ပြားတွေ ထုတ်ပေးခဲ့ တယ်။ ရှေ့မှာ
နာမည်နဲ့ နောက်မှာတော့ ခွပ်ဒေါင်းအလံနဲ့။ ရှေ့က ကဒ် ပြားရှေ့မှာတော့
အထွေထွေအတွင်းရေးမှုး Mသီးဇွန်။ ဒါဟာ မိုးသီးဇွန်ရဲ့ သမိုင်းအစပဲ။ ဘယ်သူမှ
ငြင်းလို့မရဘူး။
အပိုဒ် (၂) ကို ဆက်ရေးပါဦးမယ်။
လေးစားစွာဖြင့်
ထက်ရာဇာ
ရန်ကုန်တက္ကသိုလ်ရဲ့ ၀င်းထဲကို ကျနော်တို့ဝင်လိုက်ပြီဆိုတာ
အဲဒါကို ကျနော်ဘယ်တော့မှမ မေ့ဘူး။ ပထမတယောက်က မိတ်ဆက်တယ် အကို့နာ မည် မောင်မောင်ကျော် ပါ သချာင်္ တတိယနှစ်ကပါတဲ့။ နောက်တယောက်က ထပ်မိတ်ဆက်တယ် အကို မိုးသီးဇွန် ပါတဲ့။ ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ် ခဲ့တယ်။ မြန်မာနိုင်ငံသားတိုင်း လမ်းမပေါ် ကိုရောက်နေကြပြီ။ ကျနော်တို့မှာ အကသ ဆိုတာမရှိသေးဘူး။ ဗကသများ အဖွဲချုပ်က လသာ၂ မှာ ယာယီဌာနချုပ်လုပ်တော့ ကျနော်နဲ့ အလုံက သက်နိုင်ဝင်းနဲ့ လသ၂ ရဲ့ ဗကသ ယာယီရုံးကို သွားခဲ့တယ်။
ကျနော်က ကိုမိုးသီးနဲ့တွေ့ခွင့်တောင
အပိုဒ် (၂) ကို ဆက်ရေးပါဦးမယ်။
လေးစားစွာဖြင့်
ထက်ရာဇာ
No comments:
Post a Comment